ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ၇ သင်းမောင်းကနေ ငွေထုတ်ပြီး ပေါင် ၂၄၀၀၀၀ ရရှိသွားတဲ့ ပရိသတ်

ဉာဏ်ကောင်းလွန်းလှတဲ့ဘောလုံးလောင်းသမားတစ်ဦးဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ သူ့ရဲ့၇သင်းမောင်းပြီးဆုံးအောင်မကြည့်တော့ဘဲ ရတဲ့ငွေထုတ်ပြီးပျော်ရွှင်နိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားဒါနီရယ်ဖော်တီဟာမတ်လတုန်းက၂၁ပေါင်မောင်းလောင်းခဲ့တာဖြစ်ပြီးယင်းအထဲမှာပြင်သစ်တို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။

သူဟာမန်စီးတီးကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့မှန်ကန်စွာခန့်မှန်းနိုင်ခဲ့သလို အေစီမီလန်ကိုစီးရီးအေဖလား၊လေ့စ်အိန်ဂျယ်လိစ်အက်ဖ်စီကိုအမေရိကန်မေဂျာလိဂ်ဖလားရမယ်လို့လည်းမှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင်သူဟာGolden State Warriors ကို NBA မှာအနိုင်ရမယ်ဆိုပြီးတော့လည်းကောင်း၊Colorado Avalancheကို ရေခဲပြင်ဟော်ကီ Stanley Cup ဖလားရမယ်လို့လည်းကောင်း၊ ကန်ဆက်စ်ကို NCAA ဘတ်စကက်ဘောဖလားရမယ်လို့လည်းကောင်းမှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပါတယ်။

သူဟာတကယ်လို့များပြင်သစ်သာကမ္ဘာ့ဖလားချန်ပီယံဖြစ်ရင်ပေါင်၅၅၇၇၇၀ရရှိလာပါမယ်။ဒါပေမဲ့သူဟာလောဘမတက်တော့ဘဲ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရန်နာရီအနည်းငယ်အလိုမှာ၇ သင်းမောင်းကနေ ၆ မောင်းအအောင်ဖြင့်ပေါင်၂၄၀၀၀၀ထုတ်ယူကျေနပ်လိုက်ပါတယ်။

သူ့ရဲ့ဆုံးဖြတ်ချက်ဟာလည်းမှန်ကန်ခဲ့ပါတယ်။ပြင်သစ်ဟာပွဲချိန်အတွင်း၃ဂိုးစီသရေကျခဲ့ပေမဲ့ပင်နယ်တီအဆုံးအဖြတ်မှာအာဂျင်တီးနားကိုရှုံးနိမ့်သွားခဲ့ပါတယ်။

ဖော်တီဟာယင်းငွေကိုထုတ်ဖို့အတွက်လေ့စ်ဗီးဂက်စ်ကနေအရီဇိုးနားအထိ မို၇၀၀အထိခရီးနှင်ခဲ့ရပါသေးတယ်။သူ့ရဲ့အွန်လိုင်းလောင်းကစားApp ဖြစ်တဲ့ FanDuel ကနီဗာဒါမှာအလုပ်မလုပ်လို့ဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီ ၇ သင္းေမာင္းကေန ေငြထုတ္ၿပီး ေပါင္ ၂၄၀၀၀၀ ရရွိသြားတဲ့ ပရိသတ္

ဉာဏ္ေကာင္းလြန္းလွတဲ့ေဘာလုံးေလာင္းသမားတစ္ဦးဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီ သူ႔ရဲ႕၇သင္းေမာင္းၿပီးဆုံးေအာင္မၾကည့္ေတာ့ဘဲ ရတဲ့ေငြထုတ္ၿပီးေပ်ာ္႐ႊင္ႏိုင္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသားဒါနီရယ္ေဖာ္တီဟာမတ္လတုန္းက၂၁ေပါင္ေမာင္းေလာင္းခဲ့တာျဖစ္ၿပီးယင္းအထဲမွာျပင္သစ္တို႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္ဆိုတဲ့အခ်က္လည္းပါဝင္ပါတယ္။

သူဟာမန္စီးတီးကိုပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ္လို႔မွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့သလို ေအစီမီလန္ကိုစီးရီးေအဖလား၊ေလ့စ္အိန္ဂ်ယ္လိစ္အက္ဖ္စီကိုအေမရိကန္ေမဂ်ာလိဂ္ဖလားရမယ္လို႔လည္းမွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္သူဟာGolden State Warriors ကို NBA မွာအႏိုင္ရမယ္ဆိုၿပီးေတာ့လည္းေကာင္း၊Colorado Avalancheကို ေရခဲျပင္ေဟာ္ကီ Stanley Cup ဖလားရမယ္လို႔လည္းေကာင္း၊ ကန္ဆက္စ္ကို NCAA ဘတ္စကက္ေဘာဖလားရမယ္လို႔လည္းေကာင္းမွန္ကန္စြာခန႔္မွန္းႏိုင္ခဲ့ပါတယ္။

သူဟာတကယ္လို႔မ်ားျပင္သစ္သာကမာၻ႔ဖလားခ်န္ပီယံျဖစ္ရင္ေပါင္၅၅၇၇၇၀ရရွိလာပါမယ္။ဒါေပမဲ့သူဟာေလာဘမတက္ေတာ့ဘဲ ကမာၻ႔ဖလားဗိုလ္လုပြဲကစားရန္နာရီအနည္းငယ္အလိုမွာ၇ သင္းေမာင္းကေန ၆ ေမာင္းအေအာင္ျဖင့္ေပါင္၂၄၀၀၀၀ထုတ္ယူေက်နပ္လိုက္ပါတယ္။

သူ႔ရဲ႕ဆုံးျဖတ္ခ်က္ဟာလည္းမွန္ကန္ခဲ့ပါတယ္။ျပင္သစ္ဟာပြဲခ်ိန္အတြင္း၃ဂိုးစီသေရက်ခဲ့ေပမဲ့ပင္နယ္တီအဆုံးအျဖတ္မွာအာဂ်င္တီးနားကိုရႈံးနိမ့္သြားခဲ့ပါတယ္။

ေဖာ္တီဟာယင္းေငြကိုထုတ္ဖို႔အတြက္ေလ့စ္ဗီးဂက္စ္ကေနအရီဇိုးနားအထိ မို၇၀၀အထိခရီးႏွင္ခဲ့ရပါေသးတယ္။သူ႔ရဲ႕အြန္လိုင္းေလာင္းကစားApp ျဖစ္တဲ့ FanDuel ကနီဗာဒါမွာအလုပ္မလုပ္လို႔ျဖစ္ပါတယ္။