
အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားသမိုင်းတွင်ပျင်းစရာအကောင်းဆုံးအသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာသောကြာနေ့တုန်းကအမေရိကန်နှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာအဆိုပါပွဲစဉ်မှခြေစွမ်းကြောင့်အပြင်းအထန်ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။ပရိသတ်အချို့တို့ကအင်္ဂလန်အသင်းရဲ့ပျင်းစရာကောင်းလွန်းလှတဲ့ကစားဟန်ကိုဝေဖန်ခဲ့ကြပါတယ်။
ယခုအခါမှာတော့အင်္ဂလန်ဟာကမ္ဘာ့ဖလားသမိုင်းမှာပျင်းစရာအကောင်းဆုံးအသင်းအဖြစ်တရားဝင်မှတ်တမ်းဝင်လာပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာသောကြာနေ့တုန်းကအမေရိကန်နှင့်ဂိုးမရှိသရေကျပြီးနောက်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်ဂိုးမရှိသရေကျမှု၁၂ပွဲမြောက်ရှိလာပြီဖြစ်ပါတယ်။
အင်္ဂလန်ဟာကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးမရှိသရေအများဆုံးရရှိထားတဲ့အသင်းအဖြစ်မှတ်တမ်းဝင်ထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အင်္ဂလန်ဟာအမေရိကန်၊ဘရာဇီး၊ဥရုဂွေး၊စပိန်၊နယ်သာလန်၊ပေါ်တူဂီ၊ကော်စတာရီကာ၊နိုင်ဂျီးရီးယား၊မော်ရိုကိုတို့နှင့်သရေကျထားတာလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအဖြစ်နိုဝင်ဘာလ၂၉ရက်နေ့တွင်ဝေးလ်နှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးသရေကျရုံဖြင့်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။
ZawGyi
ကမ္ဘာ့ဖလားသမိုင်းတွင် ပျင်းစရာအကောင်းဆုံးအသင်းအဖြစ် တရားဝင်မှတ်တမ်းဝင်လာတဲ့ အင်္ဂလန်