
မနေ့ညတုန်းကတောင်ကိုရီးယားနှင့်ဥရုဂွေးတို့ရဲ့ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှမရှိတဲ့ ပထမဆုံးပွဲအဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။
မနေ့ညတုန်းကပွဲစဉ်တွင်ဥရုဂွေးမှလူးဝစ်ဆွာရက်ဇ်နှင့်ဒါဝင်နူနက်ဇ်တို့ဟာအကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့ကြပြီးခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။
ကစားသမားဘဝတစ်လျှောက်ပြိုင်ဘက်ကစားသမားကိုကိုက်မှုကြောင့်သုံးကြိမ်တိုင်တိုင်ပွဲပယ်ခံရဖူးတဲ့လူးဝစ်ဆွာရက်ဇ်ဟာမနေ့ညတုန်းကတောင်ကိုရီးယားနှင့်ပွဲစဉ်မှာတော့သူ့အစွယ်ကိုပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
လူးဝစ်ဆွာရက်ဇ်ဟာတောင်ကိုရီးယားနှင့်ပွဲစဉ်မှာဂိုးကန်သွင်းမှုဇီးရိုး၊အခွင့်အရေးဖန်တီးမှုဇီးရိုးပိုင်ဆိုင်ခဲ့ပြီးတောင်ကိုရီးယားဧရိယာအတွင်းမှာဘောလုံးထိမှု၂ကြိမ်သာရှိခဲ့ပြီးဘောလုံးပေးပို့မှု၇ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။
လူစားဝင်ရောက်လာတဲ့အက်ဒီဆင်ကာဗာနီမှာလည်းအခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမဲ့အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။
ZawGyi
ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မျှ မရှိတဲ့ပွဲအဖြစ် သမိုင်းဝင်လာတဲ့ တောင်ကိုရီးယား-ဥရုဂွေးပွဲ