
အာဆင်နယ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းတွင်အေစီမီလန်နှင့်ခြေစမ်းပွဲကစားရန်စီစဉ်လိုက်ကြောင်းသိရပါတယ်။
မီခေးလ်အာတီတာရဲ့အာဆင်နယ်စတားအများစုတို့ဟာလာမယ့်နိုဝင်ဘာလအလယ်ပိုင်းမှစတင်ကာ ကာတာတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ကစားကြပါမယ်။
ဒါပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မပါဝင်ကြတဲ့အာဆင်နယ်စတားများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်နေအိမ်တွင်နားနားနေနေနေထိုင်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုခြေဖျားလှုပ်ကြည့်နေခွင့်ရရှိမှာမဟုတ်ပါဘူး။
အာဆင်နယ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပရီးမီးယားလိဂ်အနားပေးထားစဉ်အတွင်းတွင်အရှေ့အလယ်ပိုင်းနိုင်ငံ ဒူဘိုင်းသို့သွားရောက်ကာ ပူနွေးရာသီစခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ပါမယ်။
ယနေ့တွင် Daily Mail ရဲ့ဖော်ပြလာမှုအရပရီးမီးယားလိဂ်ထိပ်သီးဟာယင်းကာလအတွင်းတွင်အေစီမီလန်နှင့်ခြေစမ်းပွဲကစားရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
အာဆင်နယ်ဟာပရီးမီးယားလိဂ်ပြိုင်ပွဲပြန်လည်မစတင်မီ မီလန်အပြင်အခြားဥရောပထိပ်သီးကလပ်နှင့်လည်းခြေစမ်းပွဲကစားရန်စီစဉ်နေကြောင်းလည်းသိရပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်လိဂ်နားထားချိန်တွင်လည်းကစားသမားများရဲ့စိတ်ဓာတ်နှင့်ခြေစွမ်းပိုင်းအကောင်းဆုံးအနေထားတွင်ရှိနေရေးအတွက် ဒူဘိုင်းသို့သွားရောက်စခန်းသွင်းလေ့ကျင့်ရန်စီစဉ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင်လီဗာပူးအသင်းဟာလည်းအရှေ့အလယ်ပိုင်းသွားရောက်ကာ စခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ရန်စီစဉ်နေကြောင်းလည်းသိရပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ မီလန္ႏွင့္ေျခစမ္းပြဲကစားမယ့္ အာဆင္နယ္
အာဆင္နယ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္းတြင္ေအစီမီလန္ႏွင့္ေျခစမ္းပြဲကစားရန္စီစဥ္လိုက္ေၾကာင္းသိရပါတယ္။
မီေခးလ္အာတီတာရဲ႕အာဆင္နယ္စတားအမ်ားစုတို႔ဟာလာမယ့္ႏိုဝင္ဘာလအလယ္ပိုင္းမွစတင္ကာ ကာတာတြင္က်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္ကစားၾကပါမယ္။
ဒါေပမဲ့ကမာၻ႔ဖလားၿပိဳင္ပြဲတြင္မပါဝင္ၾကတဲ့အာဆင္နယ္စတားမ်ားမွာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ေနအိမ္တြင္နားနားေနေနေနထိုင္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုေျခဖ်ားလႈပ္ၾကည့္ေနခြင့္ရရွိမွာမဟုတ္ပါဘူး။
အာဆင္နယ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ပရီးမီးယားလိဂ္အနားေပးထားစဥ္အတြင္းတြင္အေရွ႕အလယ္ပိုင္းႏိုင္ငံ ဒူဘိုင္းသို႔သြားေရာက္ကာ ပူေႏြးရာသီစခန္းသြင္းေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ပါမယ္။
ယေန႔တြင္ Daily Mail ရဲ႕ေဖာ္ျပလာမႈအရပရီးမီးယားလိဂ္ထိပ္သီးဟာယင္းကာလအတြင္းတြင္ေအစီမီလန္ႏွင့္ေျခစမ္းပြဲကစားရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။
အာဆင္နယ္ဟာပရီးမီးယားလိဂ္ၿပိဳင္ပြဲျပန္လည္မစတင္မီ မီလန္အျပင္အျခားဥေရာပထိပ္သီးကလပ္ႏွင့္လည္းေျခစမ္းပြဲကစားရန္စီစဥ္ေနေၾကာင္းလည္းသိရပါတယ္။
အာဆင္နယ္နည္းျပအာတီတာဟာကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္လိဂ္နားထားခ်ိန္တြင္လည္းကစားသမားမ်ားရဲ႕စိတ္ဓာတ္ႏွင့္ေျခစြမ္းပိုင္းအေကာင္းဆုံးအေနထားတြင္ရွိေနေရးအတြက္ ဒူဘိုင္းသို႔သြားေရာက္စခန္းသြင္းေလ့က်င့္ရန္စီစဥ္ထားတာျဖစ္ပါတယ္။
ဒါ့အျပင္လီဗာပူးအသင္းဟာလည္းအေရွ႕အလယ္ပိုင္းသြားေရာက္ကာ စခန္းသြင္းေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းလည္းသိရပါတယ္။