ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ၉၅ စက္ကန့်အတွင်း နှစ်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဖော်မြူလာဝမ်းကားလို Service အပေးခံခဲ့ရတဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာမနေ့ညတုန်းကကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပြင်သစ်ရဲ့ကမ္ဘာ့ဖလားအိပ်မက်ကိုရှင်သန်လာအောင်လုပ်ဆောင်ခဲ့ပြီးတဲ့နောက်တော်ဝင်မိသားစုဝင်တစ်ဦးလိုဆက်ဆံခြင်းခံခဲ့ရပါတယ်။ဘောလုံးပရိသတ်တွေကတော့ကိုင်လီယန်ဘက်ပေးကို ဖော်မြူလာဝမ်းတစ်စီးလို Service အပေးခံရတယ်လို့ဟာသနှောပြောဆိုနေကြပါတယ်။

ဒီဒီယာဒက်ချမ့်ရဲ့ပြင်သစ်အသင်းဟာတနင်္ဂနွေနေ့ညကကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပွဲပြီးရန်၁၀မိနစ်လိုတဲ့အချိန်အထိအာဂျင်တီးနားကို၂-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။

ဒါပေမဲ့ပွဲပြီးခါနီး၁၀မိနစ်အလိုမှာမူအာနီကိုဧရိယာအတွင်းမှာအော့တာမန်ဒီကလူချကစားလို့ပင်နယ်တီရခဲ့ပါတယ်။ယင်းပင်နယ်တီကိုဘက်ပေးကချေပဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။ယင်းနောက်၅၉စက္ကန့်အကြာမှာမားကပ်စ်သူရမ်ရဲ့ချပေးမှုကနေဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်ပွဲချိန်မိနစ်၉၀အတွင်းနှစ်ဂိုးစီသရေကျမှုနဲ့အတူအချိန်ပိုကစားခဲ့ရပါတယ်။

အချိန်ပိုမကစားမီကစားသမားများအားအကြောလျော့မှုပြုလုပ်ခဲ့ရပြီး ပြင်သစ်နည်းပြအဖွဲ့ဝင်သုံးဦးတို့ကဘက်ပေးကိုနှိပ်နယ်ပေးမှုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

ဘက်ပေးကိုယင်းသို့အကြောလျှော့နှိပ်နယ်ပေးတဲ့အကျိုးကိုလည်းပြင်သစ်ဆက်လက်ခံစားခဲ့ရပါတယ်။အချိန်ပိုတွင်မက်ဆီကအာဂျင်တီးနားအတွက်ဦးဆောင်ဂိုးသွင်းပြီးတဲ့နောက်ဘက်ပေးကပွဲပြီးခါနီး၂မိနစ်အလိုမှာပင်နယ်တီကနေထပ်မံချေပဂိုးသွင်းခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခဲ့ပါတော့တယ်။

ZawGyi

ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ၉၅ စကၠန႔္အတြင္း ႏွစ္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ ေဖာ္ျမဴလာဝမ္းကားလို Service အေပးခံခဲ့ရတဲ့ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာမေန႔ညတုန္းကကမာၻ႔ဖလားဗိုလ္လုပြဲတြင္ျပင္သစ္ရဲ႕ကမာၻ႔ဖလားအိပ္မက္ကိုရွင္သန္လာေအာင္လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္ေတာ္ဝင္မိသားစုဝင္တစ္ဦးလိုဆက္ဆံျခင္းခံခဲ့ရပါတယ္။ေဘာလုံးပရိသတ္ေတြကေတာ့ကိုင္လီယန္ဘက္ေပးကို ေဖာ္ျမဴလာဝမ္းတစ္စီးလို Service အေပးခံရတယ္လို႔ဟာသေႏွာေျပာဆိုေနၾကပါတယ္။

ဒီဒီယာဒက္ခ်မ့္ရဲ႕ျပင္သစ္အသင္းဟာတနဂၤေႏြေန႔ညကကမာၻ႔ဖလားဗိုလ္လုပြဲတြင္ပြဲၿပီးရန္၁၀မိနစ္လိုတဲ့အခ်ိန္အထိအာဂ်င္တီးနားကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒါေပမဲ့ပြဲၿပီးခါနီး၁၀မိနစ္အလိုမွာမူအာနီကိုဧရိယာအတြင္းမွာေအာ့တာမန္ဒီကလူခ်ကစားလို႔ပင္နယ္တီရခဲ့ပါတယ္။ယင္းပင္နယ္တီကိုဘက္ေပးကေခ်ပဂိုးအျဖစ္ေျပာင္းလဲခဲ့ပါတယ္။ယင္းေနာက္၅၉စကၠန႔္အၾကာမွာမားကပ္စ္သူရမ္ရဲ႕ခ်ေပးမႈကေနဒုတိယေခ်ပဂိုးသြင္းခဲ့ပါတယ္။

ယင္းေနာက္ပြဲခ်ိန္မိနစ္၉၀အတြင္းႏွစ္ဂိုးစီသေရက်မႈနဲ႔အတူအခ်ိန္ပိုကစားခဲ့ရပါတယ္။

အခ်ိန္ပိုမကစားမီကစားသမားမ်ားအားအေၾကာေလ်ာ့မႈျပဳလုပ္ခဲ့ရၿပီး ျပင္သစ္နည္းျပအဖြဲ႕ဝင္သုံးဦးတို႔ကဘက္ေပးကိုႏွိပ္နယ္ေပးမႈျပဳလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။

ဘက္ေပးကိုယင္းသို႔အေၾကာေလွ်ာ့ႏွိပ္နယ္ေပးတဲ့အက်ိဳးကိုလည္းျပင္သစ္ဆက္လက္ခံစားခဲ့ရပါတယ္။အခ်ိန္ပိုတြင္မက္ဆီကအာဂ်င္တီးနားအတြက္ဦးေဆာင္ဂိုးသြင္းၿပီးတဲ့ေနာက္ဘက္ေပးကပြဲၿပီးခါနီး၂မိနစ္အလိုမွာပင္နယ္တီကေနထပ္မံေခ်ပဂိုးသြင္းခဲ့လို႔ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာေတာ့အာဂ်င္တီးနားက၄-၂ျဖင့္အႏိုင္ရရွိကာတတိယေျမာက္ကမာၻ႔ဖလားဆြတ္ခူးသြားခဲ့ပါေတာ့တယ္။