ကမ္ဘာ့ဖလားအရိုးပြာအိုးမှာ ရာသက်ပန်နားစက်နိုင်တော့မယ့် အီတလီဂန္ထဝင်ပါအိုလိုရော့စီ

အီတလီဂန္ထဝင်ကစားသမားပါအိုလိုရော့စီရဲ့အရိုးပြာများကိုကမ္ဘာ့ဖလားပုံသဏ္ဍာန်အရိုးပြာအိုးထဲမှာ ထည့်သွင်းကာမြှပ်နှံခဲ့လို့ကမ္ဘာ့ဖလားနဲ့ရာသက်ပန်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

အီတလီဂန္ထဝင်တိုက်စစ်မှူးဟာဒီဇင်ဘာလ၉ရက်နေ့တုန်းကကာလရှည်ကြာနားမကျန်းဖြစ်ပြီးနောက်အသက် ၆၄နှစ်အရွယ်မှာဘဲကွယ်လွန်သွားခဲ့ပါတယ်။

သူ့ရဲ့အသုဘအခမ်းအနားကိုမွေးရပ်မြေဗီစင်ဇာမှာပြုလုပ်ခဲ့ပြီးမနေ့တုန်းကပရာတိုရဲ့သူ့နေအိမ်မှာနောက်ထပ် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပြီးသူ့ရဲ့အရိုးပြာများကိုကမ္ဘာ့ဖလားပုံသဏ္ဍာန်အရိုးပြာအိုးမှာထည့်သွင်းကာမြှပ်နှံခဲ့ပါတယ်။

ယင်းအခမ်းအနားသို့လက်ရှိဇနီးဖီဒီရီကာနှင့်သမီးနှစ်ဦး၊ပထမဇနီးနှင့်ရခဲ့တဲ့သားအပြင်အစ်ကိုဖြစ်သူရိုဆာနိုလည်း တက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ကစားဖော်ဟောင်းများဖြစ်ကြတဲ့အန်တိုနိုနီနှင့်ဂယ်လီတို့လည်းတက်ရောက်ခဲ့ကြ ပါတယ်။

ရော့စီဟာအီတလီအသင်းကို၁၉၈၂ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှစွမ်းဆောင်ခဲ့သူဖြစ်ပြီးယင်းပြိုင်ပွဲမှာကမ္ဘာ့ဖလားအပြင်ရွှေဖိနပ်ဆု၊အကောင်းဆုံးကစားသမားဆုတို့ကိုလည်းဆွတ်ခူးနိုင်ခဲ့ကာကမ္ဘာ့ဖလားသမိုင်းမှာ ကမ္ဘာ့ဖလားနှင့်အကောင်းဆုံးဆုနှစ်ဆုတို့ကိုရယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးခဲ့ပါတယ်။သူ့ရဲ့စံချိန်ကို၂၀၀၂ကမ္ဘာ့ဖလားမှာရော်နယ်ဒိုကလိုက်မီခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားအ႐ိုးျပာအိုးမွာ ရာသက္ပန္နားစက္ႏိုင္ေတာ့မယ့္ အီတလီဂႏၴဝင္ပါအိုလိုေရာ့စီ

အီတလီဂႏၴဝင္ကစားသမားပါအိုလိုေရာ့စီရဲ႕အ႐ိုးျပာမ်ားကိုကမာၻ႔ဖလားပုံသ႑ာန္အ႐ိုးျပာအိုးထဲမွာ ထည့္သြင္းကာျမႇပ္ႏွံခဲ့လို႔ကမာၻ႔ဖလားနဲ႔ရာသက္ပန္ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။

အီတလီဂႏၴဝင္တိုက္စစ္မႉးဟာဒီဇင္ဘာလ၉ရက္ေန႔တုန္းကကာလရွည္ၾကာနားမက်န္းျဖစ္ၿပီးေနာက္အသက္ ၆၄ႏွစ္အ႐ြယ္မွာဘဲကြယ္လြန္သြားခဲ့ပါတယ္။

သူ႔ရဲ႕အသုဘအခမ္းအနားကိုေမြးရပ္ေျမဗီစင္ဇာမွာျပဳလုပ္ခဲ့ၿပီးမေန႔တုန္းကပရာတိုရဲ႕သူ႔ေနအိမ္မွာေနာက္ထပ္ ေအာက္ေမ့ဖြယ္အခမ္းအနားတစ္ခုျပဳလုပ္ခဲ့ၿပီးသူ႔ရဲ႕အ႐ိုးျပာမ်ားကိုကမာၻ႔ဖလားပုံသ႑ာန္အ႐ိုးျပာအိုးမွာထည့္သြင္းကာျမႇပ္ႏွံခဲ့ပါတယ္။

ယင္းအခမ္းအနားသို႔လက္ရွိဇနီးဖီဒီရီကာႏွင့္သမီးႏွစ္ဦး၊ပထမဇနီးႏွင့္ရခဲ့တဲ့သားအျပင္အစ္ကိုျဖစ္သူ႐ိုဆာႏိုလည္း တက္ေရာက္ခဲ့ပါတယ္။ဒါ့အျပင္ကစားေဖာ္ေဟာင္းမ်ားျဖစ္ၾကတဲ့အန္တိုႏိုနီႏွင့္ဂယ္လီတို႔လည္းတက္ေရာက္ခဲ့ၾက ပါတယ္။

ေရာ့စီဟာအီတလီအသင္းကို၁၉၈၂ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွစြမ္းေဆာင္ခဲ့သူျဖစ္ၿပီးယင္းၿပိဳင္ပြဲမွာကမာၻ႔ဖလားအျပင္ေ႐ႊဖိနပ္ဆု၊အေကာင္းဆုံးကစားသမားဆုတို႔ကိုလည္းဆြတ္ခူးႏိုင္ခဲ့ကာကမာၻ႔ဖလားသမိုင္းမွာ ကမာၻ႔ဖလားႏွင့္အေကာင္းဆုံးဆုႏွစ္ဆုတို႔ကိုရယူႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းေရးထိုးခဲ့ပါတယ္။သူ႔ရဲ႕စံခ်ိန္ကို၂၀၀၂ကမာၻ႔ဖလားမွာေရာ္နယ္ဒိုကလိုက္မီခဲ့ပါတယ္။