ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်အဝတ်အစားလဲခန်းအတွင်း လျို့ဝှက်ချက်ပေါက်ကြားမှုအတွက် တရားခံထွက်ပေါ်လာ

ပြင်သစ်နောက်ခံလူဘင်ဂျာမင်ပါဗတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းအသင်းရဲ့လျို့ဝှက်ချက်များအပြင်သို့ပေါက်ကြားစေခဲ့ပြီးအသင်းအတွင်းအထစ်အငေါ့များဖြစ်လာအောင်လုပ်ဆောင်ခဲ့သူအဖြစ်စွပ်စွဲခြင်းခံနေရပါတယ်။

အသက်၂၆နှစ်ရှိပါဗတ်ဟာဩစတြေးလျကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပြင်သစ်ရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ ကွန်ဒီနှင့်လူစားလဲခြင်းခံခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပွဲကစားခွင့်မရလာခဲ့ပါဘူး။

ဒီဒီယာဒက်ချမ့်ရဲ့ပြင်သစ်အသင်းဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပေမဲ့လည်းကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းတွင်အကောင်းဆုံးပွဲဖြစ်ခဲ့ပါတယ်။အာဂျင်တီးနားဟာပွဲချိန်နှင့်အချိန်ပိုတွင်၃ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင်၄-၂ဖြင့်အနိုင်ရရှိကာဗိုလ်စွဲသွားခဲ့ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရဒီဒီယာဒက်ချမ့်ဟာပါဗတ်ရဲ့အပြုအမှုများအတွက်အပြင်းအထန်သတိပေးမှုလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင်အစောပိုင်းသတင်းများအရပါဗတ်ရဲ့ဩစတြေးလျနှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ပြင်သစ်အသင်းအတွင်းနှစ်ခြမ်းကွဲမှုဖြစ်ခဲ့ကြောင်းလည်းသိရပါတယ်။

ဒမ်ဘီလီအပါအဝင်ကစားသမားအချို့တို့ကပါဗတ်ရဲ့ခြေစွမ်းကိုအပြစ်တင်မှုပြုလုပ်ခဲ့ပေမဲ့လိုရစ်၊ဂျရူးအပါအဝင်စီနီယာအချို့တို့ကသူ့ကိုကာကွယ်မှုပြုလုပ်ခဲ့ကြပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရပါဗတ်ဟာပြင်သစ်အသင်းရဲ့အဝတ်အစားလဲခန်းအတွင်းသတင်းများပေါက်ကြားမှုရဲ့လက်သည်တရားခံဖြစ်ကြောင်းသိရပါတယ်။

ပါဗတ်ဟာပြင်သစ်အသင်း၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်တုန်းကအဓိကနေရာမှပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပြင်သစ်တွင်သာမကဘိုင်ယန်မြူးနစ်တွင်လည်းအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရသူဖြစ်ပါတယ်။

Zawgyi

ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ျပင္သစ္အဝတ္အစားလဲခန္းအတြင္း လ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈအတြက္ တရားခံထြက္ေပၚလာ

ျပင္သစ္ေနာက္ခံလူဘင္ဂ်ာမင္ပါဗတ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းအသင္းရဲ႕လ်ိဳ႕ဝွက္ခ်က္မ်ားအျပင္သို႔ေပါက္ၾကားေစခဲ့ၿပီးအသင္းအတြင္းအထစ္အေငါ့မ်ားျဖစ္လာေအာင္လုပ္ေဆာင္ခဲ့သူအျဖစ္စြပ္စြဲျခင္းခံေနရပါတယ္။

အသက္၂၆ႏွစ္ရွိပါဗတ္ဟာဩစေၾတးလ်ကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ျပင္သစ္ရဲ႕ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ပြဲထြက္ကစားခြင့္ရခဲ့ေပမဲ့ ကြန္ဒီႏွင့္လူစားလဲျခင္းခံခဲ့ရၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပြဲကစားခြင့္မရလာခဲ့ပါဘူး။

ဒီဒီယာဒက္ခ်မ့္ရဲ႕ျပင္သစ္အသင္းဟာကမာၻ႔ဖလားဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ေပမဲ့လည္းကမာၻ႔ဖလားဗိုလ္လုပြဲသမိုင္းတြင္အေကာင္းဆုံးပြဲျဖစ္ခဲ့ပါတယ္။အာဂ်င္တီးနားဟာပြဲခ်ိန္ႏွင့္အခ်ိန္ပိုတြင္၃ဂိုးစီသေရက်ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္တြင္၄-၂ျဖင့္အႏိုင္ရရွိကာဗိုလ္စြဲသြားခဲ့ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒီဒီယာဒက္ခ်မ့္ဟာပါဗတ္ရဲ႕အျပဳအမႈမ်ားအတြက္အျပင္းအထန္သတိေပးမႈလည္းျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ဒါ့အျပင္အေစာပိုင္းသတင္းမ်ားအရပါဗတ္ရဲ႕ဩစေၾတးလ်ႏွင့္ပြဲစဥ္မွေျခစြမ္းေၾကာင့္ျပင္သစ္အသင္းအတြင္းႏွစ္ျခမ္းကြဲမႈျဖစ္ခဲ့ေၾကာင္းလည္းသိရပါတယ္။

ဒမ္ဘီလီအပါအဝင္ကစားသမားအခ်ိဳ႕တို႔ကပါဗတ္ရဲ႕ေျခစြမ္းကိုအျပစ္တင္မႈျပဳလုပ္ခဲ့ေပမဲ့လိုရစ္၊ဂ်႐ူးအပါအဝင္စီနီယာအခ်ိဳ႕တို႔ကသူ႔ကိုကာကြယ္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရပါဗတ္ဟာျပင္သစ္အသင္းရဲ႕အဝတ္အစားလဲခန္းအတြင္းသတင္းမ်ားေပါက္ၾကားမႈရဲ႕လက္သည္တရားခံျဖစ္ေၾကာင္းသိရပါတယ္။

ပါဗတ္ဟာျပင္သစ္အသင္း၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္တုန္းကအဓိကေနရာမွပါဝင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ျပင္သစ္တြင္သာမကဘိုင္ယန္ျမဴးနစ္တြင္လည္းအေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရသူျဖစ္ပါတယ္။