
ရီစီဂျိမ်းစ်ဟာသူ့ရဲ့အင်္ဂလန်ကမ္ဘာ့ဖလားအိပ်မက်အတွက်နောက်မဆုတ်စတမ်းကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးညာနောက်ခံလူဟာချဲလ်ဆီးကအေစီမီလန်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဒူးဒဏ်ရာရရှိပြီးနောက်အနားယူနေရပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန်အတွက်ဒူဘိုင်းသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
ချဲလ်ဆီးစတားဟာလာမယ့်နိုဝင်ဘာလ၁၀ရက်နေ့တွင်ကြေညာလာမယ့်ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်လူစာရင်း ၂၆ဦးစာရင်းတွင်ပါဝင်ရေးအစွမ်းကုန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဆောက်ဂိတ်အနေဖြင့်ညာနောက်ခံလူနေရာအတွက်ရွေးချယ်စရာများစွာရှိပေမဲ့လည်းတိုက်စစ်အတွက်သာမကခံစစ်အတွက်ပါစိတ်ချရတဲ့ဦးစားပေး နောက်ခံလူရီစီဂျိမ်းစ်ကိုချန်လှပ်ထားခဲ့လိုခြင်းမရှိပါဘူး။
ရီစီဂျိမ်းစ်ဟာလည်းကစားဖော်ဖိုဖာနာနှင့်အတူ ကမ္ဘာ့ဖလားအိပ်မက်အသက်သွင်းနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန်ဒူဘိုင်းသို့ရောက်နေပါတယ်။ဖိုဖာနာဟာလည်းပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်လိုနေပါတယ်။ သူဟာလည်းရီစီဂျိမ်းစ်ကဲ့သို့ပင်မီလန်နှင့်ပွဲမှာပင်ဒူးဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားအိပ္မက္အတြက္ တိုက္ပြဲဝင္ႏိုင္ရန္ ရီစီဂ်ိမ္းစ္ကို ဒူဘိုင္းသို႔ ပို႔လိုက္တဲ့ ခ်ဲလ္ဆီး
ရီစီဂ်ိမ္းစ္ဟာသူ႔ရဲ႕အဂၤလန္ကမာၻ႔ဖလားအိပ္မက္အတြက္ေနာက္မဆုတ္စတမ္းႀကိဳးပမ္းေနပါတယ္။
ခ်ဲလ္ဆီးညာေနာက္ခံလူဟာခ်ဲလ္ဆီးကေအစီမီလန္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဒူးဒဏ္ရာရရွိၿပီးေနာက္အနားယူေနရၿပီးျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္မ်ားလုပ္ေဆာင္ရန္အတြက္ဒူဘိုင္းသို႔ေရာက္ရွိေနၿပီျဖစ္ပါတယ္။
ခ်ဲလ္ဆီးစတားဟာလာမယ့္ႏိုဝင္ဘာလ၁၀ရက္ေန႔တြင္ေၾကညာလာမယ့္ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္လူစာရင္း ၂၆ဦးစာရင္းတြင္ပါဝင္ေရးအစြမ္းကုန္ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။
ေဆာက္ဂိတ္အေနျဖင့္ညာေနာက္ခံလူေနရာအတြက္ေ႐ြးခ်ယ္စရာမ်ားစြာရွိေပမဲ့လည္းတိုက္စစ္အတြက္သာမကခံစစ္အတြက္ပါစိတ္ခ်ရတဲ့ဦးစားေပး ေနာက္ခံလူရီစီဂ်ိမ္းစ္ကိုခ်န္လွပ္ထားခဲ့လိုျခင္းမရွိပါဘူး။
ရီစီဂ်ိမ္းစ္ဟာလည္းကစားေဖာ္ဖိုဖာနာႏွင့္အတူ ကမာၻ႔ဖလားအိပ္မက္အသက္သြင္းႏိုင္ေရးအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ေဆာင္ရန္ဒူဘိုင္းသို႔ေရာက္ေနပါတယ္။ဖိုဖာနာဟာလည္းျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဝင္ေရာက္ယွဥ္ၿပိဳင္လိုေနပါတယ္။ သူဟာလည္းရီစီဂ်ိမ္းစ္ကဲ့သို႔ပင္မီလန္ႏွင့္ပြဲမွာပင္ဒူးဒဏ္ရာရခဲ့တာလည္းျဖစ္ပါတယ္။