
ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်ကကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးတဲ့နောက်လက်ရွေးစင်ကစားသမားဘဝမှအနားယူဦးမည်မဟုတ်သေးဘဲဝေးလ်အတွက်သူဆန္ဒရှိသလောက်ကစားသွားဦးမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။
ဝေးလ်ဟာမနေ့ညတုန်းက Ahmad bin Ali Stadium တွင်အင်္ဂလန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ကာအုပ်စု(ခ)တွင်အုပ်စုအောက်ဆုံးနေရာမှာသာရပ်တည်ပြီးထွက်ခွာခဲ့ရပါတယ်။
အသက်၃၃နှစ်ရှိဘေးလ်ကလာမယ့်မတ်လတွင်ဝေးလ်အသင်းရဲ့ယူရို၂၀၂၄ခြေစစ်ပွဲများတွင်ပြန်လည်ကစားလာဦးမှာဖြစ်ကြောင်းဆိုသွားပါတယ်။
ဘေးလ်က “ကျွန်တော်ဆက်ကစားနိုင်သလောက်ကစားသွားမယ်။အခုကတော့အရမ်းကိုခက်ခဲတဲ့ကာလပါ။ဒါပေမဲ့ကျွန်တော်တို့ထပ်သွားဦးမယ်။မတ်လမှာခြေစစ်ပွဲစတင်ပါမယ်။ကျွန်တော်တို့လက်ရွေးစင်ဘောလုံးအသင်းနဲ့လအနည်းငယ်ကြာဝေးကွာနေမယ်။ဒီအတွက်စိတ်ပျက်ရတယ်။ကျွန်တော်တို့ကမ္ဘာ့ဖလားမှာဆက်ရှိချင်တယ်။ဒါပေမဲ့မတ်လမှာပြန်လာပါမယ်”လို့ပြောကြားသွားပါတယ်။
ဝေးလ်ဟာ၁၉၅၈ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လာတာဖြစ်ပြီးနိုင်ပွဲတစ်ပွဲမျှမရရှိဘဲအုပ်စုကနေလှည့်ပြန်ခဲ့ရပါတယ်။
ZawGyi
ကမာၻ႔ဖလားမွ ထြက္ခဲ့ရၿပီးေနာက္ ေဝးလ္အတြက္ ဆက္ကစားသြားမည္ဟု ေဘးလ္အတည္ျပဳလာ
ေဝးလ္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္ကကမာၻ႔ဖလားၿပိဳင္ပြဲအုပ္စုအဆင့္မွ ထြက္ခြာခဲ့ရၿပီးတဲ့ေနာက္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူဦးမည္မဟုတ္ေသးဘဲေဝးလ္အတြက္သူဆႏၵရွိသေလာက္ကစားသြားဦးမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
ေဝးလ္ဟာမေန႔ညတုန္းက Ahmad bin Ali Stadium တြင္အဂၤလန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ကာအုပ္စု(ခ)တြင္အုပ္စုေအာက္ဆုံးေနရာမွာသာရပ္တည္ၿပီးထြက္ခြာခဲ့ရပါတယ္။
အသက္၃၃ႏွစ္ရွိေဘးလ္ကလာမယ့္မတ္လတြင္ေဝးလ္အသင္းရဲ႕ယူ႐ို၂၀၂၄ေျခစစ္ပြဲမ်ားတြင္ျပန္လည္ကစားလာဦးမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။
ေဘးလ္က “ကြၽန္ေတာ္ဆက္ကစားႏိုင္သေလာက္ကစားသြားမယ္။အခုကေတာ့အရမ္းကိုခက္ခဲတဲ့ကာလပါ။ဒါေပမဲ့ကြၽန္ေတာ္တို႔ထပ္သြားဦးမယ္။မတ္လမွာေျခစစ္ပြဲစတင္ပါမယ္။ကြၽန္ေတာ္တို႔လက္ေ႐ြးစင္ေဘာလုံးအသင္းနဲ႔လအနည္းငယ္ၾကာေဝးကြာေနမယ္။ဒီအတြက္စိတ္ပ်က္ရတယ္။ကြၽန္ေတာ္တို႔ကမာၻ႔ဖလားမွာဆက္ရွိခ်င္တယ္။ဒါေပမဲ့မတ္လမွာျပန္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ေဝးလ္ဟာ၁၉၅၈ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္လာတာျဖစ္ၿပီးႏိုင္ပြဲတစ္ပြဲမွ်မရရွိဘဲအုပ္စုကေနလွည့္ျပန္ခဲ့ရပါတယ္။