ကမ္ဘာ့ဖလားပြီးနောက် ပထမဆုံးကစားတဲ့ပွဲတွင် ဒေါ့မွန်တဲ့ အံ့ဩသင့်စရာကောင်းတဲ့ဂိုးသွင်းခဲ့တဲ့ ယူနိုက်တက်ပစ်မှတ် ဘယ်လင်ဂမ်

ဂျူ့ဘယ်လင်ဂမ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးပြီးနောက်ဒေါ့မွန်အတွက်ပထမဆုံးကစားတဲ့ပွဲတွင်အံ့ဩသင့်စရာကောင်းတဲ့ဂိုးတစ်ဂိုးသွင်းယူပြခဲ့ပါတယ်။

အသက်၁၉နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့လကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအင်္ဂလန်အသင်းကိုကွာတားဖိုင်နယ်သို့တက်ရောက်အောင်အဓိကနေရာမှခြေစွမ်းပြကစားခဲ့ပါတယ်။

ဂျာမနီဘွန်ဒက်စ်လီဂါဟာကမ္ဘာ့ဖလားကြောင့်နားခဲ့ရပြီးနောက်ပြီးခဲ့တဲ့အပတ်မှာမှပြန်လည်စတင်လာခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာတနင်္ဂနွေနေ့ညတုန်းကအဆင့်၁၅နေရာမှအော့ဘတ်ကို၄-၃ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်းဆက်လက်ခြေစွမ်းပြကစားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာပွဲချိန်၂၉မိနစ်မှာအံ့ဩသင့်စရာကောင်းတဲ့ဂိုးကိပါသွင်းယူနိုင်ခဲ့ပါတယ်။

စူပါစတားအလယ်တန်းကစားသမားဟာဧရိယာထိပ်တွင်အဒီယီမီရဲ့ဘောလုံးပေးပို့မှုရရှိပြီးနောက်အော့ဘတ်ကစားသမားတစ်ဦးကိုလိမ်ခေါက်ကာအပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာယခုရာသီတွင်ဒေါ့မွန်အတွက်သွင်းဂိုး၁၀ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပါတယ်။

သူဟာဒေါ့မွန်တွင်ခြေစွမ်းပြကစားနိုင်မှုကြောင့်ယူနိုက်တက်၊လီဗာပူး၊ရီးရဲလ်မက်ဒရစ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရပေမဲ့လည်းဒေါ့မွန်နှင့်စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။

ZawGyi





ဘယ်လင်ဂမ်ဟာတနင်္ဂနွေနေ့ညတုန်းကအဆင့်၁၅နေရာမှအော့ဘတ်ကို၎-၃ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်းဆက်လက်ခြေစွမ်းပြကစားခဲ့ပါတယ်။



