ကမ္ဘာ့ဖလားမထွက်ရအောင် ပင်နယ်တီတစ်ထောင်လေ့ကျင့်ထားကြောင်း အန်းနရစ်ဖွင့်ဟပြီးနောက် ပင်နယ်တီတစ်လုံးမျှမဝင်ခဲ့တဲ့ စပိန်

လူးဝစ်အန်းနရစ်ဟာကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှထွက်ခွာရမှုမှစပိန်အသင်းရှောင်လွဲနိုင်အောင်ပင်နယ်တီတစ်ထောင်လေ့ကျင့်စေခဲ့ပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုစပိန်အသင်းဟာအင်္ဂါနေ့ညတုန်းကမော်ရိုကိုကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

မော်ရိုကိုဟာစပိန်ကိုပွဲချိန်နှင့်အချိန်ပိုတို့တွင်ဂိုးမရှိသရေကစားပြီးနောက်ပင်နယ်တီအဆုံးဖြတ်တွင်၃-၀ဂိုးဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့အံ့ဩသင့်ဖွယ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။

စပိန်အသင်းမှပါဘလိုဆာရာဘီယာ၊ကားလို့စ်ဆိုလာနှင့်အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်တို့ပင်နယ်တီမဝင်ခဲ့ကြပါဘူး။

မော်ရိုကိုဘက်ကတော့ဆာဘီရီ၊ဟာကီမီနှင့်ဟာကမ်ဇီယက်ချ်တို့ပင်နယ်တီအသီးသီးဝင်ခဲ့ကြပါတယ်။

မော်ရိုကိုအသင်းဟာသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီးပေါ်တူဂီနှင့်ရင်ဆိုင်ကစားရပါမယ်။

မော်ရိုကိုနှင့်ပွဲမတိုင်မီစပိန်နည်းပြအန်းနရစ်ကယူရို၂၀၂၀တုန်းကအီတလီကိုပင်နယ်တီဖြင့်ရှုံးနိမ့်ကာထွက်ခွာရတာမျိုးမဖြစ်အောင် ကစားသမားများ ပင်နယ်တီကန်သွင်းမှုအနည်းဆုံးအကြိမ် တစ်ထောင်လေ့ကျင့်ခိုင်းထားကြောင်းပြောကြားခဲ့ဖူးပါတယ်။

စပိန်ကစားသမားများဟာပင်နယ်တီအကြိမ်တစ်ထောင်လေ့ကျင့်ထားခဲ့ကြပေမဲ့လည်းမော်ရိုကိုနှင့်ပွဲမှာအလုပ်မဖြစ်ဘဲတစ်လုံးမျှဝင်အောင်မကန်နိုင်ခဲ့ကြပါဘူး။

မော်ရိုကိုနှင့်ပွဲမတိုင်မီလူးဝစ်အန်းနရစ်က “သူတို့အိမ်စာလုပ်ကြပြီးပြီလို့ထင်တယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်စပိန်လေ့ကျင့်ရေးစခန်းတစ်ခုမှာတုန်းကသူတို့ကိုအနည်းဆုံးပင်နယ်တီကန်သွင်းမှုတစ်ထောင်လေ့ကျင့်ထားကြဖို့ပြောခဲ့တယ်။ဒီကိုရောက်တော့မှပင်နယ်တီလေ့ကျင့်မယ်ဆိုရင်မလုံလောက်တော့ပါဘူး။ပင်နယ်တီတစ်ထောင်ကန်သွင်းမှုလေ့ကျင့်ထားမှသာစိတ်လှုပ်ရှားမှုမြင့်မားတဲ့အချိန်မျိုးမှာလိုရာသို့ရောက်အောင်ကန်သွင်းမယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားမထြက္ရေအာင္ ပင္နယ္တီတစ္ေထာင္ေလ့က်င့္ထားေၾကာင္း အန္းနရစ္ဖြင့္ဟၿပီးေနာက္ ပင္နယ္တီတစ္လုံးမွ်မဝင္ခဲ့တဲ့ စပိန္

လူးဝစ္အန္းနရစ္ဟာကမာၻ႔ဖလားရႈံးထြက္အဆင့္မွထြက္ခြာရမႈမွစပိန္အသင္းေရွာင္လြဲႏိုင္ေအာင္ပင္နယ္တီတစ္ေထာင္ေလ့က်င့္ေစခဲ့ပါတယ္။ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုစပိန္အသင္းဟာအဂၤါေန႔ညတုန္းကေမာ္႐ိုကိုကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။

ေမာ္႐ိုကိုဟာစပိန္ကိုပြဲခ်ိန္ႏွင့္အခ်ိန္ပိုတို႔တြင္ဂိုးမရွိသေရကစားၿပီးေနာက္ပင္နယ္တီအဆုံးျဖတ္တြင္၃-၀ဂိုးျဖင့္အႏိုင္ရရွိကာကြာတားဖိုင္နယ္သို႔အံ့ဩသင့္ဖြယ္တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

စပိန္အသင္းမွပါဘလိုဆာရာဘီယာ၊ကားလို႔စ္ဆိုလာႏွင့္အသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္ဇ္တို႔ပင္နယ္တီမဝင္ခဲ့ၾကပါဘူး။

ေမာ္႐ိုကိုဘက္ကေတာ့ဆာဘီရီ၊ဟာကီမီႏွင့္ဟာကမ္ဇီယက္ခ်္တို႔ပင္နယ္တီအသီးသီးဝင္ခဲ့ၾကပါတယ္။

ေမာ္႐ိုကိုအသင္းဟာသမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီးေပၚတူဂီႏွင့္ရင္ဆိုင္ကစားရပါမယ္။

ေမာ္႐ိုကိုႏွင့္ပြဲမတိုင္မီစပိန္နည္းျပအန္းနရစ္ကယူ႐ို၂၀၂၀တုန္းကအီတလီကိုပင္နယ္တီျဖင့္ရႈံးနိမ့္ကာထြက္ခြာရတာမ်ိဳးမျဖစ္ေအာင္ ကစားသမားမ်ား ပင္နယ္တီကန္သြင္းမႈအနည္းဆုံးအႀကိမ္ တစ္ေထာင္ေလ့က်င့္ခိုင္းထားေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

စပိန္ကစားသမားမ်ားဟာပင္နယ္တီအႀကိမ္တစ္ေထာင္ေလ့က်င့္ထားခဲ့ၾကေပမဲ့လည္းေမာ္႐ိုကိုႏွင့္ပြဲမွာအလုပ္မျဖစ္ဘဲတစ္လုံးမွ်ဝင္ေအာင္မကန္ႏိုင္ခဲ့ၾကပါဘူး။

ေမာ္႐ိုကိုႏွင့္ပြဲမတိုင္မီလူးဝစ္အန္းနရစ္က “သူတို႔အိမ္စာလုပ္ၾကၿပီးၿပီလို႔ထင္တယ္။လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္စပိန္ေလ့က်င့္ေရးစခန္းတစ္ခုမွာတုန္းကသူတို႔ကိုအနည္းဆုံးပင္နယ္တီကန္သြင္းမႈတစ္ေထာင္ေလ့က်င့္ထားၾကဖို႔ေျပာခဲ့တယ္။ဒီကိုေရာက္ေတာ့မွပင္နယ္တီေလ့က်င့္မယ္ဆိုရင္မလုံေလာက္ေတာ့ပါဘူး။ပင္နယ္တီတစ္ေထာင္ကန္သြင္းမႈေလ့က်င့္ထားမွသာစိတ္လႈပ္ရွားမႈျမင့္မားတဲ့အခ်ိန္မ်ိဳးမွာလိုရာသို႔ေရာက္ေအာင္ကန္သြင္းမယ္”လို႔ေျပာၾကားခဲ့ပါတယ္။