ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြုအမှုများကြောင့် ဂုဏ်သိက္ခာမြင့်ဘောလုံးပြိုင်ပွဲသို့ တက်ခွင့်ပိတ်ခံလာရတဲ့ Salt Bae

Salt Bae ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမှအပြုအမှုများကြောင့်တစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပြီးနောက် US Open Cup ပြိုင်ပွဲသို့တက်ရောက်ခွင့်ပိတ်ပင်ခြင်းခံလာရပါတယ်။

Celebrity Chef ဟာအမေရိကန်ဘောလုံးလောကရဲ့သက်တမ်းအရင့်ဆုံးဘောလုံးပြိုင်ပွဲသို့တက်ရောက်ခွင့်ပိတ်ပင်ခံလာရတာလည်းဖြစ်ပါတယ်။US Open Cupကို၁၉၁၄ခုနှစ်ကတည်းကျင်းပလာတာဖြစ်ပြီးအမေရိကန်တွင်သက်တမ်းအရင့်ဆုံးဘောလုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။

US Open Cup က၂၀၂၃ခုနှစ်ဗိုလ်လုပွဲသို့ Salt Bae တက်ရောက်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းကြေညာလာတာလည်းဖြစ်ပါတယ်။

Salt Bae ဟာပြင်သစ်ကိုပင်နယ်တီအဆုံးအဖြတ်တွင်၄-၂ဖြင့်အနိုင်ရရှိကာအာဂျင်တီးနားတို့ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးနောက် ကွင်းအတွင်းသို့ဆင်းကာလီယွန်နယ်မက်ဆီနဲ့အတင်း ဓာတ်ပုံရိုက်ကူးခဲ့သလိုကမ္ဘာ့ဖလားကိုလည်းကိုင်မြှောက်အောင်ပွဲခံခဲ့ပါတယ်။

Salt Bae ဟာကနဦးတွင်မက်ဆီရဲ့ငြင်းပယ်ခြင်းခံရပေမဲ့အတင်းလိုက်ကပ်ကာဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi





Salt Bae ဟာပြင်သစ်ကိုပင်နယ်တီအဆုံးအဖြတ်တွင်၎-၂ဖြင့်အနိုင်ရရှိကာအာဂျင်တီးနားတို့ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးနောက် ကွင်းအတွင်းသို့ဆင်းကာလီယွန်နယ်မက်ဆီနဲ့အတင်း ဓာတ်ပုံရိုက်ကူးခဲ့သလိုကမ္ဘာ့ဖလားကိုလည်းကိုင်မြှောက်အောင်ပွဲခံခဲ့ပါတယ်။
