ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ မက်ဆီရဲ့တံကောက်ကြောဒဏ်ရာအခြေအနေ စိုးရိမ်နေရ

လီယွန်နယ်မက်ဆီဟာတံကောက်ကြောဒဏ်ရာပြဿနာကြောင့် တနင်္ဂနွေနေ့တွင်ပြင်သစ်နှင့်ရင်ဆိုင်ကစားရမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်စိုးရိမ်ရတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။

မက်ဆီဟာအင်္ဂါနေ့တုန်းကခရိုအေးရှားကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေအလွန်အမင်းစိုးရိမ်ရတဲ့အနေအထားမှာတော့မရှိပါဘူး။

အာဂျင်တီးနားနည်းပြစကာလိုနီဟာကြာသပတေးနေ့တုန်းက ခရိုအေးရှားနှင့်ပွဲတွင်ပွဲထွက်ကစားခဲ့တဲ့မက်ဆီနှင့်ကျန်ကစားသမားများကိုအနားပေးပြီး အခြားကစားသမားများကိုသာလေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။

မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားအတွက်၆ပွဲကစားထားရာမှာ၅ဂိုးသွင်းယူပြီး၃ကြိမ်ဖန်တီးကာဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

မက်ဆီဟာတံကောက်ကြောဒဏ်ရာရရှိနေပေမဲ့လည်းစိုးရိမ်ရတဲ့အနေအထားတွင်မရှိမှုနဲ့အတူ ပြင်သစ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပါဝင်လာဖို့ရှိနေပါတယ်။

ပြင်သစ်နှင့်ပွဲစဉ်ကလီယွန်နယ်မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။

ZawGyi

ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီ မက္ဆီရဲ႕တံေကာက္ေၾကာဒဏ္ရာအေျခအေန စိုးရိမ္ေနရ

လီယြန္နယ္မက္ဆီဟာတံေကာက္ေၾကာဒဏ္ရာျပႆနာေၾကာင့္ တနဂၤေႏြေန႔တြင္ျပင္သစ္ႏွင့္ရင္ဆိုင္ကစားရမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္စိုးရိမ္ရတဲ့အေနအထားမွာရွိေနခဲ့ပါတယ္။

မက္ဆီဟာအဂၤါေန႔တုန္းကခ႐ိုေအးရွားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဒဏ္ရာအေျခအေနအလြန္အမင္းစိုးရိမ္ရတဲ့အေနအထားမွာေတာ့မရွိပါဘူး။

အာဂ်င္တီးနားနည္းျပစကာလိုနီဟာၾကာသပေတးေန႔တုန္းက ခ႐ိုေအးရွားႏွင့္ပြဲတြင္ပြဲထြက္ကစားခဲ့တဲ့မက္ဆီႏွင့္က်န္ကစားသမားမ်ားကိုအနားေပးၿပီး အျခားကစားသမားမ်ားကိုသာေလ့က်င့္ခန္းဆင္းေစခဲ့ပါတယ္။

မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားအတြက္၆ပြဲကစားထားရာမွာ၅ဂိုးသြင္းယူၿပီး၃ႀကိမ္ဖန္တီးကာဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

မက္ဆီဟာတံေကာက္ေၾကာဒဏ္ရာရရွိေနေပမဲ့လည္းစိုးရိမ္ရတဲ့အေနအထားတြင္မရွိမႈနဲ႔အတူ ျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ပါဝင္လာဖို႔ရွိေနပါတယ္။

ျပင္သစ္ႏွင့္ပြဲစဥ္ကလီယြန္နယ္မက္ဆီရဲ႕ေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္လာပါမယ္။