ကမ္ဘာ့ဖလားလေးကြိမ်ဆက်ဆွတ်ခူးလည်း မာရာဒိုနာနှင့်တစ်တန်းတည်းဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့ မက်ဆီ

အာဂျင်တီးနားဂန္ထဝင်ကစားသမားမာရီယိုကမ်ပက်စ်ကလီယွန်နယ်မက်ဆီမှာဒီယေဂိုမာရာဒိုနာနဲ့တစ်တန်းတည်းအနေအထားသို့မည်သည့်အခါတွင်မျှရောက်လာမှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

လီယွန်နယ်မက်ဆီဟာပြီးခဲ့တဲ့အပတ်တုန်းကမာရာကာနာတွင်အိမ်ရှင်ဘရာဇီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာအာဂျင်တီးနားနှင့်အတူပထမဆုံးဆုဖလားအဖြစ်ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာယခင်တုန်းကအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဗိုလ်လုပွဲသုံးကြိမ်နှင့်ကမ္ဘာဖ့လားဗိုလ်လုပွဲတစ်ကြိမ်တက်ရောက်ခဲ့သော်လည်းဒုတိယဖြင့်သာကျေနပ်ခဲ့ရသူဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာကိုပါအမေရိကဖလားပြိုင်ပွဲမှာ၄ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးကာရွှေဖိနပ်နှင့်အကောင်းဆုံးကစားသမားဆု(နေမာနှင့်ပူးတွဲ)တို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယင်းသို့အာဂျင်တီးနားနှင့်အတူနိုင်ငံတကာဆုဖလားဆွတ်ခူးနိုင်မှုနဲ့အတူ ဘောလုံးပရိသတ်များကမက်ဆီကိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်တင်စားလာကြပါတယ်။

ဒါပေမယ့်၁၉၇၈ကမ္ဘာ့ဖလားဆွတ်ခူးစဉ်ကအာဂျင်တီးနားရဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်ခဲ့တဲ့ကမ်ပက်စ်ကမက်ဆီမှာအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ယူခဲ့တဲ့မာရာဒိုနာနဲ့ဘယ်တော့မှတစ်တန်းတည်းဖြစ်လာမှာမဟုတ်ကြောင်းဆိုလာပါတယ်။

ကမ်ပက်စ်က “မာရာဒိုနာနေရာမှာအစားထိုးခံရတာကိုကမက်ဆီရဲ့ကံဆိုးမှုတစ်ခုပါ။ဒီယေဂိုရဲ့အရိပ်ကိုကျော်ဖြတ်နိုင်ဖို့ကအရမ်းဘဲခက်ခဲပါတယ်။ဒီယေဂိုကတစ်ကမ္ဘာလုံးကလူတွေရဲ့စံပြပါ။မက်ဆီဟာကမ္ဘာ့ဖလားလေးကြိမ်ဆက်ဆွတ်ခူးတယ်ဆိုရင်တောင် မာရာဒိုနာကိုလိုက်မီမှာမဟုတ်ပါဘူး။အခုသူဟာကမ္ဘာ့ဖလားမရသေးပါဘူး။သူအနေနဲ့ဆုဖလားတွေဘယ်လောက်ဘဲရရဒီယေဂိုလုပ်ခဲ့တာနဲ့နှိုင်းယှဉ်လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားေလးႀကိမ္ဆက္ဆြတ္ခူးလည္း မာရာဒိုနာႏွင့္တစ္တန္းတည္းဘယ္ေတာ့မွျဖစ္လာမွာမဟုတ္တဲ့ မက္ဆီ

အာဂ်င္တီးနားဂႏၴဝင္ကစားသမားမာရီယိုကမ္ပက္စ္ကလီယြန္နယ္မက္ဆီမွာဒီေယဂိုမာရာဒိုနာနဲ႔တစ္တန္းတည္းအေနအထားသို႔မည္သည့္အခါတြင္မွ်ေရာက္လာမွာမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

လီယြန္နယ္မက္ဆီဟာၿပီးခဲ့တဲ့အပတ္တုန္းကမာရာကာနာတြင္အိမ္ရွင္ဘရာဇီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာအာဂ်င္တီးနားႏွင့္အတူပထမဆုံးဆုဖလားအျဖစ္ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာယခင္တုန္းကအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဗိုလ္လုပြဲသုံးႀကိမ္ႏွင့္ကမာၻဖ့လားဗိုလ္လုပြဲတစ္ႀကိမ္တက္ေရာက္ခဲ့ေသာ္လည္းဒုတိယျဖင့္သာေက်နပ္ခဲ့ရသူျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ၄ဂိုးသြင္းၿပီး၅ႀကိမ္ဖန္တီးကာေ႐ႊဖိနပ္ႏွင့္အေကာင္းဆုံးကစားသမားဆု(ေနမာႏွင့္ပူးတြဲ)တို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယင္းသို႔အာဂ်င္တီးနားႏွင့္အတူႏိုင္ငံတကာဆုဖလားဆြတ္ခူးႏိုင္မႈနဲ႔အတူ ေဘာလုံးပရိသတ္မ်ားကမက္ဆီကိုသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္တင္စားလာၾကပါတယ္။

ဒါေပမယ့္၁၉၇၈ကမာၻ႔ဖလားဆြတ္ခူးစဥ္ကအာဂ်င္တီးနားရဲ႕ေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခဲ့တဲ့ကမ္ပက္စ္ကမက္ဆီမွာအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ယူခဲ့တဲ့မာရာဒိုနာနဲ႔ဘယ္ေတာ့မွတစ္တန္းတည္းျဖစ္လာမွာမဟုတ္ေၾကာင္းဆိုလာပါတယ္။

ကမ္ပက္စ္က “မာရာဒိုနာေနရာမွာအစားထိုးခံရတာကိုကမက္ဆီရဲ႕ကံဆိုးမႈတစ္ခုပါ။ဒီေယဂိုရဲ႕အရိပ္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ကအရမ္းဘဲခက္ခဲပါတယ္။ဒီေယဂိုကတစ္ကမာၻလုံးကလူေတြရဲ႕စံျပပါ။မက္ဆီဟာကမာၻ႔ဖလားေလးႀကိမ္ဆက္ဆြတ္ခူးတယ္ဆိုရင္ေတာင္ မာရာဒိုနာကိုလိုက္မီမွာမဟုတ္ပါဘူး။အခုသူဟာကမာၻ႔ဖလားမရေသးပါဘူး။သူအေနနဲ႔ဆုဖလားေတြဘယ္ေလာက္ဘဲရရဒီေယဂိုလုပ္ခဲ့တာနဲ႔ႏႈိင္းယွဥ္လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။