
လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်းတွင်ကံကောင်းစေတဲ့အနီရောင်ဖဲကြိုးဝတ်ဆင်ကစားခဲ့ကြောင်းသိရပါတယ်။
မက်ဆီဟာ၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအာဂျင်တီးနားဂျာနယ်လစ်ရာမာပန်တာရော့တိုထံမှရရှိခဲ့တာဖြစ်ပါတယ်။ဂျာနယ်လစ်ဟာအိုက်စလန်နှင့်ပွဲတွင်ပင်နယ်တီလွဲပြီးနောက် မိခင်ထံမှပေးထားတဲ့ သူ့ရဲ့အနီရောင်ဖဲကြိုးကိုမက်ဆီကိုလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
မက်ဆီဟာယင်းဖဲကြိုးကို၂၀၁၉ခုနှစ်တုန်းကဘာစီလိုနာတွင်ရုန်းကန်နေခဲ့ရတဲ့ဖီးလစ်ပီကော်တင်ဟိုအားလက်ဆောင်ပေးခဲ့ပါတယ်။
ဘရာဇီးကွင်းလယ်တိုက်စစ်သမားကော်တင်ဟိုဟာယင်းကံကောင်းစေတဲ့အနီရောင်ဖဲကြိုးကိုအခုဗီလာတွင်ကစားနေစဉ်မှာလည်းဝတ်ဆင်ကစားနေပါတယ်။
မက်ဆီဟာပြင်သစ်ကိုအနိုင်ရရှိကာကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ပွဲတွင်အနီရောင်ဖဲကြိုးကိုဘယ်ဖက်ခြေကျင်းဝတ်တွင်ဝတ်ဆင်ထားတာတွေ့ရပါတယ်။
ဒါ့အပြင်မက်ဆီသာယင်းအနီရောင်ဖဲကြိုးကိုအာဂျင်တီးနားကစားသမားများဖြစ်ကြတဲ့ပေါ်လိုဒိုင်ဘာလာ၊လူသာရိုမာတီနက်ဇ်နှင့်ရိုဒရီဂိုဒီပေါလ်တို့လည်းဝတ်ဆင်ကစားခဲ့ပါတယ်။
ဂိုးသမားမာတီနက်ဇ်မှာလည်းယင်းကံကောင်းစေတဲ့အနီရောင်ဖဲကြိုးကိုဝတ်ဆင်ကစားခဲ့ပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်တွင်လက်စွမ်းပြကစားခဲ့ပါတယ်။
ZawGyi
ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ကံေကာင္းေစတဲ့ အနီေရာင္ဖဲႀကိဳးဝတ္ဆင္ခဲ့တဲ့ မက္ဆီ
လီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားဗိုလ္လုပြဲအတြင္းတြင္ကံေကာင္းေစတဲ့အနီေရာင္ဖဲႀကိဳးဝတ္ဆင္ကစားခဲ့ေၾကာင္းသိရပါတယ္။
မက္ဆီဟာ၂၀၁၈႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအာဂ်င္တီးနားဂ်ာနယ္လစ္ရာမာပန္တာေရာ့တိုထံမွရရွိခဲ့တာျဖစ္ပါတယ္။ဂ်ာနယ္လစ္ဟာအိုက္စလန္ႏွင့္ပြဲတြင္ပင္နယ္တီလြဲၿပီးေနာက္ မိခင္ထံမွေပးထားတဲ့ သူ႔ရဲ႕အနီေရာင္ဖဲႀကိဳးကိုမက္ဆီကိုလက္ေဆာင္ေပးခဲ့တာလည္းျဖစ္ပါတယ္။
မက္ဆီဟာယင္းဖဲႀကိဳးကို၂၀၁၉ခုႏွစ္တုန္းကဘာစီလိုနာတြင္႐ုန္းကန္ေနခဲ့ရတဲ့ဖီးလစ္ပီေကာ္တင္ဟိုအားလက္ေဆာင္ေပးခဲ့ပါတယ္။
ဘရာဇီးကြင္းလယ္တိုက္စစ္သမားေကာ္တင္ဟိုဟာယင္းကံေကာင္းေစတဲ့အနီေရာင္ဖဲႀကိဳးကိုအခုဗီလာတြင္ကစားေနစဥ္မွာလည္းဝတ္ဆင္ကစားေနပါတယ္။
မက္ဆီဟာျပင္သစ္ကိုအႏိုင္ရရွိကာကမာၻ႔ဖလားခ်န္ပီယံျဖစ္တဲ့ပြဲတြင္အနီေရာင္ဖဲႀကိဳးကိုဘယ္ဖက္ေျခက်င္းဝတ္တြင္ဝတ္ဆင္ထားတာေတြ႕ရပါတယ္။
ဒါ့အျပင္မက္ဆီသာယင္းအနီေရာင္ဖဲႀကိဳးကိုအာဂ်င္တီးနားကစားသမားမ်ားျဖစ္ၾကတဲ့ေပၚလိုဒိုင္ဘာလာ၊လူသာ႐ိုမာတီနက္ဇ္ႏွင့္႐ိုဒရီဂိုဒီေပါလ္တို႔လည္းဝတ္ဆင္ကစားခဲ့ပါတယ္။
ဂိုးသမားမာတီနက္ဇ္မွာလည္းယင္းကံေကာင္းေစတဲ့အနီေရာင္ဖဲႀကိဳးကိုဝတ္ဆင္ကစားခဲ့ၿပီးကမာၻ႔ဖလားဗိုလ္လုပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္တြင္လက္စြမ္းျပကစားခဲ့ပါတယ္။