ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ မက်ဆီရဲ့အာဂျင်တီးနားအင်္ကျီအားလုံး အကုန်ရောင်းချထားရပြီးဖြစ်တဲ့ Adidas

အားကစားအဝတ်အစားကုမ္ပဏီ Adidas ကယနေ့ည၂၀၂၂ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီလီယွန်နယ်မက်ဆီရဲ့အာဂျင်တီးနားအင်္ကျီအားလုံးအကုန်ရောင်းချထားရပြီးဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာ ယနေ့ညတွင် Lusail Stadium တွင်လက်ရှိချန်ပီယံပြင်သစ်နှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

အားကစားလောကရဲ့စံပြပုဂ္ဂိုလ်မက်ဆီဟာယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။

ဒါကြောင့်လည်းမက်ဆီရဲ့အာဂျင်တီးနားကမ္ဘာ့ဖလားအင်္ကျီ Messi 10 ကိုပရိသတ်များအပြိုင်အဆိုင်ဝယ်ယူနေကြပါတယ်။

Adidas ဟာမက်ဆီရဲ့အာဂျင်တီးနားကမ္ဘာ့ဖလားအင်္ကျီရောင်းအားမြင့်တက်လာမယ်ဆိုတာ သိထားပေမဲ့လည်းယခုထင်မှတ်ထားသလောက်အထိအကုန်ရောင်းချရမယ်လို့မျှော်လင့်မထားခဲ့ပါဘူး။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်းမက်ဆီရဲ့အာဂျင်တီးနားအင်္ကျီအားလုံးအကုန်ရောင်းချထားရပြီးဖြစ်ကြောင်းတရားဝင်ကြေညာထားပါတယ်။

မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာမဲ့အပြင် သူ့ကိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် ဂုဏ်တင်ပေးမဲ့ပွဲလည်းဖြစ်ပါတယ်။

တဖက်တွင်ပြင်သစ်မှာလည်းကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ပါကအီတလီ၊ဘရာဇီးတို့နောက်ပိုင်းချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့တတိယမြောက်အသင်းဖြစ်လာပါမယ်။

ZawGyi








