ကမ္ဘာ့ဖလားအိပ်မက်အတွက် လက်မလျှော့သေးတဲ့ ချဲလ်ဆီးစတားရီစီဂျိမ်းစ်

ရီစီဂျိမ်းစ်ကကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်ရန်လက်မလျှော့သေးကြောင်းနှင့်ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်နိုင်ရေးအစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အင်္ဂလန်နှင့်ချဲလ်ဆီးညာနောက်ခံလူရီစီဂျိမ်းစ်ဟာဒူးဒဏ်ရာကြောင့်အနားယူနေရသူဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိအနားယူရမယ်လို့ခန့်မှန်းခံထားရပါတယ်။

အသက်၂၂နှစ်ရှိရီစီဂျိမ်းစ်ကကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ခွင့်ရရေးမှာမဖြစ်နိုင်တဲ့အရာတစ်ခုကဲ့သို့ဖြစ်နေပေမဲ့လည်း အမြန်ဆုံးလေ့ကျင့်ခန်းဆင်းလာနိုင်ရန်မျှော်လင့်နေပါတယ်။

ရီစီဂျိမ်းစ်အနေဖြင့် နိုဝင်ဘာလ၁၀ရက်နေ့မတိုင်မီလေ့ကျင့်ခန်းဆင်းနိုင်ရေးလုပ်ဆောင်သွားရပါမယ်။ဂါရတ်ဆောက်ဂိတ်ဟာနိုဝင်ဘာလ၁၀ရက်နေ့မှာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အင်္ဂလန် ၂၆ ဦးလူစာရင်းကိုကြေညာလာပါမယ်။

ရီစီဂျိမ်းစ်က “လာမယ့်ရက်သတ္တပတ်အနည်းငယ်လောက်အစွမ်းကုန်ကြိုးပမ်းရမယ်။ပြီးတော့မှရွေးချယ်ခံရနိုင်လားကြည့်ရမယ်။ကြိုးစားသွားမယ်။ပြီးတော့လွဲပြီလို့လည်းမတွေးဘူး။အခုတော့ဒဏ်ရာတိုးတက်မှုနှေးနေတုန်းပဲ။အစောပိုင်းအဆင့်မှာပဲရှိသေးတယ်။ပြန်လည်ထူထောင်ရေးလုပ်လာတာနှစ်ပတ်ရှိပြီ။တစ်နေ့ချင်းသွားမယ်။ချဲလ်ဆီးဆေးအဖွဲ့ကလည်းကျွန်တော့်ကိုကမ္ဘာ့ဖလားမှာပါနိုင်ခြေဘယ်လောက်ရှိတယ်ဆိုတာမပြောဘူး။ဒီတော့ကျွန်တော့်ဘက်ကပါဝင်နိုင်သေးတယ်လို့ယုံကြည်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားအိပ္မက္အတြက္ လက္မေလွ်ာ့ေသးတဲ့ ခ်ဲလ္ဆီးစတားရီစီဂ်ိမ္းစ္

ရီစီဂ်ိမ္းစ္ကကမာၻ႔ဖလားအိပ္မက္အဆုံးသတ္ရန္လက္မေလွ်ာ့ေသးေၾကာင္းႏွင့္ေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ႏိုင္ေရးအစြမ္းကုန္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အဂၤလန္ႏွင့္ခ်ဲလ္ဆီးညာေနာက္ခံလူရီစီဂ်ိမ္းစ္ဟာဒူးဒဏ္ရာေၾကာင့္အနားယူေနရသူျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိအနားယူရမယ္လို႔ခန႔္မွန္းခံထားရပါတယ္။

အသက္၂၂ႏွစ္ရွိရီစီဂ်ိမ္းစ္ကကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ခြင့္ရေရးမွာမျဖစ္ႏိုင္တဲ့အရာတစ္ခုကဲ့သို႔ျဖစ္ေနေပမဲ့လည္း အျမန္ဆုံးေလ့က်င့္ခန္းဆင္းလာႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

ရီစီဂ်ိမ္းစ္အေနျဖင့္ ႏိုဝင္ဘာလ၁၀ရက္ေန႔မတိုင္မီေလ့က်င့္ခန္းဆင္းႏိုင္ေရးလုပ္ေဆာင္သြားရပါမယ္။ဂါရတ္ေဆာက္ဂိတ္ဟာႏိုဝင္ဘာလ၁၀ရက္ေန႔မွာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အဂၤလန္ ၂၆ ဦးလူစာရင္းကိုေၾကညာလာပါမယ္။

ရီစီဂ်ိမ္းစ္က “လာမယ့္ရက္သတၱပတ္အနည္းငယ္ေလာက္အစြမ္းကုန္ႀကိဳးပမ္းရမယ္။ၿပီးေတာ့မွေ႐ြးခ်ယ္ခံရႏိုင္လားၾကည့္ရမယ္။ႀကိဳးစားသြားမယ္။ၿပီးေတာ့လြဲၿပီလို႔လည္းမေတြးဘူး။အခုေတာ့ဒဏ္ရာတိုးတက္မႈေႏွးေနတုန္းပဲ။အေစာပိုင္းအဆင့္မွာပဲရွိေသးတယ္။ျပန္လည္ထူေထာင္ေရးလုပ္လာတာႏွစ္ပတ္ရွိၿပီ။တစ္ေန႔ခ်င္းသြားမယ္။ခ်ဲလ္ဆီးေဆးအဖြဲ႕ကလည္းကြၽန္ေတာ့္ကိုကမာၻ႔ဖလားမွာပါႏိုင္ေျခဘယ္ေလာက္ရွိတယ္ဆိုတာမေျပာဘူး။ဒီေတာ့ကြၽန္ေတာ့္ဘက္ကပါဝင္ႏိုင္ေသးတယ္လို႔ယုံၾကည္တယ္”လို႔ေျပာၾကားသြားပါတယ္။