
နယ်သာလန်နည်းပြလူးဝစ်ဗန်ဂါးလ်ဟာကာတာရဲ့ကမ္ဘာ့ဖလားအတွက်ပြင်ဆင်ပုံတို့ကိုချီးကျူးသွားခဲ့ပေမဲ့လည်း အိမ်ရှင်အဖြစ်ရွေးချယ်မှုကိုမေးခွန်းထုတ်သွားခဲ့ပါတယ်။
သူကကာတာမှာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်သေးငယ်တဲ့နိုင်ငံဖြစ်တဲ့အပြင်ကြီးကျယ်တဲ့ဘောလုံးသမိုင်းကြောင်းမရှိတဲ့နိုင်ငံဖြစ်ကြောင်းဆိုသွားပါတယ်။
ဗန်ဂါးလ်ဟာယခင်တုန်းကလည်းအာရတ်နိုင်ငံတစ်ခုတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ရွေးချယ်မှုမှာလက်ခံနိုင်စရာမရှိတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းဆိုခဲ့ဖူးပါတယ်။
ယခုလည်းဗန်ဂါးလ်က “ဘောလုံးနိုင်ငံတွေမှာပဲကျင်းပရမယ်။ဖီဖာရဲ့ရည်မှန်းချက်ကရှိထားပြီးသား။တချိန်တည်းမှာပဲနိုင်ငံဖွံ့ဖြိုးရေးလည်းရှိစေရမယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကစားဖို့ရောက်လာကြပါပြီ။ဒါပေမဲ့ဘောလုံးနိုင်ငံတွေကအရာရာတိုင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံပိုရှိတယ်။အခြားနိုင်ငံတွေကိုအခြားနည်းလမ်း၊မှန်ကန်တဲ့လမ်းနဲ့အသွင်တုလို့ရတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်လူးဝစ်ဗန်ဂါးလ်ကသူ့သူငယ်ချင်းအချို့နှင့်မိသားစုဝင်အချို့တို့မှာတနင်္ဂနွေနေ့တွင်စတင်မယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဘွတ်ကင်တင်ရန်ခက်ခဲနေကြောင်းလည်းဆိုသွားပါတယ်။
ကာတာနိုင်ငံဟာလူဦးရေ၃သန်းဝန်းကျင်သာရှိပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုကွင်း၈ကွင်းတွင်လက်ခံကျင်းပသွားပါမယ်။
လူးဝစ်ဗန်ဂါးလ်ဟာနယ်သာလန်အသင်းကိုသုံးကြိမ်မြောက်ကိုင်တွယ်နေတာဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတတိယရရှိအောင်ဦးဆောင်ခဲ့ဖူးပါတယ်။
ZawGyi
ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ ကာတာကို ေ႐ြးခ်ယ္ခဲ့မႈအေပၚ နယ္သာလန္နည္းျပဗန္ဂါးလ္ ေမးခြန္းထုတ္
နယ္သာလန္နည္းျပလူးဝစ္ဗန္ဂါးလ္ဟာကာတာရဲ႕ကမာၻ႔ဖလားအတြက္ျပင္ဆင္ပုံတို႔ကိုခ်ီးက်ဴးသြားခဲ့ေပမဲ့လည္း အိမ္ရွင္အျဖစ္ေ႐ြးခ်ယ္မႈကိုေမးခြန္းထုတ္သြားခဲ့ပါတယ္။
သူကကာတာမွာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္ေသးငယ္တဲ့ႏိုင္ငံျဖစ္တဲ့အျပင္ႀကီးက်ယ္တဲ့ေဘာလုံးသမိုင္းေၾကာင္းမရွိတဲ့ႏိုင္ငံျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဗန္ဂါးလ္ဟာယခင္တုန္းကလည္းအာရတ္ႏိုင္ငံတစ္ခုတြင္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္ေ႐ြးခ်ယ္မႈမွာလက္ခံႏိုင္စရာမရွိတဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းဆိုခဲ့ဖူးပါတယ္။
ယခုလည္းဗန္ဂါးလ္က “ေဘာလုံးႏိုင္ငံေတြမွာပဲက်င္းပရမယ္။ဖီဖာရဲ႕ရည္မွန္းခ်က္ကရွိထားၿပီးသား။တခ်ိန္တည္းမွာပဲႏိုင္ငံဖြံ႕ၿဖိဳးေရးလည္းရွိေစရမယ္။ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔ကစားဖို႔ေရာက္လာၾကပါၿပီ။ဒါေပမဲ့ေဘာလုံးႏိုင္ငံေတြကအရာရာတိုင္းနဲ႔ပတ္သက္ၿပီးအေတြ႕အႀကဳံပိုရွိတယ္။အျခားႏိုင္ငံေတြကိုအျခားနည္းလမ္း၊မွန္ကန္တဲ့လမ္းနဲ႔အသြင္တုလို႔ရတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္လူးဝစ္ဗန္ဂါးလ္ကသူ႔သူငယ္ခ်င္းအခ်ိဳ႕ႏွင့္မိသားစုဝင္အခ်ိဳ႕တို႔မွာတနဂၤေႏြေန႔တြင္စတင္မယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ဘြတ္ကင္တင္ရန္ခက္ခဲေနေၾကာင္းလည္းဆိုသြားပါတယ္။
ကာတာႏိုင္ငံဟာလူဦးေရ၃သန္းဝန္းက်င္သာရွိၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုကြင္း၈ကြင္းတြင္လက္ခံက်င္းပသြားပါမယ္။
လူးဝစ္ဗန္ဂါးလ္ဟာနယ္သာလန္အသင္းကိုသုံးႀကိမ္ေျမာက္ကိုင္တြယ္ေနတာျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကတတိယရရွိေအာင္ဦးေဆာင္ခဲ့ဖူးပါတယ္။