
မန်စီးတီးဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကစားသမားများစေလွှတ်ရမှုအတွက်ဖီဖာထံမှငွေကြေးရရှိလာမဲ့ကလပ်များတွင်ငွေအများဆုံးအသင်းဖြစ်လာပါမယ်။
မန်စီးတီးဟာကျင်းပနေဆဲကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကစားသမား၁၆ဦးအထိစေလွှတ်ထားရပါတယ်။
ဖီဖာဟာClub Benefits Programmeကိုအခြေခံပြီးကမ္ဘာ့ဖလားပြိုင်ပွဲသို့ကစားသမားစေလွှတ်ရမှုအတွက်ကစားသမားတစ်ဦးချင်းစီအတွက်တစ်နေ့လျှင်ဒေါ်လာ၁၀၀၀၀(ပေါင်၈၁၀၀)ပေးနေပါတယ်။
ဒါကြောင့်လည်းကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကစားသမားစေလွှတ်ရတဲ့ကလပ်များမှာဗိုလ်လုပွဲသို့တက်ရောက်တဲ့အသင်းတွင်ကစားသမားပိုများလျှင်ပိုများပြီးရရှိလာပါမယ်။
မန်စီးတီးဟာကစားသမား၁၆ဦးစေလွှတ်ထားရပြီးယင်းမှဂျူလီယန်အယ်ဗာရက်ဇ်မှာဗိုလ်လုပွဲရောက်အာဂျင်တီးနားအသင်းတွင်ပါဝင်နေရာဖီဖာထံမှပေါင်၄.၅သန်း(ဒေါ်လာ၅.၅၈သန်း)အထိရရှိမှာဖြစ်ပြီးကလပ်များထဲတွင်အများဆုံးရရှိတဲ့အသင်းဖြစ်လာပါမယ်။
ဒုတိယအများဆုံးရရှိမဲ့အသင်းကဘာစီလိုနာဖြစ်ပြီးကစားသမား၁၇ဦးအထိစေလွှတ်ထားရတာဖြစ်ပါတယ်။ဘာစီလိုနာဟာဒေါ်လာ၄.၁သန်းသာရရှိပါမယ်။
ဘာစီလိုနာစေလွှတ်ရတဲ့ကစားသမား၁၇ဦးထဲမှ၈ဦးကစပိန်အသင်းမှဖြစ်ပါတယ်။ဒါပေမဲ့စပိန်အသင်းမှာ၁၆သင်းရှုံးထွက်အဆင့်မှပင်ထွက်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ကလပ်များတွင်ဒုတိယငွေအများဆုံးရရှိတဲ့အသင်းမှာကစားသမား၁၃ဦးစေလွှတ်ထားရတဲ့ယူနိုက်တက်ဖြစ်ပြီးပေါင်၂.၉၂သန်းရရှိလာပါမယ်။တတိယအများဆုံးရရှိတဲ့အသင်းကချဲလ်ဆီးဖြစ်ပြီးပေါင်၂.၄၇သန်းရရှိလာပါမယ်။
ပရီးမီးယားလိဂ်ကလပ်များတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ငွေအနည်းဆုံးရရှိလာမဲ့အသင်းများကတော့ဘုန်းမောက်၊ခရစ္စတယ်ပဲလေ့စ်နှင့်ဆောက်သမ်တန်တို့ဖြစ်ပါတယ်။၎င်းတို့ဟာကစားသမားနှစ်ဦးတည်းသာစေလွှတ်ခဲ့ရကာအုပ်စုအဆင့်မှထွက်ရမှုကြောင့်ပေါင်၂၉၁၀၀၀သာရရှိလာပါမယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကစားသမားေစလႊတ္ရမႈအတြက္ ေငြအမ်ားဆုံးရရွိတဲ့အသင္းျဖစ္လာမဲ့ မန္စီးတီး
မန္စီးတီးဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကစားသမားမ်ားေစလႊတ္ရမႈအတြက္ဖီဖာထံမွေငြေၾကးရရွိလာမဲ့ကလပ္မ်ားတြင္ေငြအမ်ားဆုံးအသင္းျဖစ္လာပါမယ္။
မန္စီးတီးဟာက်င္းပေနဆဲကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကစားသမား၁၆ဦးအထိေစလႊတ္ထားရပါတယ္။
ဖီဖာဟာClub Benefits Programmeကိုအေျခခံၿပီးကမာၻ႔ဖလားၿပိဳင္ပြဲသို႔ကစားသမားေစလႊတ္ရမႈအတြက္ကစားသမားတစ္ဦးခ်င္းစီအတြက္တစ္ေန႔လွ်င္ေဒၚလာ၁၀၀၀၀(ေပါင္၈၁၀၀)ေပးေနပါတယ္။
ဒါေၾကာင့္လည္းကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ကစားသမားေစလႊတ္ရတဲ့ကလပ္မ်ားမွာဗိုလ္လုပြဲသို႔တက္ေရာက္တဲ့အသင္းတြင္ကစားသမားပိုမ်ားလွ်င္ပိုမ်ားၿပီးရရွိလာပါမယ္။
မန္စီးတီးဟာကစားသမား၁၆ဦးေစလႊတ္ထားရၿပီးယင္းမွဂ်ဴလီယန္အယ္ဗာရက္ဇ္မွာဗိုလ္လုပြဲေရာက္အာဂ်င္တီးနားအသင္းတြင္ပါဝင္ေနရာဖီဖာထံမွေပါင္၄.၅သန္း(ေဒၚလာ၅.၅၈သန္း)အထိရရွိမွာျဖစ္ၿပီးကလပ္မ်ားထဲတြင္အမ်ားဆုံးရရွိတဲ့အသင္းျဖစ္လာပါမယ္။
ဒုတိယအမ်ားဆုံးရရွိမဲ့အသင္းကဘာစီလိုနာျဖစ္ၿပီးကစားသမား၁၇ဦးအထိေစလႊတ္ထားရတာျဖစ္ပါတယ္။ဘာစီလိုနာဟာေဒၚလာ၄.၁သန္းသာရရွိပါမယ္။
ဘာစီလိုနာေစလႊတ္ရတဲ့ကစားသမား၁၇ဦးထဲမွ၈ဦးကစပိန္အသင္းမွျဖစ္ပါတယ္။ဒါေပမဲ့စပိန္အသင္းမွာ၁၆သင္းရႈံးထြက္အဆင့္မွပင္ထြက္ခဲ့ရပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားတြင္ဒုတိယေငြအမ်ားဆုံးရရွိတဲ့အသင္းမွာကစားသမား၁၃ဦးေစလႊတ္ထားရတဲ့ယူႏိုက္တက္ျဖစ္ၿပီးေပါင္၂.၉၂သန္းရရွိလာပါမယ္။တတိယအမ်ားဆုံးရရွိတဲ့အသင္းကခ်ဲလ္ဆီးျဖစ္ၿပီးေပါင္၂.၄၇သန္းရရွိလာပါမယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားတြင္ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ေငြအနည္းဆုံးရရွိလာမဲ့အသင္းမ်ားကေတာ့ဘုန္းေမာက္၊ခရစၥတယ္ပဲေလ့စ္ႏွင့္ေဆာက္သမ္တန္တို႔ျဖစ္ပါတယ္။၎တို႔ဟာကစားသမားႏွစ္ဦးတည္းသာေစလႊတ္ခဲ့ရကာအုပ္စုအဆင့္မွထြက္ရမႈေၾကာင့္ေပါင္၂၉၁၀၀၀သာရရွိလာပါမယ္။