
လီယွန်နယ်မက်ဆီနှင့်ကိုင်လီယန်ဘက်ပေးတို့ကယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အဓိကဇာတ်လိုက်နှစ်ဦးဖြစ်ကြပါတယ်။ဒါပေမဲ့၎င်းတို့အကြားမှာလည်းအဖုအထစ်တွေကရှိနှင့်ပြီးသားဖြစ်ပါတယ်။
ယနေ့ညဗိုလ်လုပွဲထိပ်တိုက်တွေ့လာကြမဲ့မက်ဆီနှင့်ကိုင်လီယန်ဘက်ပေးတို့နဲ့ပတ်သက်ပြီးပြောကြဆွေးနွေးကြသူတွေအများကြီးပါ။
မက်ဆီအတွက်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကနောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာပါမယ်။တဖက်တွင်ဘက်ပေးဟာလည်းကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ပြီး GOAT စာရင်းထဲဝင်ဖို့တာစူနေပါတယ်။
ဘက်ပေးဟာပြီးခဲ့တဲ့မော်ရိုကိုနှင့်ဆီမီးပွဲအပြီးမှာပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်အင်္ကျီလှဲလှယ်ပြီးဥမင်လှိုဏ်ခေါင်းထဲမှာလည်းခင်ခင်မင်မင်နှင့်အချိန်အတန်ကြာစကားပြောခဲ့တာတွေ့ရပါတယ်။
ဒါပေမဲ့ယနေ့ညဗိုလ်လုပွဲမှာတော့မက်ဆီနှင့်ဘက်ပေးတို့ရဲ့ပီအက်စ်ဂျီကစားဖော်အကြားယင်းသို့အဖြစ်အပျက်မျိုးမြင်တွေ့လာရဖို့တော့မရှိပါဘူး။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရဘက်ပေးနှင့်မက်ဆီတို့အကြားမှာပြဿနာတွေကရှိနှင့်ထားပြီးသားဖြစ်ကြောင်းသိရပါတယ်။
စပိန်သတင်းစာ El Pais ကဘက်ပေးနှင့်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်တစ်နှစ်ကျော်ကြာတွဲကစားလာခဲ့ကြပေမဲ့လည်းပရော်ဖက်ရှင်နယ်ဆက်ဆံမှုကလွဲပြီးမပိုကြောင်းဖော်ပြလာပါတယ်။
ဘက်ပေးဟာနေမာနှင့်အဆင်မပြေမှုနဲ့အတူ မက်ဆီနှင့်လည်းပုဂ္ဂိုလ်ရေးပိုင်းခင်မင်ခြင်းမရှိတာဖြစ်ပါတယ်။
ဒါ့အပြင် Marca ကလည်းနွေရာသီတွင်ပီအက်စ်ဂျီနှင့်ပေါင်သန်း၅၀၀တန်ကြေးရှိစာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက်ပိုင်းမှာဘက်ပေးနဲ့မက်ဆီအကြားဆက်ဆံရေးပိုမိုဆိုးရွားလာကြောင်းလည်းဖော်ပြသွားပါတယ်။
ဘက်ပေးဟာစာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်းမှာအဝတ်အစားလဲခန်းအတွင်းတွင်ပိုမိုဩဇာသက်ရောက်လာခဲ့ပါတယ်။မက်ဆီကသူ့ကိုတချိန်တုန်းကဘာစီလိုနာတွင်ပေးခဲ့တဲ့ပါဝါမျိုးကိုဘက်ပေးရရှိနေတယ်လို့ယူဆနေပါတယ်။
ဒါ့အပြင်ဘက်ပေးဟာနွေရာသီတုန်းကပီအက်စ်ဂျီအသင်းအဝတ်အစားလဲခန်းမှမက်ဆီ၊ဒီမာရီယာ၊ပါရီဒက်စ်၊မော်ရိုအိုင်ကာဒီ၊နည်းပြပိုချက်တီနိုအစရှိတဲ့အာဂျင်တီးနားသားအုပ်စုကိုဖြိုချခဲ့ကြောင်းလည်းသိရပါတယ်။ဘက်ပေးရဲ့စနက်ကြောင့်မက်ဆီကလွဲပြီးကျန်အာဂျင်တီးနားသားအားလုံးပဲရစ်မှထွက်ခဲ့ရပါတယ်။
ယင်းကဲ့သို့အနေအထားများကြောင့်မက်ဆီနှင့်ဘက်ပေးတို့အကြား ဆက်ဆံရေးမှာတင်းမာနေခဲ့တာဖြစ်ပြီးယနေ့ည ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် သူတပြန်ကိုယ်တပြန်အနိုင်ယူရေးကြိုးပမ်းလာကြဖို့ ရှိနေကြပါတယ်။
ZawGyi
ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီကတည္းက လီယြန္နယ္မက္ဆီႏွင့္ ျပႆနာရွိေနတဲ့ ကိုင္လီယန္ဘက္ေပး
လီယြန္နယ္မက္ဆီႏွင့္ကိုင္လီယန္ဘက္ေပးတို႔ကယေန႔ညကမာၻ႔ဖလားဗိုလ္လုပြဲရဲ႕အဓိကဇာတ္လိုက္ႏွစ္ဦးျဖစ္ၾကပါတယ္။ဒါေပမဲ့၎တို႔အၾကားမွာလည္းအဖုအထစ္ေတြကရွိႏွင့္ၿပီးသားျဖစ္ပါတယ္။
ယေန႔ညဗိုလ္လုပြဲထိပ္တိုက္ေတြ႕လာၾကမဲ့မက္ဆီႏွင့္ကိုင္လီယန္ဘက္ေပးတို႔နဲ႔ပတ္သက္ၿပီးေျပာၾကေဆြးေႏြးၾကသူေတြအမ်ားႀကီးပါ။
မက္ဆီအတြက္ယေန႔ညကမာၻ႔ဖလားဗိုလ္လုပြဲကေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္လာပါမယ္။တဖက္တြင္ဘက္ေပးဟာလည္းကမာၻ႔ဖလားႏွစ္ႀကိမ္ဆက္ဆြတ္ခူးႏိုင္ၿပီး GOAT စာရင္းထဲဝင္ဖို႔တာစူေနပါတယ္။
ဘက္ေပးဟာၿပီးခဲ့တဲ့ေမာ္႐ိုကိုႏွင့္ဆီမီးပြဲအၿပီးမွာပီအက္စ္ဂ်ီကစားေဖာ္ဟာကီမီႏွင့္အက်ႌလွဲလွယ္ၿပီးဥမင္လႈိဏ္ေခါင္းထဲမွာလည္းခင္ခင္မင္မင္ႏွင့္အခ်ိန္အတန္ၾကာစကားေျပာခဲ့တာေတြ႕ရပါတယ္။
ဒါေပမဲ့ယေန႔ညဗိုလ္လုပြဲမွာေတာ့မက္ဆီႏွင့္ဘက္ေပးတို႔ရဲ႕ပီအက္စ္ဂ်ီကစားေဖာ္အၾကားယင္းသို႔အျဖစ္အပ်က္မ်ိဳးျမင္ေတြ႕လာရဖို႔ေတာ့မရွိပါဘူး။စပိန္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရဘက္ေပးႏွင့္မက္ဆီတို႔အၾကားမွာျပႆနာေတြကရွိႏွင့္ထားၿပီးသားျဖစ္ေၾကာင္းသိရပါတယ္။
စပိန္သတင္းစာ El Pais ကဘက္ေပးႏွင့္မက္ဆီတို႔ဟာပီအက္စ္ဂ်ီတြင္တစ္ႏွစ္ေက်ာ္ၾကာတြဲကစားလာခဲ့ၾကေပမဲ့လည္းပေရာ္ဖက္ရွင္နယ္ဆက္ဆံမႈကလြဲၿပီးမပိုေၾကာင္းေဖာ္ျပလာပါတယ္။
ဘက္ေပးဟာေနမာႏွင့္အဆင္မေျပမႈနဲ႔အတူ မက္ဆီႏွင့္လည္းပုဂၢိဳလ္ေရးပိုင္းခင္မင္ျခင္းမရွိတာျဖစ္ပါတယ္။
ဒါ့အျပင္ Marca ကလည္းေႏြရာသီတြင္ပီအက္စ္ဂ်ီႏွင့္ေပါင္သန္း၅၀၀တန္ေၾကးရွိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ပိုင္းမွာဘက္ေပးနဲ႔မက္ဆီအၾကားဆက္ဆံေရးပိုမိုဆိုး႐ြားလာေၾကာင္းလည္းေဖာ္ျပသြားပါတယ္။
ဘက္ေပးဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္ပိုင္းမွာအဝတ္အစားလဲခန္းအတြင္းတြင္ပိုမိုဩဇာသက္ေရာက္လာခဲ့ပါတယ္။မက္ဆီကသူ႔ကိုတခ်ိန္တုန္းကဘာစီလိုနာတြင္ေပးခဲ့တဲ့ပါဝါမ်ိဳးကိုဘက္ေပးရရွိေနတယ္လို႔ယူဆေနပါတယ္။
ဒါ့အျပင္ဘက္ေပးဟာေႏြရာသီတုန္းကပီအက္စ္ဂ်ီအသင္းအဝတ္အစားလဲခန္းမွမက္ဆီ၊ဒီမာရီယာ၊ပါရီဒက္စ္၊ေမာ္႐ိုအိုင္ကာဒီ၊နည္းျပပိုခ်က္တီႏိုအစရွိတဲ့အာဂ်င္တီးနားသားအုပ္စုကိုၿဖိဳခ်ခဲ့ေၾကာင္းလည္းသိရပါတယ္။ဘက္ေပးရဲ႕စနက္ေၾကာင့္မက္ဆီကလြဲၿပီးက်န္အာဂ်င္တီးနားသားအားလုံးပဲရစ္မွထြက္ခဲ့ရပါတယ္။
ယင္းကဲ့သို႔အေနအထားမ်ားေၾကာင့္မက္ဆီႏွင့္ဘက္ေပးတို႔အၾကား ဆက္ဆံေရးမွာတင္းမာေနခဲ့တာျဖစ္ၿပီးယေန႔ည ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ သူတျပန္ကိုယ္တျပန္အႏိုင္ယူေရးႀကိဳးပမ္းလာၾကဖို႔ ရွိေနၾကပါတယ္။