
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနီဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေစဉ်အတွင်းတွင်ယူကရိန်းရှိစစ်ပွဲများကိုအပစ်အခတ်ရပ်စဲထားရန်တောင်းဆိုလာပါတယ်။
ဖီဖာဥက္ကဌဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ယူကရိန်းကိုတိုက်ခိုက်မှုများအားရပ်တန့်ထားရန်ရုရှားကိုတောင်းဆိုလာတာလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားတွင်ပြုလုပ်တဲ့ 17th Group of Twenty (G20)တွင်အင်ဖန်တီနီကကမ္ဘာ့ဖလားပြိုင်ပွဲမှာနှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးအတွက်ပလက်ဖောင်းတစ်ခုဖြစ်နိုင်ကြောင်းပြောကြားလာတာလည်းဖြစ်ပါတယ်။
၎င်းက “ကျွန်တော်တို့အဓိကအာရုံစိုက်ရမယ့်အရာကအားကစားပြိုင်ပွဲကျင်းပရေးနဲ့အားကစားမှာပဲရှိတယ်ဆိုတာသိပါတယ်။ဒါပေမဲ့ကမ္ဘာကဘောလုံးယူနစ်၊ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကတစ်ကမ္ဘာလုံးကလူငါးဘီလီယံကြည့်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။အပြုသဘောဆောင်တဲ့အပြုအမူ၊သင်္ကေတ(သို့မုတ်)မျှော်လင့်ချက်အတွက်မက်ဆေ့ချ်အတွက်မောင်းခလုတ်ဖြစ်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဆက်လက်ပြီး၎င်းကကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတစ်လကြာအပစ်အခတ်ရပ်နားထားရန်မျှော်လင့်ကြောင်းလည်းဆိုသွားပါတယ်။
၎င်းက “ခင်ဗျားတို့ကကမ္ဘာ့ခေါင်းဆောင်တွေပါ။သမိုင်းအပေါ်မှာလွှမ်းမိုးနိုင်စွမ်းရှိတယ်။ဘောလုံးနဲ့ဖီဖာကမ္ဘာ့ဖလားကကမ္ဘာကြီးကိုခမ်းနားတဲ့စုစည်းမှုဖြစ်စေပါတယ်။တစ်ကမ္ဘာလုံးကိုငြိမ်းချမ်းစေပါတယ်။ဒီတော့ပဋိပက္ခအားလုံးစတင်အဆုံးသတ်နိုင်မဲ့ဒီအခွင့်အရေးအတွက်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားကြပါစို့”လို့ပြောကြားသွားပါတယ်။
ရုရှားကိုကျူးကျော်စစ်ဆင်နွဲနေတဲ့ ရုရှားဟာ၂၀၁၈ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။၎င်းတို့ဟာယူကရိန်းကျူးကျော်စစ်ကြောင့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ZawGyi
ကမာၻ႔ဖလားအတြက္ အပစ္အခတ္ရပ္စဲၾကရန္ ႐ုရွားႏွင့္ယူကရိန္းကို ဖီဖာေတာင္းဆို
ဖီဖာဥကၠဌဂ်ီယန္နီအင္ဖန္တီနီဟာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေနစဥ္အတြင္းတြင္ယူကရိန္းရွိစစ္ပြဲမ်ားကိုအပစ္အခတ္ရပ္စဲထားရန္ေတာင္းဆိုလာပါတယ္။
ဖီဖာဥကၠဌဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ယူကရိန္းကိုတိုက္ခိုက္မႈမ်ားအားရပ္တန႔္ထားရန္႐ုရွားကိုေတာင္းဆိုလာတာလည္းျဖစ္ပါတယ္။
အင္ဒိုနီးရွားတြင္ျပဳလုပ္တဲ့ 17th Group of Twenty (G20)တြင္အင္ဖန္တီနီကကမာၻ႔ဖလားၿပိဳင္ပြဲမွာႏွစ္ႏိုင္ငံအပစ္အခတ္ရပ္စဲေရးအတြက္ပလက္ေဖာင္းတစ္ခုျဖစ္ႏိုင္ေၾကာင္းေျပာၾကားလာတာလည္းျဖစ္ပါတယ္။
၎က “ကြၽန္ေတာ္တို႔အဓိကအာ႐ုံစိုက္ရမယ့္အရာကအားကစားၿပိဳင္ပြဲက်င္းပေရးနဲ႔အားကစားမွာပဲရွိတယ္ဆိုတာသိပါတယ္။ဒါေပမဲ့ကမာၻကေဘာလုံးယူနစ္၊ ဒီကမာၻ႔ဖလားၿပိဳင္ပြဲကတစ္ကမာၻလုံးကလူငါးဘီလီယံၾကည့္တဲ့ၿပိဳင္ပြဲျဖစ္ပါတယ္။အျပဳသေဘာေဆာင္တဲ့အျပဳအမူ၊သေကၤတ(သို႔မုတ္)ေမွ်ာ္လင့္ခ်က္အတြက္မက္ေဆ့ခ်္အတြက္ေမာင္းခလုတ္ျဖစ္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ဆက္လက္ၿပီး၎ကကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတစ္လၾကာအပစ္အခတ္ရပ္နားထားရန္ေမွ်ာ္လင့္ေၾကာင္းလည္းဆိုသြားပါတယ္။
၎က “ခင္ဗ်ားတို႔ကကမာၻ႔ေခါင္းေဆာင္ေတြပါ။သမိုင္းအေပၚမွာလႊမ္းမိုးႏိုင္စြမ္းရွိတယ္။ေဘာလုံးနဲ႔ဖီဖာကမာၻ႔ဖလားကကမာၻႀကီးကိုခမ္းနားတဲ့စုစည္းမႈျဖစ္ေစပါတယ္။တစ္ကမာၻလုံးကိုၿငိမ္းခ်မ္းေစပါတယ္။ဒီေတာ့ပဋိပကၡအားလုံးစတင္အဆုံးသတ္ႏိုင္မဲ့ဒီအခြင့္အေရးအတြက္ကြၽန္ေတာ္တို႔အစြမ္းကုန္ႀကိဳးစားၾကပါစို႔”လို႔ေျပာၾကားသြားပါတယ္။
႐ုရွားကိုက်ဴးေက်ာ္စစ္ဆင္ႏြဲေနတဲ့ ႐ုရွားဟာ၂၀၁၈ကမာၻ႔ဖလားအိမ္ရွင္အျဖစ္က်င္းပခဲ့တဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။၎တို႔ဟာယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။