
ဖီဖာဥက္ကဌဂျီယန်နီအင်ဖင်တီနိုဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်ကွင်းအတွင်းသို့ခွင့်ပြုချက်မရဘဲဝင်ရောက်အောင်ပွဲခံမှုပြုလုပ်မှုအတွက်ဖီဖာရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ နာမည်ကြီးစာဖိုမှူးSalt Bae ကိုအင်စတာဂရမ်တွင် Unfollow လုပ်လာပါတယ်။
Salt Bae ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်ခွင့်ပြုချက်မရရှိဘဲကွင်းအတွင်းသို့ဆင်းကာ အာဂျင်တီးနားကစားသမားများနှင့်အတူကမ္ဘာ့ဖလားအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
သူဟာအာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီနှင့်ဓာတ်ပုံအတင်းရိုက်ကူးရန်ကြိုုးပမ်းခဲ့တဲ့အပြင် အခြားအာဂျင်တီးနားစတားများနှင့်လည်းဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ဒါ့အပြင်သူဟာကမ္ဘာ့ဖလားကိုင်မြှောက်ခြင်း၊ဆုတံဆိပ်ကိုကိုက်ခြင်းတို့လည်းပြုလုပ်ခဲ့ပါသေးတယ်။
ဖီဖာဟာအစောပိုင်းတုန်းကSalt Bae ရဲ့လုပ်ရပ်ကိုနှုတ်ဆိတ်နေခဲ့ပေမဲ့လည်းနောက်ပိုင်းတွင် သူ့ရဲ့ကွင်းအတွင်းဆင်းလာနိုင်မှုနဲ့ပတ်သက်ပြီးတရားဝင်စစ်ဆေးမှုပြုလုပ်လာခဲ့ပါတယ်။
ယခုအခါဖီဖာဥက္ကဌအန်ဖင်တီနိုဟာ Salt Bae ရဲ့အင်စတာဂရမ်အကောင့်ကို Unfollow လုပ်လာပါတယ်။သူဟာယခင်တုန်းက လူ၃၀၃ဦးတည်းကိုသာ Follow လုပ်လာတာဖြစ်ပါတယ်။ Salt Bae ဟာအင်စတာဂရမ်အကောင့်တွင် Follower ၄၉.၉သန်းရှိသူလည်းဖြစ်ပါတယ်။
အန်ဖင်တီနိုဟာဇန်နဝါရီလတုန်းကဒူဘိုင်းရှိ Salt Bae ရဲ့စားသောက်ဆိုင်သို့ သွားရောက်ကာစားသောက်ခဲ့ဖူးသူဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားဗိုလ္လုပြဲအျငင္းပြားဖြယ္ျဖစ္ရပ္ျဖစ္ပ်က္ၿပီးေနာက္ Salt Bae ကို Unfollow လုပ္လာတဲ့ ဖီဖာဥကၠဌ
ဖီဖာဥကၠဌဂ်ီယန္နီအင္ဖင္တီႏိုဟာကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္ကြင္းအတြင္းသို႔ခြင့္ျပဳခ်က္မရဘဲဝင္ေရာက္ေအာင္ပြဲခံမႈျပဳလုပ္မႈအတြက္ဖီဖာရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရတဲ့ နာမည္ႀကီးစာဖိုမႉးSalt Bae ကိုအင္စတာဂရမ္တြင္ Unfollow လုပ္လာပါတယ္။
Salt Bae ဟာကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္ခြင့္ျပဳခ်က္မရရွိဘဲကြင္းအတြင္းသို႔ဆင္းကာ အာဂ်င္တီးနားကစားသမားမ်ားႏွင့္အတူကမာၻ႔ဖလားေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။
သူဟာအာဂ်င္တီးနားအသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီႏွင့္ဓာတ္ပုံအတင္း႐ိုက္ကူးရန္ႀကိဳုးပမ္းခဲ့တဲ့အျပင္ အျခားအာဂ်င္တီးနားစတားမ်ားႏွင့္လည္းဓာတ္ပုံ႐ိုက္ကူးခဲ့ပါတယ္။ဒါ့အျပင္သူဟာကမာၻ႔ဖလားကိုင္ေျမႇာက္ျခင္း၊ဆုတံဆိပ္ကိုကိုက္ျခင္းတို႔လည္းျပဳလုပ္ခဲ့ပါေသးတယ္။
ဖီဖာဟာအေစာပိုင္းတုန္းကSalt Bae ရဲ႕လုပ္ရပ္ကိုႏႈတ္ဆိတ္ေနခဲ့ေပမဲ့လည္းေနာက္ပိုင္းတြင္ သူ႔ရဲ႕ကြင္းအတြင္းဆင္းလာႏိုင္မႈနဲ႔ပတ္သက္ၿပီးတရားဝင္စစ္ေဆးမႈျပဳလုပ္လာခဲ့ပါတယ္။
ယခုအခါဖီဖာဥကၠဌအန္ဖင္တီႏိုဟာ Salt Bae ရဲ႕အင္စတာဂရမ္အေကာင့္ကို Unfollow လုပ္လာပါတယ္။သူဟာယခင္တုန္းက လူ၃၀၃ဦးတည္းကိုသာ Follow လုပ္လာတာျဖစ္ပါတယ္။ Salt Bae ဟာအင္စတာဂရမ္အေကာင့္တြင္ Follower ၄၉.၉သန္းရွိသူလည္းျဖစ္ပါတယ္။
အန္ဖင္တီႏိုဟာဇန္နဝါရီလတုန္းကဒူဘိုင္းရွိ Salt Bae ရဲ႕စားေသာက္ဆိုင္သို႔ သြားေရာက္ကာစားေသာက္ခဲ့ဖူးသူျဖစ္ပါတယ္။