
ပေါလ်ပေါ့ဘာဟာ ပြင်သစ်နှင့်အာဂျင်တီးနားတို့ရင်ဆိုင်ကစားကြမယ့်ယနေ့ညကမ္ဘာ့ဖလားဗိုလ်လုပွဲကိုကိုယ်တိုင်သွားရောက်ကြည့်ရှုမှုပိတ်ပင်ခြင်းခံထားရကြောင်းသိရပါတယ်။
အသက်၂၉နှစ်ရှိပေါလ်ပေါ့ဘာဟာယူနိုက်တက်မှအသင်းဟောင်းဂျူဗင်တပ်သို့ပြန်လည်ပြောင်းရွှေ့ပြီးနောက်လေ့ကျင့်ခန်းအစီအစဉ်တွင်ဒူးဒဏ်ရာအပြင်းအထန်ရရှိကာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကိုလွဲချော်ထားသူဖြစ်ပါတယ်။
သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နိုင်ရန်ဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပေမဲ့အချိန်မီပြန်လည်ကောင်းမွန်လာခဲ့ခြင်းမရှိပါဘူး။
ပေါလ်ပေါ့ဘာဟာသူ့ရဲ့ပြင်သစ်အသင်းကိုနေအိမ်မှာအားပေးကြည့်ရှုနေပါတယ်။
ဒါပေမဲ့ပေါလ်ပေါ့ဘာဟာယနေ့ညတွင် Lusail Stadium တွင်ကစားမဲ့ဗိုလ်လုပွဲကိုကစားဖော်အန်ဂိုလိုကန်တီ၊ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်တို့နဲ့အတူတက်ရောက်ကြည့်ရှုအားပေးလိုခဲ့ပေမဲ့လည်းဂျူဗင်တပ်ရဲ့တားမြစ်ခြင်းခံထားရကြောင်း Le Parisien ကဖော်ပြသွားပါတယ်။
ဂျူဗင်တပ်ဟာပေါလ်ပေါ့ဘာမှာဒဏ်ရာမှလုံးဝပျောက်ကင်းသွားခြင်းမရှိသေးရာကာတာသို့နာရီပေါင်းများစွာလေယာဉ်ခရီးစီးရမှာဖြစ်လို့ ဒဏ်ရာအခြေအနေပိုမိုဆိုးလာနိုင်မှုနဲ့အတူကြည့်ရှုခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။
ပေါလ်ပေါ့ဘာရဲ့ဒူးဒဏ်ရာဟာတိုးတက်မှုနှေးကွေးလျက်ရှိပြီးယခုတိုင်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးပါဘူး။
ZawGyi
ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ သြားေရာက္ၾကည့္ရႈခြင့္ ပိတ္ပင္ခံထားရတဲ့ ေပါလ္ေပါ့ဘာ
ေပါလ္ေပါ့ဘာဟာ ျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရင္ဆိုင္ကစားၾကမယ့္ယေန႔ညကမာၻ႔ဖလားဗိုလ္လုပြဲကိုကိုယ္တိုင္သြားေရာက္ၾကည့္ရႈမႈပိတ္ပင္ျခင္းခံထားရေၾကာင္းသိရပါတယ္။
အသက္၂၉ႏွစ္ရွိေပါလ္ေပါ့ဘာဟာယူႏိုက္တက္မွအသင္းေဟာင္းဂ်ဴဗင္တပ္သို႔ျပန္လည္ေျပာင္းေ႐ႊ႕ၿပီးေနာက္ေလ့က်င့္ခန္းအစီအစဥ္တြင္ဒူးဒဏ္ရာအျပင္းအထန္ရရွိကာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံးကိုလြဲေခ်ာ္ထားသူျဖစ္ပါတယ္။
သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္ႏိုင္ရန္ဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ေပမဲ့အခ်ိန္မီျပန္လည္ေကာင္းမြန္လာခဲ့ျခင္းမရွိပါဘူး။
ေပါလ္ေပါ့ဘာဟာသူ႔ရဲ႕ျပင္သစ္အသင္းကိုေနအိမ္မွာအားေပးၾကည့္ရႈေနပါတယ္။
ဒါေပမဲ့ေပါလ္ေပါ့ဘာဟာယေန႔ညတြင္ Lusail Stadium တြင္ကစားမဲ့ဗိုလ္လုပြဲကိုကစားေဖာ္အန္ဂိုလိုကန္တီ၊ျပင္သစ္သမၼတအီမန္ႏူရယ္မက္ခ႐ြန္တို႔နဲ႔အတူတက္ေရာက္ၾကည့္ရႈအားေပးလိုခဲ့ေပမဲ့လည္းဂ်ဴဗင္တပ္ရဲ႕တားျမစ္ျခင္းခံထားရေၾကာင္း Le Parisien ကေဖာ္ျပသြားပါတယ္။
ဂ်ဴဗင္တပ္ဟာေပါလ္ေပါ့ဘာမွာဒဏ္ရာမွလုံးဝေပ်ာက္ကင္းသြားျခင္းမရွိေသးရာကာတာသို႔နာရီေပါင္းမ်ားစြာေလယာဥ္ခရီးစီးရမွာျဖစ္လို႔ ဒဏ္ရာအေျခအေနပိုမိုဆိုးလာႏိုင္မႈနဲ႔အတူၾကည့္ရႈခြင့္ပိတ္ပင္ထားတာျဖစ္ပါတယ္။
ေပါလ္ေပါ့ဘာရဲ႕ဒူးဒဏ္ရာဟာတိုးတက္မႈေႏွးေကြးလ်က္ရွိၿပီးယခုတိုင္ေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိေသးပါဘူး။