ကမ္ဘာ့ဖလားအင်တာဗျူးတွင် မိုက်ကို အိုက်စခရင်အမှတ်ဖြင့် မှားလျက်ခဲ့တဲ့ မော်ရိုကိုဂိုးသမားရဲ့ချစ်စရာသားငယ်

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချစ်ချင်စဖွယ်အဖြစ်အပျက်အဖြစ်မော်ရိုကိုဂိုးသမားဘိုနိုရဲ့သားဟာမိုက်ခရိုဖုန်းကိုအိုက်စခရင်အမှတ်ဖြင့်မှားလျက်ခဲ့ပါတယ်။

အထက်ပါရယ်ချင်ဖွယ်အဖြစ်အပျက်မှာမော်ရိုကိုကပေါ်တူဂီကိုကွာတားဖိုင်နယ်မှာအနိုင်ရရှိပြီးဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။မနေ့ညတုန်းကပြင်သစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမတိုင်မီလေးရက်အလိုမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာစတားဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အသင်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလက်စွမ်းပြကစားခဲ့ပြီးတဲ့နောက်ပွဲအပြီးတွင်သားဖြစ်သူကိုချီကာအင်တာဗျူးဖြေကြားခဲ့ပါတယ်။

ဘိုနိုကပွဲနှင့်ပတ်သက်ပြီးသူ့အမြင်ကိုပြောနေချိန်မှာလည်းသားဖြစ်သူမှာလည်းသူ့အတွေးနဲ့သူရှိနေပါတယ်။

အင်တာဗျူးမေးသူကမေးမြန်းနေချိန်မှာဘိုနိုရဲ့သားဟာခရမ်းရောင်မိုက်ခရိုဖုန်းကိုချက်ချင်းကြည့်မိခဲ့ပါတယ်။ယင်းနောက်သူဟာခရမ်းရောင်မိုက်ခရိုဖုန်းကိုလက်ညိုးဖြင့်ထိကြည့်ပြီးနောက်လျက်လိုက်ပါတယ်။

ဘိုနိုရဲ့သားဖြစ်သူ မိုက်ခရိုဖုန်းကိုအိုက်စခရင်အမှတ်ဖြင့်မှားလျက်တဲ့အဖြစ်အပျက်ကြောင့်ကမ္ဘာ့ဖလားပရိသတ်များလည်းရယ်နေကြရပါတယ်။

ပရိသတ်တစ်ဦးက “ဒီကလေးကဘာမှဂရုမစိုက်ဘူး။သူ့အဖေနဲ့အတူရှိနေတာဆိုတော့ကိုယ့်အိမ်မှာရှိနေတယ်ထင်မှာပေါ့။အိုက်စခရင်စကားရပြီထင်နေတာ”လို့ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း “သူကအိုက်စခရင်အကြီးကြီးမှတ်နေတာဟ”လို့ဆိုသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားအင္တာဗ်ဴးတြင္ မိုက္ကို အိုက္စခရင္အမွတ္ျဖင့္ မွားလ်က္ခဲ့တဲ့ ေမာ္႐ိုကိုဂိုးသမားရဲ႕ခ်စ္စရာသားငယ္

ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ခ်စ္ခ်င္စဖြယ္အျဖစ္အပ်က္အျဖစ္ေမာ္႐ိုကိုဂိုးသမားဘိုႏိုရဲ႕သားဟာမိုက္ခ႐ိုဖုန္းကိုအိုက္စခရင္အမွတ္ျဖင့္မွားလ်က္ခဲ့ပါတယ္။

အထက္ပါရယ္ခ်င္ဖြယ္အျဖစ္အပ်က္မွာေမာ္႐ိုကိုကေပၚတူဂီကိုကြာတားဖိုင္နယ္မွာအႏိုင္ရရွိၿပီးျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။မေန႔ညတုန္းကျပင္သစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲမတိုင္မီေလးရက္အလိုမွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

ဆီဗီလာစတားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အသင္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာလက္စြမ္းျပကစားခဲ့ၿပီးတဲ့ေနာက္ပြဲအၿပီးတြင္သားျဖစ္သူကိုခ်ီကာအင္တာဗ်ဴးေျဖၾကားခဲ့ပါတယ္။

ဘိုႏိုကပြဲႏွင့္ပတ္သက္ၿပီးသူ႔အျမင္ကိုေျပာေနခ်ိန္မွာလည္းသားျဖစ္သူမွာလည္းသူ႔အေတြးနဲ႔သူရွိေနပါတယ္။

အင္တာဗ်ဴးေမးသူကေမးျမန္းေနခ်ိန္မွာဘိုႏိုရဲ႕သားဟာခရမ္းေရာင္မိုက္ခ႐ိုဖုန္းကိုခ်က္ခ်င္းၾကည့္မိခဲ့ပါတယ္။ယင္းေနာက္သူဟာခရမ္းေရာင္မိုက္ခ႐ိုဖုန္းကိုလက္ညိဳးျဖင့္ထိၾကည့္ၿပီးေနာက္လ်က္လိုက္ပါတယ္။

ဘိုႏိုရဲ႕သားျဖစ္သူ မိုက္ခ႐ိုဖုန္းကိုအိုက္စခရင္အမွတ္ျဖင့္မွားလ်က္တဲ့အျဖစ္အပ်က္ေၾကာင့္ကမာၻ႔ဖလားပရိသတ္မ်ားလည္းရယ္ေနၾကရပါတယ္။

ပရိသတ္တစ္ဦးက “ဒီကေလးကဘာမွဂ႐ုမစိုက္ဘူး။သူ႔အေဖနဲ႔အတူရွိေနတာဆိုေတာ့ကိုယ့္အိမ္မွာရွိေနတယ္ထင္မွာေပါ့။အိုက္စခရင္စကားရၿပီထင္ေနတာ”လို႔ေျပာၾကားသြားပါတယ္။

အျခားတစ္ဦးကလည္း “သူကအိုက္စခရင္အႀကီးႀကီးမွတ္ေနတာဟ”လို႔ဆိုသြားပါတယ္။