
လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့ညတုန်းကကမ္ဘာ့ဖလားကိုင်မြှောက်စဉ်ဝတ်ဆင်ခဲ့ခြုံထည်ကိုဒေါ်လာ၁သန်းဖြင့်ဝယ်ယူရန်ကမ်းလှမ်းခြင်းခံထားရပါတယ်။
Ballon d’Or ခုနှစ်ကြိမ်ရမက်ဆီဟာတနင်္ဂနွေနေ့တုန်းကအာဂျင်တီးနားကိုတတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ကူညီနိုင်ခဲ့ပါတယ်။
မက်ဆီဟာပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားဆွတ်ခူးလာနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာကမ္ဘာ့ဖလားမကိုင်မြှောက်ပြီးကာတာဘုရင်ရဲ့အနက်ရောင်ခြုံထည်ဆင်မြန်းခြင်းခံခဲ့ရပါတယ်။
ယခုအခါအိုမန်ရှေ့နေ အာမက်အယ်ဘာဝါနီဟာအသက်၃၅နှစ်ရှိမက်ဆီဝတ်ဆင်ခဲ့တဲ့ခြုံထည်ကိုဒေါ်လာ၁သန်းဖြင့်ဝယ်ယူရန်ကမ်းလှမ်းလာပါတယ်။သူဟာအိုမန်ပါလီမန်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
မက်ဆီဟာအာဂျင်တီးနားဂျာစီအပေါ်တွင်အနက်ရောင်ခြုံထည်ဝတ်ဆင်ကာကမ္ဘာ့ဖလားကိုင်မြှောက်မှုအတွက်အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။
ZawGyi
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဝတ်ဆင်ခဲ့တဲ့ ခြုံထည်ကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူရန် မက်ဆီကမ်းလှမ်းခံထားရ