ကမ္ဘာ့ဖလားလေယာဉ်တွင် အင်္ဂလန်တစ်သင်းလုံး အသက်ဆုံးရှုံးရမယ့်အရေးကြုံခဲ့ရပုံကို ဖာဒီနန်ဖွင့်ဟလာ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းရီယိုဖာဒီနန်ကတစ်ခါတုန်းကအင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးပြန်လာစဉ်တစ်သင်းလုံးအသက်သေဆုံးရမယ့်အရေးနှင့်ကြုံတွေ့ခဲ့ရကြောင်းဆိုသွားပါတယ်။

အသက်၄၃နှစ်ရှိမန်ယူကစားသမားဟောင်းကဝိန်းရွန်းနီ၊စတီဗင်ဂျရတ်အပါအဝင်အင်္ဂလန်ကစားသမားများဟာအသက်သေဆုံးရမယ့်အရေးကြောင့်လေယာဉ်ပေါ်တွင်ငိုယိုခြင်း၊ဆုတောင်းခြင်းတို့ပြုလုပ်ခဲ့ကြကြောင်းဖွင့်ချလာပါတယ်။

အင်္ဂလန်အသင်းဟာ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ထွက်ခွာခဲ့ရပြီးနောက်အထက်ပါအဖြစ်အပျက်ကြုံခဲ့ရတာပါ။ရီယိုဖာဒီနန်ဟာအထက်ပါအဖြစ်အပျက်ဆိုးကိုတစ်ခါမှမဖွင့်ဟခဲ့ဖူးပါဘူး။

ရီယိုဖာဒီနန်က “ကွာတားဖိုင်နယ်မှာပေါ်တူဂီကိုရှုံးပြီးထွက်ခဲ့ရတယ်။ကျွန်တော်တို့ဟာဆိုးရွားတဲ့လေယာဉ်ခရီးစဉ်ကြုံခဲ့ရပါတယ်။ရာသီဥတုကလည်းအရမ်းဆိုးရွားတော့အားလုံးကလေယာဉ်ပျက်ကျတော့မယ်လို့ထင်ခဲ့ကြတယ်။ကျွန်တော်တို့အားလုံးငိုနေခဲ့ကြတယ်။ကျွန်တော်ကဝိန်းရွန်းနီ၊စတီဗင်ဂျရတ်တို့အနားမှာထိုင်ခဲ့တယ်။သူတို့ရဲ့ဇနီးတွေနဲ့လူတွေအားလုံးအော်ဟစ်နေကြတယ်။တကယ့်ကိုဆိုးရွားတဲ့အခြေအနေပါ။လူတွေ၊ပစ္စည်းတွေတစစီကြဲနေတယ်။ဘာဖြစ်လာမယ်ဆိုတာဘယ်သူမှမသိပါဘူး။အဲဒီတုန်းက လေယာဉ်မယ်လေးကိုကြည့်ပြီးတွေးမိတယ်။လူတွေရဲ့ခံစားချက်ဘယ်လိုဖြစ်နေတာအကဲဖြတ်လို့ရတယ်။သူတို့ကိုကြည့်လိုက်တော့သူတို့ကထိုင်ခုံမှာမျက်နှာသေနဲ့ထိုင်နေကြတယ်။ငါတို့တော့ပြဿနာအကြီးကြီးတက်နေပြီဆိုတာတွေးနေမှာသေချာပါတယ်။ကျွန်တော်ကလည်းတည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုပေမယ့်သူတို့ကိုကြည့်မိတဲ့အချိန်မှာအရမ်းစိုးရိမ်သွားတယ်”လို့ပြောကြားသွားပါတယ်။

တကယ်လို့များယင်းစင်းလုံးငှားလေယာဉ်သာပျက်ကျခဲ့မယ်ဆိုရင်တော့လေယာဉ်ပေါ်မှာပါလာတဲ့အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်ဖြစ်တဲ့ ရွန်းနီ၊ဂျရတ်၊ဂျွန်တယ်ရီ၊ဒေးဗစ်ဘက်ဟမ်းတို့တိမ်ပါးသွားမှာသေချာနေပါတယ်။

အင်္ဂလန်ဟာ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုမျှော်လင့်ချက်အမြင့်မားဆုံးဖြင့်သွားရောက်ခဲ့ပေမယ့်ကွာတားဖိုင်နယ်မှာပေါ်တူဂီကိုပင်နယ်တီဖြင့်ရှုံးနိမ့်ကာထွက်ခဲ့ရပါတယ်။

ZawGyi

ကမာၻ႔ဖလားေလယာဥ္တြင္ အဂၤလန္တစ္သင္းလုံး အသက္ဆုံးရႈံးရမယ့္အေရးႀကဳံခဲ့ရပုံကို ဖာဒီနန္ဖြင့္ဟလာ

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းရီယိုဖာဒီနန္ကတစ္ခါတုန္းကအဂၤလန္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲကစားၿပီးျပန္လာစဥ္တစ္သင္းလုံးအသက္ေသဆုံးရမယ့္အေရးႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္းဆိုသြားပါတယ္။

အသက္၄၃ႏွစ္ရွိမန္ယူကစားသမားေဟာင္းကဝိန္း႐ြန္းနီ၊စတီဗင္ဂ်ရတ္အပါအဝင္အဂၤလန္ကစားသမားမ်ားဟာအသက္ေသဆုံးရမယ့္အေရးေၾကာင့္ေလယာဥ္ေပၚတြင္ငိုယိုျခင္း၊ဆုေတာင္းျခင္းတို႔ျပဳလုပ္ခဲ့ၾကေၾကာင္းဖြင့္ခ်လာပါတယ္။

အဂၤလန္အသင္းဟာ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ထြက္ခြာခဲ့ရၿပီးေနာက္အထက္ပါအျဖစ္အပ်က္ႀကဳံခဲ့ရတာပါ။ရီယိုဖာဒီနန္ဟာအထက္ပါအျဖစ္အပ်က္ဆိုးကိုတစ္ခါမွမဖြင့္ဟခဲ့ဖူးပါဘူး။

ရီယိုဖာဒီနန္က “ကြာတားဖိုင္နယ္မွာေပၚတူဂီကိုရႈံးၿပီးထြက္ခဲ့ရတယ္။ကြၽန္ေတာ္တို႔ဟာဆိုး႐ြားတဲ့ေလယာဥ္ခရီးစဥ္ႀကဳံခဲ့ရပါတယ္။ရာသီဥတုကလည္းအရမ္းဆိုး႐ြားေတာ့အားလုံးကေလယာဥ္ပ်က္က်ေတာ့မယ္လို႔ထင္ခဲ့ၾကတယ္။ကြၽန္ေတာ္တို႔အားလုံးငိုေနခဲ့ၾကတယ္။ကြၽန္ေတာ္ကဝိန္း႐ြန္းနီ၊စတီဗင္ဂ်ရတ္တို႔အနားမွာထိုင္ခဲ့တယ္။သူတို႔ရဲ႕ဇနီးေတြနဲ႔လူေတြအားလုံးေအာ္ဟစ္ေနၾကတယ္။တကယ့္ကိုဆိုး႐ြားတဲ့အေျခအေနပါ။လူေတြ၊ပစၥည္းေတြတစစီႀကဲေနတယ္။ဘာျဖစ္လာမယ္ဆိုတာဘယ္သူမွမသိပါဘူး။အဲဒီတုန္းက ေလယာဥ္မယ္ေလးကိုၾကည့္ၿပီးေတြးမိတယ္။လူေတြရဲ႕ခံစားခ်က္ဘယ္လိုျဖစ္ေနတာအကဲျဖတ္လို႔ရတယ္။သူတို႔ကိုၾကည့္လိုက္ေတာ့သူတို႔ကထိုင္ခုံမွာမ်က္ႏွာေသနဲ႔ထိုင္ေနၾကတယ္။ငါတို႔ေတာ့ျပႆနာအႀကီးႀကီးတက္ေနၿပီဆိုတာေတြးေနမွာေသခ်ာပါတယ္။ကြၽန္ေတာ္ကလည္းတည္တည္ၿငိမ္ၿငိမ္ရွိတယ္ဆိုေပမယ့္သူတို႔ကိုၾကည့္မိတဲ့အခ်ိန္မွာအရမ္းစိုးရိမ္သြားတယ္”လို႔ေျပာၾကားသြားပါတယ္။

တကယ္လို႔မ်ားယင္းစင္းလုံးငွားေလယာဥ္သာပ်က္က်ခဲ့မယ္ဆိုရင္ေတာ့ေလယာဥ္ေပၚမွာပါလာတဲ့အဂၤလန္ရဲ႕ေ႐ႊေရာင္မ်ိဳးဆက္ျဖစ္တဲ့ ႐ြန္းနီ၊ဂ်ရတ္၊ဂြၽန္တယ္ရီ၊ေဒးဗစ္ဘက္ဟမ္းတို႔တိမ္ပါးသြားမွာေသခ်ာေနပါတယ္။

အဂၤလန္ဟာ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုေမွ်ာ္လင့္ခ်က္အျမင့္မားဆုံးျဖင့္သြားေရာက္ခဲ့ေပမယ့္ကြာတားဖိုင္နယ္မွာေပၚတူဂီကိုပင္နယ္တီျဖင့္ရႈံးနိမ့္ကာထြက္ခဲ့ရပါတယ္။