
ပြင်သစ်ဟာ၂၀၁၈ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းကကဲ့သို့ကံကောင်းများဆက်လက်ရရှိလာစေရန်အတွက်တနင်္ဂနွေနေ့ညအာဂျင်တီးနားနှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်လွန်ခဲ့တဲ့လေးနှစ်ကျော်တုန်းကဝတ်ဆင်ခဲ့တဲ့ဝတ်စုံကဲ့သို့ပင်အပြာဝမ်းဆက်ဝတ်ဆင်ကစားလာပါမယ်။
ပြင်သစ်ဟာဗုဒ္ဓဟူးနေ့တုန်းကမော်ရိုကိုကို၂-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပြီး၁၉၆၂ ခုနှစ်ဘရာဇီးနောက်ပိုင်းတွင်ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့ပထမအသင်းဖြစ်လာနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။
အာဂျင်တီးနားမှာလည်း၂၀၂၁တောင်အမေရိကဖလားချန်ပီယံဖြစ်ပြီးနောက် ခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲတက်လာခဲ့ပါတယ်။မက်ဆီဟာကမ္ဘာ့ဖလားနောက်ဆုံးပွဲတွင်ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်မဲ့အခွင့်အရေးကြုံနေရပါတယ်။ဒါ့အပြင်မန်စီးတီးလူငယ်အယ်ဗာရက်ဇ်မှာလည်းပီလီနောက်ပိုင်းတွင်ကမ္ဘာ့ဖလားဆီမီးတွင်နှစ်ဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံးကစာသမားဖြစ်နေပါတယ်။
နှစ်သင်းလုံးဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်အကောင်းဆုံးပြင်ဆင်နေပါတယ်။
ပြင်သစ်ဟာအာဂျင်တီးနားရဲ့ဘောင်းဘီအဖြူနှင့်မရောနှောစေရန်အတွက် ဗိုလ်လုပွဲတွင်ဘောင်းဘီအပြာကိုအသုံးပြုသွားပါမယ်။
ပြင်သစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်လုံးအင်္ကျီအပြာ၊ဘောင်းဘီအဖြူ၊ခြေအိတ်အနီကိုအဓိကဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာတူနီးရှားကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမှာအပြာဝမ်းဆက်ဝတ်ဆင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ပြင်သစ်ဟာအာဂျင်တီးနားနှင့်ဗိုလ်လုပွဲမှာတော့၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်တုန်းကကဲ့သို့ပင်အပြာဝမ်းဆက်ဝတ်ဆင်လာမှာဖြစ်ပါတယ်။
zawgyi
ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ကံေကာင္းမႈမ်ား ရရွိလာေစရန္ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံဝတ္စုံကို ျပန္ဝတ္လာမဲ့ ျပင္သစ္
ျပင္သစ္ဟာ၂၀၁၈ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းကကဲ့သို႔ကံေကာင္းမ်ားဆက္လက္ရရွိလာေစရန္အတြက္တနဂၤေႏြေန႔ညအာဂ်င္တီးနားႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲတြင္လြန္ခဲ့တဲ့ေလးႏွစ္ေက်ာ္တုန္းကဝတ္ဆင္ခဲ့တဲ့ဝတ္စုံကဲ့သို႔ပင္အျပာဝမ္းဆက္ဝတ္ဆင္ကစားလာပါမယ္။
ျပင္သစ္ဟာဗုဒၶဟူးေန႔တုန္းကေမာ္႐ိုကိုကို၂-၀ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္ဆက္တက္ေရာက္ႏိုင္ခဲ့ၿပီး၁၉၆၂ ခုႏွစ္ဘရာဇီးေနာက္ပိုင္းတြင္ခ်န္ပီယံဘြဲ႕ကိုကာကြယ္ႏိုင္တဲ့ပထမအသင္းျဖစ္လာႏိုင္တဲ့အခြင့္အေရးရွိေနပါတယ္။
အာဂ်င္တီးနားမွာလည္း၂၀၂၁ေတာင္အေမရိကဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ ခ႐ိုေအးရွားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲတက္လာခဲ့ပါတယ္။မက္ဆီဟာကမာၻ႔ဖလားေနာက္ဆုံးပြဲတြင္ကမာၻ႔ဖလားကိုင္ေျမႇာက္ႏိုင္မဲ့အခြင့္အေရးႀကဳံေနရပါတယ္။ဒါ့အျပင္မန္စီးတီးလူငယ္အယ္ဗာရက္ဇ္မွာလည္းပီလီေနာက္ပိုင္းတြင္ကမာၻ႔ဖလားဆီမီးတြင္ႏွစ္ဂိုးသြင္းႏိုင္တဲ့အသက္အငယ္ဆုံးကစာသမားျဖစ္ေနပါတယ္။
ႏွစ္သင္းလုံးဟာကမာၻ႔ဖလားဗိုလ္လုပြဲအတြက္အေကာင္းဆုံးျပင္ဆင္ေနပါတယ္။
ျပင္သစ္ဟာအာဂ်င္တီးနားရဲ႕ေဘာင္းဘီအျဖဴႏွင့္မေရာေႏွာေစရန္အတြက္ ဗိုလ္လုပြဲတြင္ေဘာင္းဘီအျပာကိုအသုံးျပဳသြားပါမယ္။
ျပင္သစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္လုံးအက်ႌအျပာ၊ေဘာင္းဘီအျဖဴ၊ေျခအိတ္အနီကိုအဓိကဝတ္ဆင္လာခဲ့တာျဖစ္ပါတယ္။၎တို႔ဟာတူနီးရွားကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲမွာအျပာဝမ္းဆက္ဝတ္ဆင္ခဲ့ဖူးပါတယ္။
ဒါေပမဲ့ျပင္သစ္ဟာအာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲမွာေတာ့၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္တုန္းကကဲ့သို႔ပင္အျပာဝမ္းဆက္ဝတ္ဆင္လာမွာျဖစ္ပါတယ္။