
ယူနိုက်တက်နှင့်ပြင်သစ်ဗဟိုနောက်ခံလူရာဖေးလ်ဗာရန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအထိအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။
ဗာရန်းဟာစနေနေ့တုန်းကချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့ပြီးနောက်ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်ရန်စိုးရိမ်ခဲ့ရပါတယ်။
ဒါပေမဲ့ ယခုအခါယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကဗာရန်းမှာကမ္ဘာ့ဖလားပြိုင်ပွဲအမီဒဏ်ရာမှပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့်ကမ္ဘာ့ဖလားပြိုင်ပွဲကစားရန်ကြံ့ခိုင်မှုပြည့်ဝ/မပြည့်ဝကိုတော့အတိအကျမပြောနိုင်သေးကြောင်းဆိုလာပါတယ်။
အဲရစ်တန်ဟက်က “ဗာရန်း လူစာရင်းမှာ(ရှရစ်နှင့်ပွဲလူစာရင်း)မပါဝင်ပါဘူး။ကမ္ဘာ့ဖလားပြိုင်ပွဲအထိနားရမယ်။သူတိုးတက်မှုကြည့်ရဦးမယ်။သူ့ပြန်လည်ထူထောင်ရေးဘယ်လိုတိုးတက်မှုရှိလဲကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။
အသက်၂၉နှစ်ရှိပြင်သစ်လက်ရွေးစင်နောက်ခံလူဟာချဲလ်ဆီးနှင့်ပွဲတွင်အူဘာမီယန်ကိုဖျက်ထုတ်ရန်ကြိုးပမ်းစဉ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။သူဟာပြင်သစ်အတွက်၈၇ပွဲကစားထားသူဖြစ်ပြီးပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။
ရှရစ်နှင့်ယူရိုပါလိဂ်ပွဲစဉ်တွင် ဗာရန်းမပါဝင်နိုင်ပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုမှာပါဝင်လာပါတယ်။ရော်နယ်ဒိုဟာစပါးစ်ကိုအနိုင်ရတဲ့ပွဲတွင်လူစားဝင်ရောက်ကစားရန်ငြင်းဆိုကာပွဲမပြီးမီကွင်းအတွင်းမှထွက်ခွာသွားပြီးနောက် ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲအထိ အနားယူရမယ့္ ယူႏိုက္တက္ေနာက္ခံလူရာေဖးလ္ဗာရန္း
ယူႏိုက္တက္ႏွင့္ျပင္သစ္ဗဟိုေနာက္ခံလူရာေဖးလ္ဗာရန္းဟာကမာၻ႔ဖလားၿပိဳင္ပြဲအထိအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ဗာရန္းဟာစေနေန႔တုန္းကခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္ရန္စိုးရိမ္ခဲ့ရပါတယ္။
ဒါေပမဲ့ ယခုအခါယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကဗာရန္းမွာကမာၻ႔ဖလားၿပိဳင္ပြဲအမီဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္းႏွင့္ကမာၻ႔ဖလားၿပိဳင္ပြဲကစားရန္ႀကံ့ခိုင္မႈျပည့္ဝ/မျပည့္ဝကိုေတာ့အတိအက်မေျပာႏိုင္ေသးေၾကာင္းဆိုလာပါတယ္။
အဲရစ္တန္ဟက္က “ဗာရန္း လူစာရင္းမွာ(ရွရစ္ႏွင့္ပြဲလူစာရင္း)မပါဝင္ပါဘူး။ကမာၻ႔ဖလားၿပိဳင္ပြဲအထိနားရမယ္။သူတိုးတက္မႈၾကည့္ရဦးမယ္။သူ႔ျပန္လည္ထူေထာင္ေရးဘယ္လိုတိုးတက္မႈရွိလဲၾကည့္ရမယ္”လို႔ေျပာၾကားသြားပါတယ္။
အသက္၂၉ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာခ်ဲလ္ဆီးႏွင့္ပြဲတြင္အူဘာမီယန္ကိုဖ်က္ထုတ္ရန္ႀကိဳးပမ္းစဥ္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။သူဟာျပင္သစ္အတြက္၈၇ပြဲကစားထားသူျဖစ္ၿပီးျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။
ရွရစ္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ ဗာရန္းမပါဝင္ႏိုင္ေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုမွာပါဝင္လာပါတယ္။ေရာ္နယ္ဒိုဟာစပါးစ္ကိုအႏိုင္ရတဲ့ပြဲတြင္လူစားဝင္ေရာက္ကစားရန္ျငင္းဆိုကာပြဲမၿပီးမီကြင္းအတြင္းမွထြက္ခြာသြားၿပီးေနာက္ ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။