ကမ္ဘာ့ဖလားပြိုင်ပွဲအမီ မာနေး ဒဏ်ရာမှကောင်းမွန်လာစေရန် နတ်ဆရာများအကူအညီရယူလာမယ့် ဆီနီဂေါ

ဆီနီဂေါဟာဆာဒေယိုမာနေးကိုကမ္ဘာ့ဖလားပြိုင်ပွဲအမီဒဏ်ရာမှပျောက်ကင်းလာစေရေးအတွက်နတ်ဆရာအကူအညီအပါအဝင်အစွမ်းကုန်လုပ်ဆောင်မှုပြုလုပ်သွားပါမယ်။

ဘိုင်ယန်မြူးနစ်စတားဟာယခုအပတ်အစောပိုင်းတုန်းကဝါဒါဘရီမင်ကို၆-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပွဲအစ၁၅မိနစ်မှာပင်ဒဏ်ရာရရှိကာလူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။

လက်ရှိအချိန်တွင်ဘိုင်ယန်မြူးနစ်ကမာနေးမှာစနေနေ့တွင်ကစားရမယ့် ရှော်လ်ကေးနှင့်ပွဲကိုလွဲချော်မည်ဆိုလို့သာဆိုထားပြီး ကမ္ဘာ့ဖလားလွဲ/မလွဲနှင့်ပတ်သက်ပြီးတစုံတရာပြောဆိုထားခြင်းမရှိပါဘူး။

ဆာဒေယိုမာနေးဟာကမ္ဘာ့ဖလားပြိုင်ပွဲအမီဒဏ်ရာမှပြန်လည်မကောင်းမွန်လာပါကလည်းယနေ့ညတွင်ကြေညာလာမယ့်ကင်မရွန်းရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်လာရန်သေချာနေပါတယ်။

ယခုအခါ ဖီဖာတွင်အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဖက်မာဆာမူရာက သူမရဲ့နိုင်ငံအနေဖြင့်ဆာဒေယိုမာနေးကို ကမ္ဘာ့ဖလားအမီကြံ့ခိုင်စေရေးအတွက်နတ်ဆရာအကူအညီရယူမှုအပါအဝင်အစွမ်းကုန်သုံးလာမယ်လို့ဆိုလာပါတယ်။

သူမက “ကျွန်မတို့ကတော့နတ်ဆရာတွေပါသုံးမယ်။အကျိုးရှိလာမလားတော့မသိဘူး။ဒါပေမဲ့ကျွန်မတို့ဘာမဆိုလုပ်သွားမှာ။တကယ့်ကိုအံ့မခန်းဖြစ်မှုမျှော်လင့်နေတယ်။သူလည်းအဲဒီမှာရှိနေမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲအမီ မာေနး ဒဏ္ရာမွေကာင္းမြန္လာေစရန္ နတ္ဆရာမ်ားအကူအညီရယူလာမယ့္ ဆီနီေဂါ

ဆီနီေဂါဟာဆာေဒယိုမာေနးကိုကမာၻ႔ဖလားၿပိဳင္ပြဲအမီဒဏ္ရာမွေပ်ာက္ကင္းလာေစေရးအတြက္နတ္ဆရာအကူအညီအပါအဝင္အစြမ္းကုန္လုပ္ေဆာင္မႈျပဳလုပ္သြားပါမယ္။

ဘိုင္ယန္ျမဴးနစ္စတားဟာယခုအပတ္အေစာပိုင္းတုန္းကဝါဒါဘရီမင္ကို၆-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပြဲအစ၁၅မိနစ္မွာပင္ဒဏ္ရာရရွိကာလူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္ဘိုင္ယန္ျမဴးနစ္ကမာေနးမွာစေနေန႔တြင္ကစားရမယ့္ ေရွာ္လ္ေကးႏွင့္ပြဲကိုလြဲေခ်ာ္မည္ဆိုလို႔သာဆိုထားၿပီး ကမာၻ႔ဖလားလြဲ/မလြဲႏွင့္ပတ္သက္ၿပီးတစုံတရာေျပာဆိုထားျခင္းမရွိပါဘူး။

ဆာေဒယိုမာေနးဟာကမာၻ႔ဖလားၿပိဳင္ပြဲအမီဒဏ္ရာမွျပန္လည္မေကာင္းမြန္လာပါကလည္းယေန႔ညတြင္ေၾကညာလာမယ့္ကင္မ႐ြန္းရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္လာရန္ေသခ်ာေနပါတယ္။

ယခုအခါ ဖီဖာတြင္အေထြေထြအတြင္းေရးမႉးအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ဖက္မာဆာမူရာက သူမရဲ႕ႏိုင္ငံအေနျဖင့္ဆာေဒယိုမာေနးကို ကမာၻ႔ဖလားအမီႀကံ့ခိုင္ေစေရးအတြက္နတ္ဆရာအကူအညီရယူမႈအပါအဝင္အစြမ္းကုန္သုံးလာမယ္လို႔ဆိုလာပါတယ္။

သူမက “ကြၽန္မတို႔ကေတာ့နတ္ဆရာေတြပါသုံးမယ္။အက်ိဳးရွိလာမလားေတာ့မသိဘူး။ဒါေပမဲ့ကြၽန္မတို႔ဘာမဆိုလုပ္သြားမွာ။တကယ့္ကိုအံ့မခန္းျဖစ္မႈေမွ်ာ္လင့္ေနတယ္။သူလည္းအဲဒီမွာရွိေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။