ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ အနားယူရတော့ လီဗာပူးစတားဒိုင်ယက်ဇ်

လီဗာပူးတိုက်စစ်သမားလူးဝစ်ဒိုင်ယက်ဇ်ဟာအာဆင်နယ်ကိုအငြင်းပွားဖွယ်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ရရှိခဲ့တဲ့ဒဏ်ရာကြောင့်ယခုနှစ်အကုန်အထိအနားယူရတော့မှာဖြစ်ပါတယ်။

ကိုလံဘီယာတိုက်စစ်သမားဟာယခုရာသီတွင်ရုန်းကန်နေရတဲ့ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းမှ ခြေစွမ်းပြနိုင်တဲ့ကစားသမားအနည်းငယ်ထဲမှတစ်ဦးဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်၃ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။သူဟာတနင်္ဂနွေနေ့တုန်းကအာဆင်နယ်နှင့်ပွဲတွင်ဒါဝင်နူနက်ဇ်ချေပဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာပထမပိုင်းတွင်ပင်သောမတ်စ်ပါတေးရဲ့ဖျက်ထုတ်မှုကြောင့်ဒူးဒဏ်ရာရရှိပြီးဖာမီနိုနှင့်လူစားလဲလှယ်ခဲ့ရပါတယ်။

ပေါ်တိုစတားဟောင်းဟာဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီးခွဲစိတ်ကုသမှုပြုလုပ်ရန်မလိုအပ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိအနားယူရတော့မှာဖြစ်ပါတယ်။

ဒါကြောင့်လည်းသူဟာဗီလာနှင့်ဘောက်ဆင်ဒေးပွဲစဉ်အထိလီဗာပူးအတွက်ကစားနိုင်တော့မှာမဟုတ်ပါဘူး။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိ အနားယူရေတာ့ လီဗာပူးစတားဒိုင္ယက္ဇ္

လီဗာပူးတိုက္စစ္သမားလူးဝစ္ဒိုင္ယက္ဇ္ဟာအာဆင္နယ္ကိုအျငင္းပြားဖြယ္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ယခုႏွစ္အကုန္အထိအနားယူရေတာ့မွာျဖစ္ပါတယ္။

ကိုလံဘီယာတိုက္စစ္သမားဟာယခုရာသီတြင္႐ုန္းကန္ေနရတဲ့ဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးအသင္းမွ ေျခစြမ္းျပႏိုင္တဲ့ကစားသမားအနည္းငယ္ထဲမွတစ္ဦးျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္၃ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးထားပါတယ္။သူဟာတနဂၤေႏြေန႔တုန္းကအာဆင္နယ္ႏွင့္ပြဲတြင္ဒါဝင္ႏူနက္ဇ္ေခ်ပဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာပထမပိုင္းတြင္ပင္ေသာမတ္စ္ပါေတးရဲ႕ဖ်က္ထုတ္မႈေၾကာင့္ဒူးဒဏ္ရာရရွိၿပီးဖာမီႏိုႏွင့္လူစားလဲလွယ္ခဲ့ရပါတယ္။

ေပၚတိုစတားေဟာင္းဟာဒူးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးခြဲစိတ္ကုသမႈျပဳလုပ္ရန္မလိုအပ္ေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိအနားယူရေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူဟာဗီလာႏွင့္ေဘာက္ဆင္ေဒးပြဲစဥ္အထိလီဗာပူးအတြက္ကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။