
ပြင်သစ်ဟာတနင်္ဂနွေနေ့ညအာဂျင်တီးနားနှင့်ရင်ဆိုင်ကစားရမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီနောက်ထပ်ကစားသမားတစ်ဦးရဲ့ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်ပြီးစိုးရိမ်နေရပြီဖြစ်ပါတယ်။
မော်ရိုကိုနှင့်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီဒါယော့အူပါမီကာနိုနှင့်အက်ဒရီယန်ရာဘီယော့တို့ နေထိုင်မကောင်းဖြစ်ခဲ့ကြပြီးဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာမော်ရိုကိုအား၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲကိုလွဲချော်ခဲ့ကြပါတယ်။
ယခုအခါအူပါမီကာနိုနှင့်ရာဘီယော့တို့ဟာတနင်္ဂနွေနေ့ညအာဂျင်တီးနားနှင့်ဗိုလ်လုပွဲအတွက်အသင့်ဖြစ်နေကြပြီဖြစ်ပါတယ်။
ဒါပေမဲ့အခြားပြင်သစ်ကစားသမားတစ်ဦးမှာနေထိုင်မကောင်းဖြစ်လာပြန်ပါတယ်။တောင်ပံကစားသမားကိန်းစလေကိုးမန်းမှာနေမကောင်းဖြစ်နေတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာကာတာမှာရာသီဥတုပူပြင်းမှုနဲ့အတူ အဲယားကွန်းများအသုံးပြုနေရမှုကြောင့်ကစားသမားများ လည်ချောင်းနာခြင်း၊နှာရည်ယိုခြင်း၊နေထိုင်မကောင်းဖြစ်ခြင်းတို့ကြုံနေရပါတယ်။
ZawGyi
ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီ ျပင္သစ္ရဲ႕တတိယေျမာက္စတားတစ္ဦး ေနမေကာင္းျဖစ္ေန
ျပင္သစ္ဟာတနဂၤေႏြေန႔ညအာဂ်င္တီးနားႏွင့္ရင္ဆိုင္ကစားရမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီေနာက္ထပ္ကစားသမားတစ္ဦးရဲ႕ႀကံ့ခိုင္မႈပိုင္းႏွင့္ပတ္သက္ၿပီးစိုးရိမ္ေနရၿပီျဖစ္ပါတယ္။
ေမာ္႐ိုကိုႏွင့္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မတိုင္မီဒါေယာ့အူပါမီကာႏိုႏွင့္အက္ဒရီယန္ရာဘီေယာ့တို႔ ေနထိုင္မေကာင္းျဖစ္ခဲ့ၾကၿပီးျဖစ္ပါတယ္။
၎တို႔ႏွစ္ဦးဟာေမာ္႐ိုကိုအား၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲကိုလြဲေခ်ာ္ခဲ့ၾကပါတယ္။
ယခုအခါအူပါမီကာႏိုႏွင့္ရာဘီေယာ့တို႔ဟာတနဂၤေႏြေန႔ညအာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲအတြက္အသင့္ျဖစ္ေနၾကၿပီျဖစ္ပါတယ္။
ဒါေပမဲ့အျခားျပင္သစ္ကစားသမားတစ္ဦးမွာေနထိုင္မေကာင္းျဖစ္လာျပန္ပါတယ္။ေတာင္ပံကစားသမားကိန္းစေလကိုးမန္းမွာေနမေကာင္းျဖစ္ေနတာျဖစ္ပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရာကာတာမွာရာသီဥတုပူျပင္းမႈနဲ႔အတူ အဲယားကြန္းမ်ားအသုံးျပဳေနရမႈေၾကာင့္ကစားသမားမ်ား လည္ေခ်ာင္းနာျခင္း၊ႏွာရည္ယိုျခင္း၊ေနထိုင္မေကာင္းျဖစ္ျခင္းတို႔ႀကဳံေနရပါတယ္။