ကမ္ဘာ့ဖလားအပြီးတွင်ကစားရမယ့် ခါရာဘောင်ပွဲတွင် ကလော့ပ်နှင့်သူနဲ့ ပါဝင်ကစားမယ်လို့ ဂွါဒီယိုလာဖွင့်ဟလာ

မန်စီးတီးနည်းပြဂွါဒီယိုလာကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးရက်အနည်းငယ်အကြာတွင်ကစားရမယ့်ခါရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွင်ကစားသမားအလုံအလောက်ရှိမနေနိုင်မှုကြောင့်သူနဲ့လီဗာပူးနည်းပြဂျာဂင်ကလော့ပ်တို့ပါဝင်ကစားလာမည်ဖြစ်ကြောင်းဟာသနှောပြောဆိုလာပါတယ်။

မန်စီးတီးနှင့်လီဗာပူးတို့ဟာခါရာဘောင်ဖလားစတုတ္ထအဆင့်မဲခွဲရာတွင်ထိပ်တိုက်တွေ့ဆုံနေရပါတယ်။ခါရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်ကိုကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၄ရက်(သို့မဟုတ်)၃ရက်အကြာတွင်ကစားလာပါမယ်။

ဒါကြောင့်လည်းမန်စီးတီးနည်းပြဂွါဒီယိုလာဟာယင်းအချိန်တွင် မန်စီးတီးသို့ကစားသမားမည်မျှပူးပေါင်းလာမည်ကိုမသိသေးမှုနှင့်အတူ သူနဲ့ကလော့ပ်တို့ဝင်ကစားလာနိုင်ကြောင်းဆိုသွားပါတယ်။

မန်စီးတီးဟာပထမအသင်းမှအာလင်းဟာလန်း၊ရီကိုလူးဝစ်၊ရီယက်မရာ့ဇ်၊ဆာဂျီယိုဂိုမက်ဇ်တို့မှလွဲပြီးကျန်ကစားသမားအားလုံးကိုကမ္ဘာ့ဖလားသို့လက်လွှတ်ထားရပါတယ်။

ဒါကြောင့်ဂွါဒီယိုလာဟာခါရာဘောင်းပွဲစဉ်ကစားရန်ရောက်ရှိလာချိန်တွင် ကစားသမားအရေအတွက်အသင်းနှင့်ပူးပေါင်းနေမည်ကိုမသိသေးပါဘူး။

ဂွါဒီယိုလာက “ဟုတ်တယ်။ကျုပ်ကွင်းလယ်မှာကစားမယ်။ဂျာဂင်လည်းဘယ်နောက်ခံလူအဖြစ်ကစားလာမယ်။ဒါကဗျူဟာပါ။တကယ်လို့အုပ်စုအဆင့်ကိုကျော်ပြီး၁၆သင်းအဆင့်သို့ရောက်ခဲ့တယ်ဆိုရင်တောင်ရက်အချို့အနားပေးဖို့လိုသေးတယ်။အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့ကစားသမားတွေကတော့လီဗာပူးနဲ့ပွဲမှာကစားလာပါလိမ့်မယ်။မဟုတ်ရင်တော့ဘာဖြစ်လာမလဲစောင့်ကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာဒီဇင်ဘာလအတွင်းတွင်အဘူဒါဘီသို့သွားရောက်ကာ လေ့ကျင့်ခန်းဆင်းမှုပြုလုပ်သွားပါမယ်။

ZawGyi

ကမာၻ႔ဖလားအၿပီးတြင္ကစားရမယ့္ ခါရာေဘာင္ပြဲတြင္ ကေလာ့ပ္ႏွင့္သူနဲ႔ ပါဝင္ကစားမယ္လို႔ ဂြါဒီယိုလာဖြင့္ဟလာ

မန္စီးတီးနည္းျပဂြါဒီယိုလာကကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးရက္အနည္းငယ္အၾကာတြင္ကစားရမယ့္ခါရာေဘာင္ဖလားစတုတၳအဆင့္ပြဲစဥ္တြင္ကစားသမားအလုံအေလာက္ရွိမေနႏိုင္မႈေၾကာင့္သူနဲ႔လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္တို႔ပါဝင္ကစားလာမည္ျဖစ္ေၾကာင္းဟာသေႏွာေျပာဆိုလာပါတယ္။

မန္စီးတီးႏွင့္လီဗာပူးတို႔ဟာခါရာေဘာင္ဖလားစတုတၳအဆင့္မဲခြဲရာတြင္ထိပ္တိုက္ေတြ႕ဆုံေနရပါတယ္။ခါရာေဘာင္ဖလားစတုတၳအဆင့္ပြဲစဥ္ကိုကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ၄ရက္(သို႔မဟုတ္)၃ရက္အၾကာတြင္ကစားလာပါမယ္။

ဒါေၾကာင့္လည္းမန္စီးတီးနည္းျပဂြါဒီယိုလာဟာယင္းအခ်ိန္တြင္ မန္စီးတီးသို႔ကစားသမားမည္မွ်ပူးေပါင္းလာမည္ကိုမသိေသးမႈႏွင့္အတူ သူနဲ႔ကေလာ့ပ္တို႔ဝင္ကစားလာႏိုင္ေၾကာင္းဆိုသြားပါတယ္။

မန္စီးတီးဟာပထမအသင္းမွအာလင္းဟာလန္း၊ရီကိုလူးဝစ္၊ရီယက္မရာ့ဇ္၊ဆာဂ်ီယိုဂိုမက္ဇ္တို႔မွလြဲၿပီးက်န္ကစားသမားအားလုံးကိုကမာၻ႔ဖလားသို႔လက္လႊတ္ထားရပါတယ္။

ဒါေၾကာင့္ဂြါဒီယိုလာဟာခါရာေဘာင္းပြဲစဥ္ကစားရန္ေရာက္ရွိလာခ်ိန္တြင္ ကစားသမားအေရအတြက္အသင္းႏွင့္ပူးေပါင္းေနမည္ကိုမသိေသးပါဘူး။

ဂြါဒီယိုလာက “ဟုတ္တယ္။က်ဳပ္ကြင္းလယ္မွာကစားမယ္။ဂ်ာဂင္လည္းဘယ္ေနာက္ခံလူအျဖစ္ကစားလာမယ္။ဒါကဗ်ဴဟာပါ။တကယ္လို႔အုပ္စုအဆင့္ကိုေက်ာ္ၿပီး၁၆သင္းအဆင့္သို႔ေရာက္ခဲ့တယ္ဆိုရင္ေတာင္ရက္အခ်ိဳ႕အနားေပးဖို႔လိုေသးတယ္။အုပ္စုအဆင့္ကေနထြက္ခဲ့ရတဲ့ကစားသမားေတြကေတာ့လီဗာပူးနဲ႔ပြဲမွာကစားလာပါလိမ့္မယ္။မဟုတ္ရင္ေတာ့ဘာျဖစ္လာမလဲေစာင့္ၾကည့္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာဒီဇင္ဘာလအတြင္းတြင္အဘူဒါဘီသို႔သြားေရာက္ကာ ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္သြားပါမယ္။