ကမ္ဘာ့ဖလားအသည်းကွဲမှုမျိုး ထပ်ဖြစ်လာမည်မဟုတ်ဟု ကိန်းနှင့်မက်ဂွိုင်းယားကြုံးဝါး

အင်္ဂလန်သူရဲကောင်းများဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ဟယ်ရီကိန်းတို့ကကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသည်းကွဲကြေခဲ့ရတဲ့အဖြစ်မျိုးယူရိုတွင်ထပ်ကြုံတွေ့ရမည်မဟုတ်ကြောင်းကြုံးဝါးပြောကြားလိုက်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးတို့ဟာမနေ့ညတုန်းကယူကရိန်းကအင်္ဂလန်က၄-၀ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်အောင်ကူညီခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကအင်္ဂလန်အတွက်နှစ်ဂိုးသွင်းခဲ့ပြီးမက်ဂွိုင်းယားကတစ်ဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂလန်ဟာယူရို၉၆နောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ယူရိုဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာဝင်ဘာလေကွင်းမှာဒိန်းမတ်နှင့်ဆီမီးဖိုင်နယ်ပွဲကစားသွားရပါမယ်။

အသက်၂၈နှစ်ရှိမက်ဂွိုင်းယားက “အရေးကြီးတဲ့ပြိုင်ပွဲမှာဆီမီးဖိုင်နယ်သို့နှစ်ကြိမ်ဆက်တက်နိုင်တယ်ဆိုတာကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ကျွန်တော်တို့ဟာတစ်ပွဲပြီးတစ်ပွဲပိုကောင်းလာနေပါတယ်။အခုကျွန်တော်တို့နားပြီးပြန်စတင်ရမယ်။နောက်ထပ်ပွဲတစ်ပွဲကစားဖို့ရှိနေသေးတာကြောင့်စိတ်အေးလက်အေးနေလို့မရပါဘူး။ကျွန်တော်တို့ကဆီမီးနဲ့မကျေနပ်ပါဘူး။ဆက်ပြီးသွားချင်ပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အသက်၂၇နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ကိန်းကလည်း “ကျွန်တော်တို့ကနောက်တစ်ဆင့်တက်ဖို့ရေပန်းစားနေတော့ဖိအားတွေများပါတယ်။လူတွေကလည်းအများကြီးမျှော်လင့်ထားကြတယ်။အသင်းရဲ့ခြေစွမ်းကထိပ်တန်းပါ။ဂိုးမပေးခဲ့ရဘူး။လေးဂိုးသွင်းနိုင်ခဲ့တယ်။ပြီးပြည့်စုံတဲ့ညပါ။ဆီမီးပွဲကြီးကစားရပါမယ်။ကျွန်တော်တို့ဟာလမ်းကြောင်းမှန်ပေါ်မှာရှိနေပါတယ်။ကမ္ဘာ့ဖလားကကြီးကျယ်ပါတယ်။ဒါပေမယ့်ဖြုတ်ချခံခဲ့ရတယ်။နေရှင်းလိဂ်မှာလည်းရလဒ်ကောင်းရခဲ့တယ်။အခုနောက်ထပ်ဆီမီးသို့တက်ရောက်ခဲ့ပြန်ပြီ။အခုဒီကိုကျော်ဖြတ်ရပါမယ်။ဗုဒ္ဓဟူးနေ့မှာနောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းရပါမယ်။အလုပ်ကမပြီးသေးပါဘူး။ကျွန်တော့်ဘက်ကတော့အသင့်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားအသည္းကြဲမႈမ်ိဳး ထပ္ျဖစ္လာမည္မဟုတ္ဟု ကိန္းႏွင့္မက္ဂြိဳင္းယားႀကဳံးဝါး

အဂၤလန္သူရဲေကာင္းမ်ားျဖစ္ၾကတဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ဟယ္ရီကိန္းတို႔ကကမာၻ႔ဖလားၿပိဳင္ပြဲတြင္အသည္းကြဲေၾကခဲ့ရတဲ့အျဖစ္မ်ိဳးယူ႐ိုတြင္ထပ္ႀကဳံေတြ႕ရမည္မဟုတ္ေၾကာင္းႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

အဆိုပါကစားသမားႏွစ္ဦးတို႔ဟာမေန႔ညတုန္းကယူကရိန္းကအဂၤလန္က၄-၀ဂိုးျဖင့္အႏိုင္ရရွိကာယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ေအာင္ကူညီခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကအဂၤလန္အတြက္ႏွစ္ဂိုးသြင္းခဲ့ၿပီးမက္ဂြိဳင္းယားကတစ္ဂိုးသြင္းယူခဲ့ပါတယ္။

အဂၤလန္ဟာယူ႐ို၉၆ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ယူ႐ိုဆီမီးဖိုင္နယ္အဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။၎တို႔ဟာလာမယ့္ဗုဒၶဟူးေန႔မွာဝင္ဘာေလကြင္းမွာဒိန္းမတ္ႏွင့္ဆီမီးဖိုင္နယ္ပြဲကစားသြားရပါမယ္။

အသက္၂၈ႏွစ္ရွိမက္ဂြိဳင္းယားက “အေရးႀကီးတဲ့ၿပိဳင္ပြဲမွာဆီမီးဖိုင္နယ္သို႔ႏွစ္ႀကိမ္ဆက္တက္ႏိုင္တယ္ဆိုတာႀကီးမားတဲ့ေအာင္ျမင္မႈတစ္ခုပါ။ကြၽန္ေတာ္တို႔ဟာတစ္ပြဲၿပီးတစ္ပြဲပိုေကာင္းလာေနပါတယ္။အခုကြၽန္ေတာ္တို႔နားၿပီးျပန္စတင္ရမယ္။ေနာက္ထပ္ပြဲတစ္ပြဲကစားဖို႔ရွိေနေသးတာေၾကာင့္စိတ္ေအးလက္ေအးေနလို႔မရပါဘူး။ကြၽန္ေတာ္တို႔ကဆီမီးနဲ႔မေက်နပ္ပါဘူး။ဆက္ၿပီးသြားခ်င္ပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အသက္၂၇ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ကိန္းကလည္း “ကြၽန္ေတာ္တို႔ကေနာက္တစ္ဆင့္တက္ဖို႔ေရပန္းစားေနေတာ့ဖိအားေတြမ်ားပါတယ္။လူေတြကလည္းအမ်ားႀကီးေမွ်ာ္လင့္ထားၾကတယ္။အသင္းရဲ႕ေျခစြမ္းကထိပ္တန္းပါ။ဂိုးမေပးခဲ့ရဘူး။ေလးဂိုးသြင္းႏိုင္ခဲ့တယ္။ၿပီးျပည့္စုံတဲ့ညပါ။ဆီမီးပြဲႀကီးကစားရပါမယ္။ကြၽန္ေတာ္တို႔ဟာလမ္းေၾကာင္းမွန္ေပၚမွာရွိေနပါတယ္။ကမာၻ႔ဖလားကႀကီးက်ယ္ပါတယ္။ဒါေပမယ့္ျဖဳတ္ခ်ခံခဲ့ရတယ္။ေနရွင္းလိဂ္မွာလည္းရလဒ္ေကာင္းရခဲ့တယ္။အခုေနာက္ထပ္ဆီမီးသို႔တက္ေရာက္ခဲ့ျပန္ၿပီ။အခုဒီကိုေက်ာ္ျဖတ္ရပါမယ္။ဗုဒၶဟူးေန႔မွာေနာက္ထပ္ေျခလွမ္းတစ္လွမ္းလွမ္းရပါမယ္။အလုပ္ကမၿပီးေသးပါဘူး။ကြၽန္ေတာ့္ဘက္ကေတာ့အသင့္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။