ကမ္ဘာ့ဖလားဗိုလ်လုပွဲ လုပ်ရပ်များကြောင့် ဖီဖာရဲ့စွဲချက်တင်ခြင်းခံလာရတဲ့ ချန်ပီယံအာဂျင်တီးနား

ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းဟာကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှလုပ်ရပ်များကြောင့်စွဲချက်တင်ခြင်းခံရကာဖီဖာရဲ့အရေးယူခြင်းလာရတော့မှာဖြစ်ပါတယ်။

အာဂျင်တီးနားဟာကစားသမားများတင်မကအသင်းတာဝန်ရှိသူများရဲ့လုပ်ရပ်များကြောင့်ပါ ဖီဖာရဲ့စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပြင်သစ်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာ၁၉၈၆ခုနှစ်နောက်ပိုင်းပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ဖီဖာဟာအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကိုစွဲချက်တင်လာပေမဲ့မည်သည့်ကစားသမား၊မည်သည့်နည်းပြတို့ရဲ့မည်သည့်လုပ်ရပ်တို့ကြောင်းစွဲချက်တင်လာတယ်ဆိုတာကြေညာသွားခဲ့ခြင်းမရှိပါဘူး။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်အာဂျင်တီးနားဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ဟာအကောင်းဆုံးဂိုးသမားဆုဖြင့်မဖွယ်မရာအောင်ပွဲခံခဲ့သလိုအဝတ်အစားလဲခန်းအတွင်းတွင်ကိုင်လီယန်ဘက်ပေးအတွက်တစ်မိနစ်ကြာငြိမ်သက်ပေးကြရန်လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်ခရိုအေးရှားကိုအာဂျင်တီးနားကအနိုင်ရတဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမှာလည်းခွဲခြားဆက်ဆံမှု၊လုံခြုံရေးစိတ်မချရမှုစသည်တို့ဖြင့်စစ်ဆေးခြင်းခံနေရပါတယ်။

ဖီဖာဟာကမ္ဘာ့ဖလားပြိုင်ပွဲမှဖြစ်ရပ်များတွက်ဆားဘီးယားကိုပေါင်၄၄၀၀၀၊မက္ကဆီကို၊အီကွေဒေါတို့ကိုပေါင်၈၈၀၀၀နှင့်ပေါင်၁၇၆၅၀ ဒဏ်ရိုက်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားဗိုလ္လုပြဲ လုပ္ရပ္မ်ားေၾကာင့္ ဖီဖာရဲ႕စြဲခ်က္တင္ျခင္းခံလာရတဲ့ ခ်န္ပီယံအာဂ်င္တီးနား

ကမာၻ႔ဖလားခ်န္ပီယံအာဂ်င္တီးနားအသင္းဟာကာတာကမာၻ႔ဖလားဗိုလ္လုပြဲမွလုပ္ရပ္မ်ားေၾကာင့္စြဲခ်က္တင္ျခင္းခံရကာဖီဖာရဲ႕အေရးယူျခင္းလာရေတာ့မွာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာကစားသမားမ်ားတင္မကအသင္းတာဝန္ရွိသူမ်ားရဲ႕လုပ္ရပ္မ်ားေၾကာင့္ပါ ဖီဖာရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ျပင္သစ္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာ၁၉၈၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဖီဖာဟာအာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ကိုစြဲခ်က္တင္လာေပမဲ့မည္သည့္ကစားသမား၊မည္သည့္နည္းျပတို႔ရဲ႕မည္သည့္လုပ္ရပ္တို႔ေၾကာင္းစြဲခ်က္တင္လာတယ္ဆိုတာေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္အာဂ်င္တီးနားဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ဟာအေကာင္းဆုံးဂိုးသမားဆုျဖင့္မဖြယ္မရာေအာင္ပြဲခံခဲ့သလိုအဝတ္အစားလဲခန္းအတြင္းတြင္ကိုင္လီယန္ဘက္ေပးအတြက္တစ္မိနစ္ၾကာၿငိမ္သက္ေပးၾကရန္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ခ႐ိုေအးရွားကိုအာဂ်င္တီးနားကအႏိုင္ရတဲ့ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲမွာလည္းခြဲျခားဆက္ဆံမႈ၊လုံၿခဳံေရးစိတ္မခ်ရမႈစသည္တို႔ျဖင့္စစ္ေဆးျခင္းခံေနရပါတယ္။

ဖီဖာဟာကမာၻ႔ဖလားၿပိဳင္ပြဲမွျဖစ္ရပ္မ်ားတြက္ဆားဘီးယားကိုေပါင္၄၄၀၀၀၊မကၠဆီကို၊အီေကြေဒါတို႔ကိုေပါင္၈၈၀၀၀ႏွင့္ေပါင္၁၇၆၅၀ ဒဏ္႐ိုက္ခဲ့ၿပီးလည္းျဖစ္ပါတယ္။