ကမ္ဘာ့ဖလားဗိုလ်လုပွဲပြဿနာဆက်လက်ဖြစ်ပွားနေ။ အဒဲလ်ရာမီကို တစစီဖြစ်အောင် ပြုလုပ်လာတဲ့ ဒီမာရီယာရဲ့ဇနီးသည်

အိန်ဂျယ်ဒီမာရီယာရဲ့ဇနီးသည်ဟာအဒဲလ်ရာမီကိုဆိုရှယ်မီဒီယာတွင်ပြတ်ပြတ်သားသားဆော်ကာပြင်သစ်နှင့်အာဂျင်တီးနားတို့အကြား ကမ္ဘာ့ဖလားဗိုလ်လုပွဲပြဿနာကိုမီးကုန်ရှို့လာပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပြင်သစ်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်လုပွဲအပြီးတွင်ဂိုးသမားမာတီနက်ဇ်ကကိုင်လီယန်ဘက်ပေးကိုလှောင်ပြောင်တဲ့အပြုအမူများပြုလုပ်အောင်ပွဲခံမှုနဲ့အတူပြဿနာမငြိမ်းနိုင်ဖြစ်နေပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်းရာမီကမာတီနက်ဇ်ကိုဘောလုံးလောကတွင်ချီးထုပ်အကျဆုံးကစားသမားအဖြစ်ကင်ပွန်းတပ်ခဲ့ပါတယ်။

ယင်းကိုမာတီနက်ဇ်ရဲ့ကစားဖော်အိန်ဂျယ်ဒီမာရီယာရဲ့ဇနီးသည်က “အယ်ဒီဘူ(မာတီနက်ဇ်)ကကမ္ဘာ့အကောင်းဆုံးဂိုးသမားပါ။တနေရာရာမှာသွားငိုလိုက်”ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။

ရာမီကလည်း ဒီမာရီယာငိုယိုနေတဲ့ဓာတ်ပုံများတင်ပြီး “မင်းငါ့ကိုသင်ပေးလို့ရမလား?မင်းရှုံးနိမ့်သွားတဲ့အခါ၊မင်းအနိုင်ရတဲ့အခါ၊ကလပ်တစ်ခုကနေထွက်ရတဲ့အခါ၊မင်းဒီစကားကိုမြင်ရတဲ့အခါမျိုးမှာ”လို့တုံ့ပြန်ခဲ့ပါတယ်။

ယင်းကိုရာမီရဲ့တုံ့ပြန်မှုကိုဒီမာရီယာရဲ့ဇနီးသည်ဂျော်ဂျီလီနာကအပြင်းထန်ဆုံး အရှိုက်အထိဆုံးစကားလုံးဖြင့်ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

သူမက “ဘယ်လိုငိုရမလဲဆိုတာရှင့်ကိုအိန်ဂျယ်သင်ပေးနိုင်ပါတယ်။အမျိုးသမီးတစ်ဦးကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ၊ဗိုလ်လုပွဲမှာဘယ်လိုဂိုးသွင်းရမယ်ဆိုတာကိုပေါ့။ဟက်ပီနယူးရီးယား။ပါရမီရှင်”ဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။

အဒဲလ်ရာမီဟာ နာမည်ကျော်မော်ဒယ်နဲ့သရုပ်ဆောင်ပါမယ်လာအင်ဒါဆင်နဲ့လက်ထပ်ခဲ့ဖူးသူဖြစ်ပါတယ်။ပါမယ်လာအင်ဒါဆင်ဟာရာမီရဲ့အကြိမ်ကြိမ်ခြိမ်းခြောက်မှု၊နာကျင်အောင်ပြုလုပ်မှုခံခဲ့ရပြီးနောက် လမ်းခွဲခဲ့ပါတယ်။သူမဟာရာမီရဲ့ရန်ကိုကြောက်ရွှံ့မှုကြောင့်ဘော်ဒီဂတ်တောင်ငှားရမ်းခဲ့ရပါသေးတယ်။

ရာမီဟာအင်ဒါဆင်နဲ့တွဲနေစဉ်အတွင်းမှာရည်းစားဟောင်းဆီဒိုနီဘီမောင့်နှင့် ဖောက်ပြန်ခဲ့ပါသေးတယ်။

ZawGyi

ကမာၻ႔ဖလားဗိုလ္လုပြဲျပႆနာဆက္လက္ျဖစ္ပြားေန။ အဒဲလ္ရာမီကို တစစီျဖစ္ေအာင္ ျပဳလုပ္လာတဲ့ ဒီမာရီယာရဲ႕ဇနီးသည္

အိန္ဂ်ယ္ဒီမာရီယာရဲ႕ဇနီးသည္ဟာအဒဲလ္ရာမီကိုဆိုရွယ္မီဒီယာတြင္ျပတ္ျပတ္သားသားေဆာ္ကာျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔အၾကား ကမာၻ႔ဖလားဗိုလ္လုပြဲျပႆနာကိုမီးကုန္ရႈိ႕လာပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ျပင္သစ္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ဒါေပမဲ့ဗိုလ္လုပြဲအၿပီးတြင္ဂိုးသမားမာတီနက္ဇ္ကကိုင္လီယန္ဘက္ေပးကိုေလွာင္ေျပာင္တဲ့အျပဳအမူမ်ားျပဳလုပ္ေအာင္ပြဲခံမႈနဲ႔အတူျပႆနာမၿငိမ္းႏိုင္ျဖစ္ေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေဟာင္းရာမီကမာတီနက္ဇ္ကိုေဘာလုံးေလာကတြင္ခ်ီးထုပ္အက်ဆုံးကစားသမားအျဖစ္ကင္ပြန္းတပ္ခဲ့ပါတယ္။

ယင္းကိုမာတီနက္ဇ္ရဲ႕ကစားေဖာ္အိန္ဂ်ယ္ဒီမာရီယာရဲ႕ဇနီးသည္က “အယ္ဒီဘူ(မာတီနက္ဇ္)ကကမာၻ႔အေကာင္းဆုံးဂိုးသမားပါ။တေနရာရာမွာသြားငိုလိုက္”ဆိုၿပီးတုံ႔ျပန္ခဲ့ပါတယ္။

ရာမီကလည္း ဒီမာရီယာငိုယိုေနတဲ့ဓာတ္ပုံမ်ားတင္ၿပီး “မင္းငါ့ကိုသင္ေပးလို႔ရမလား?မင္းရႈံးနိမ့္သြားတဲ့အခါ၊မင္းအႏိုင္ရတဲ့အခါ၊ကလပ္တစ္ခုကေနထြက္ရတဲ့အခါ၊မင္းဒီစကားကိုျမင္ရတဲ့အခါမ်ိဳးမွာ”လို႔တုံ႔ျပန္ခဲ့ပါတယ္။

ယင္းကိုရာမီရဲ႕တုံ႔ျပန္မႈကိုဒီမာရီယာရဲ႕ဇနီးသည္ေဂ်ာ္ဂ်ီလီနာကအျပင္းထန္ဆုံး အရႈိက္အထိဆုံးစကားလုံးျဖင့္ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

သူမက “ဘယ္လိုငိုရမလဲဆိုတာရွင့္ကိုအိန္ဂ်ယ္သင္ေပးႏိုင္ပါတယ္။အမ်ိဳးသမီးတစ္ဦးကိုဘယ္လိုကိုင္တြယ္ရမယ္ဆိုတာ၊ဗိုလ္လုပြဲမွာဘယ္လိုဂိုးသြင္းရမယ္ဆိုတာကိုေပါ့။ဟက္ပီနယူးရီးယား။ပါရမီရွင္”ဆိုၿပီးတုံ႔ျပန္သြားခဲ့ပါတယ္။

အဒဲလ္ရာမီဟာ နာမည္ေက်ာ္ေမာ္ဒယ္နဲ႔သ႐ုပ္ေဆာင္ပါမယ္လာအင္ဒါဆင္နဲ႔လက္ထပ္ခဲ့ဖူးသူျဖစ္ပါတယ္။ပါမယ္လာအင္ဒါဆင္ဟာရာမီရဲ႕အႀကိမ္ႀကိမ္ၿခိမ္းေျခာက္မႈ၊နာက်င္ေအာင္ျပဳလုပ္မႈခံခဲ့ရၿပီးေနာက္ လမ္းခြဲခဲ့ပါတယ္။သူမဟာရာမီရဲ႕ရန္ကိုေၾကာက္႐ႊံ႕မႈေၾကာင့္ေဘာ္ဒီဂတ္ေတာင္ငွားရမ္းခဲ့ရပါေသးတယ္။

ရာမီဟာအင္ဒါဆင္နဲ႔တြဲေနစဥ္အတြင္းမွာရည္းစားေဟာင္းဆီဒိုနီဘီေမာင့္ႏွင့္ ေဖာက္ျပန္ခဲ့ပါေသးတယ္။