
ပရီးမီးယားလိဂ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီနောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အားဖျက်သိမ်းရန်တိုက်တွန်းခြင်းခံလာရပါတယ်။
အင်္ဂလန်စတားများဟာနောက်ပိုင်းတွင်ပွဲဆက်များမှုနှင့်အတူဒဏ်ရာပြဿနာများကြုံလာရပြီးဆောက်ဂိတ်အတွက်ပြဿနာမြင့်တက်နေသလိုအခြားနိုင်ငံများအတွက်လည်းပြဿနာကြုံလာနေပါတယ်။
ချဲလ်ဆီးဘယ်နောက်ခံလူဘင်ချဲလ်ဝဲလ်မှာကြားရက်တုန်းကဒိုင်နမိုဇာဂရက်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲပြီးခါနီးတွင်ဒဏ်ရာရရှိမှုကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ရမယ့်အခြေအနေမျိုးတွင်ရှိနေပါတယ်။
ပရီးမီးယားလိဂ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပွဲစဉ်နှစ်ပွဲကစားသွားရဦးမှာဖြစ်ပြီး ကမ္ညာ့ဖလားမစတင်မီ တစ်ပတ်အလိုတွင် နောက်ဆုံးပွဲစဉ်အဖြစ်နိုဝင်ဘာလ၁၂ရက်နှင့်၁၃ရက်နေ့တို့တွင်ကစားသွားပါမယ်။
စပါးစ်အလယ်တန်းကစားသမားဟောင်းဂျေမီအိုဟားရားက အင်္ဂလန်စတားများနောက်ထပ်ရရှိလာမှုမှရှောင်လွဲနိုင်ရန်အတွက် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကိုဖျက်သိမ်းသင့်ကြောင်းဆိုသွားပါတယ်။
အိုဟားရားက “ပရီးမီးယားလိဂ်နောက်ဆုံးပွဲကိုဖျက်သိမ်းပြီးတော့ကစားသမားတွေကိုအသက်ရှူချောင်သွားအောင်လုပ်ပေးလိုက်ပါ။ပရီးမီးယားလိဂ်ဘက်ကလုပ်သင့်ပါတယ်။မဟုတ်ရင်လည်းကစားသမားတွေဘက်ကလုပ်သင့်တယ်။ဒါကပရီးမီးယားလိဂ်ပါဝင်နေတဲ့ပြဿနာပါ။ဒါကငွေအတွက်၊ဝင်ငွေအတွက်လုပ်နေတာပါ။ကစားသမားတွေကိုကာကွယ်ဖို့အတွက်မဟုတ်ပါဘူး။ပွဲတွေအရမ်းများတယ်။ဒဏ်ရာပြဿနာအရမ်းများတယ်။အင်္ဂလန်နာကျင်လာရလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်ပွဲနှစ်ပွဲကြားထဲတွင်ခါရာဘောင်ဖလားပွဲစဉ်လည်းကစားရန်ရှိပါသေးတယ်။
လက်ရှိအချိန်တွင်ချဲလ်ဆီးနောက်ခံလူဘင်ချဲလ်ဝဲလ်မှာကမ္ဘာ့ဖလားလွဲမလွဲမသေချာသေးပေမဲ့လည်းရီစီဂျိမ်းစ်မှာမူလွဲချော်ရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင်မန်စီးတီးရဲ့ကိုင်လီဝေါလ်ကားနဲ့ကယ်ဗင်ဖီးလစ်တို့မှာလည်းကြံ့ခိုင်မှုပြည့်ဝရေးအတွက်ကြိုးပမ်းနေကြတုန်းဖြစ်ပါတယ်။အဲဗာတန်တိုက်စစ်မှူးဒိုမီနစ်ကယ်ဗတ်လူးဝစ်မှာလည်းအချိန်မီကြံ့ခိုင်မှုပြည့်ဝမဲ့အခြေအနေမှာမရှိပါဘူး။
ZawGyi
ကမာၻ႔ဖလားမတိုင္မီ အဂၤလန္စတားမ်ား ဒဏ္ရာရရွိမႈျမင့္တက္ေနမႈေၾကာင့္ ေနာက္ဆုံးပြဲကို မကစားရန္ ပရီးမီးယားလိဂ္တိုက္တြန္းခံေနရ
ပရီးမီးယားလိဂ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္အားဖ်က္သိမ္းရန္တိုက္တြန္းျခင္းခံလာရပါတယ္။
အဂၤလန္စတားမ်ားဟာေနာက္ပိုင္းတြင္ပြဲဆက္မ်ားမႈႏွင့္အတူဒဏ္ရာျပႆနာမ်ားႀကဳံလာရၿပီးေဆာက္ဂိတ္အတြက္ျပႆနာျမင့္တက္ေနသလိုအျခားႏိုင္ငံမ်ားအတြက္လည္းျပႆနာႀကဳံလာေနပါတယ္။
ခ်ဲလ္ဆီးဘယ္ေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္မွာၾကားရက္တုန္းကဒိုင္နမိုဇာဂရက္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲၿပီးခါနီးတြင္ဒဏ္ရာရရွိမႈေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ရမယ့္အေျခအေနမ်ိဳးတြင္ရွိေနပါတယ္။
ပရီးမီးယားလိဂ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ ပြဲစဥ္ႏွစ္ပြဲကစားသြားရဦးမွာျဖစ္ၿပီး ကမ္ညာ့ဖလားမစတင္မီ တစ္ပတ္အလိုတြင္ ေနာက္ဆုံးပြဲစဥ္အျဖစ္ႏိုဝင္ဘာလ၁၂ရက္ႏွင့္၁၃ရက္ေန႔တို႔တြင္ကစားသြားပါမယ္။
စပါးစ္အလယ္တန္းကစားသမားေဟာင္းေဂ်မီအိုဟားရားက အဂၤလန္စတားမ်ားေနာက္ထပ္ရရွိလာမႈမွေရွာင္လြဲႏိုင္ရန္အတြက္ ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲစဥ္ကိုဖ်က္သိမ္းသင့္ေၾကာင္းဆိုသြားပါတယ္။
အိုဟားရားက “ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲကိုဖ်က္သိမ္းၿပီးေတာ့ကစားသမားေတြကိုအသက္ရႉေခ်ာင္သြားေအာင္လုပ္ေပးလိုက္ပါ။ပရီးမီးယားလိဂ္ဘက္ကလုပ္သင့္ပါတယ္။မဟုတ္ရင္လည္းကစားသမားေတြဘက္ကလုပ္သင့္တယ္။ဒါကပရီးမီးယားလိဂ္ပါဝင္ေနတဲ့ျပႆနာပါ။ဒါကေငြအတြက္၊ဝင္ေငြအတြက္လုပ္ေနတာပါ။ကစားသမားေတြကိုကာကြယ္ဖို႔အတြက္မဟုတ္ပါဘူး။ပြဲေတြအရမ္းမ်ားတယ္။ဒဏ္ရာျပႆနာအရမ္းမ်ားတယ္။အဂၤလန္နာက်င္လာရလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲၾကားထဲတြင္ခါရာေဘာင္ဖလားပြဲစဥ္လည္းကစားရန္ရွိပါေသးတယ္။
လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္မွာကမာၻ႔ဖလားလြဲမလြဲမေသခ်ာေသးေပမဲ့လည္းရီစီဂ်ိမ္းစ္မွာမူလြဲေခ်ာ္ရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။ဒါ့အျပင္မန္စီးတီးရဲ႕ကိုင္လီေဝါလ္ကားနဲ႔ကယ္ဗင္ဖီးလစ္တို႔မွာလည္းႀကံ့ခိုင္မႈျပည့္ဝေရးအတြက္ႀကိဳးပမ္းေနၾကတုန္းျဖစ္ပါတယ္။အဲဗာတန္တိုက္စစ္မႉးဒိုမီနစ္ကယ္ဗတ္လူးဝစ္မွာလည္းအခ်ိန္မီႀကံ့ခိုင္မႈျပည့္ဝမဲ့အေျခအေနမွာမရွိပါဘူး။