ကမ္ဘာ့ဖလားရွှေလက်အိတ်ဆု မဖွယ်မရာအောင်ပွဲခံမှု ဘာကြောင့်လုပ်ရသလဲ အာဂျင်တီးနားစတားမာတီနက်ဇ်ဖွင့်ဟလာ

အာဂျင်တီးနားပင်နယ်တီသူရဲကောင်းအီမီလီယာနိုမာတီနက်ဇ်ကကမ္ဘာ့ဖလားရွှေလက်အိတ်ဆုလက်ခံရယူစဉ်မဖွယ်မရာအောင်ပွဲခံမှုနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားလာပါတယ်။

အသက်၃၀နှစ်ရှိဂိုးသမားဟာကမ္ဘာ့ဖလားရွှေလက်အိတ်ဆုကိုဆွတ်ခူးပြီးနောက်ယင်းဆုကိုခါးအောက်ပိုင်းတွင်ထားကာအောက်နှုတ်ခမ်းကိုက်ပြီးရှေ့တိုးနောက်ဆုတ်လုပ်ပြခဲ့ပါတယ်။

အက်စတွန်ဗီလာဂိုးသမားဟာနယ်သာလန်နှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲ၊ပြင်သစ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့ရဲ့ပင်နယ်တီအဆုံးအဖြတ်တွင်လက်စွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ရွှေလက်အိတ်ဆုလက်ခံရယူပြီးနောက်အထက်ပါမဖွယ်မရာအောင်ပွဲခံမှုပြုလုပ်ခဲ့တာပါ။

ယင်းနှင့်ပတ်သက်ပြီးမာတီနက်ဇ်က “ပြင်သစ်တွေကျုပ်ကိုလှောင်ခဲ့လို့ ဒီလိုလုပ်တာ”လို့ဆိုသွားပါတယ်။

သူဟာပင်နယ်တီအဆုံးအဖြတ်တွင်ချူကွာမီနီ ပင်နယ်တီမလွဲချော်မီဘောလုံးကိုအဝေးသို့လွှင့်ပစ်ခဲ့တဲ့အပြင် ပင်နယ်တီမဝင်ပြီးနောက်လှောင်ပြောင်ကခဲ့ပါသေးတယ်။

ZawGyi

ကမာၻ႔ဖလားေ႐ႊလက္အိတ္ဆု မဖြယ္မရာေအာင္ပြဲခံမႈ ဘာေၾကာင့္လုပ္ရသလဲ အာဂ်င္တီးနားစတားမာတီနက္ဇ္ဖြင့္ဟလာ

အာဂ်င္တီးနားပင္နယ္တီသူရဲေကာင္းအီမီလီယာႏိုမာတီနက္ဇ္ကကမာၻ႔ဖလားေ႐ႊလက္အိတ္ဆုလက္ခံရယူစဥ္မဖြယ္မရာေအာင္ပြဲခံမႈႏွင့္ပတ္သက္ၿပီးရွင္းလင္းေျပာၾကားလာပါတယ္။

အသက္၃၀ႏွစ္ရွိဂိုးသမားဟာကမာၻ႔ဖလားေ႐ႊလက္အိတ္ဆုကိုဆြတ္ခူးၿပီးေနာက္ယင္းဆုကိုခါးေအာက္ပိုင္းတြင္ထားကာေအာက္ႏႈတ္ခမ္းကိုက္ၿပီးေရွ႕တိုးေနာက္ဆုတ္လုပ္ျပခဲ့ပါတယ္။

အက္စတြန္ဗီလာဂိုးသမားဟာနယ္သာလန္ႏွင့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲ၊ျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲတို႔ရဲ႕ပင္နယ္တီအဆုံးအျဖတ္တြင္လက္စြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ေ႐ႊလက္အိတ္ဆုလက္ခံရယူၿပီးေနာက္အထက္ပါမဖြယ္မရာေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာပါ။

ယင္းႏွင့္ပတ္သက္ၿပီးမာတီနက္ဇ္က “ျပင္သစ္ေတြက်ဳပ္ကိုေလွာင္ခဲ့လို႔ ဒီလိုလုပ္တာ”လို႔ဆိုသြားပါတယ္။

သူဟာပင္နယ္တီအဆုံးအျဖတ္တြင္ခ်ဴကြာမီနီ ပင္နယ္တီမလြဲေခ်ာ္မီေဘာလုံးကိုအေဝးသို႔လႊင့္ပစ္ခဲ့တဲ့အျပင္ ပင္နယ္တီမဝင္ၿပီးေနာက္ေလွာင္ေျပာင္ကခဲ့ပါေသးတယ္။