
တောင်ကိုရီးယားကစားသမားများဟာယနေ့ညပေါ်တူဂီနှင့်ရင်ဆိုင်ရမယ့်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုကလဲ့စားချေရေးကြိုးပမ်းလာဖို့ရှိနေပါတယ်။
ပေါ်တူဂီနှင့်တောင်ကိုရီးယားတို့ဟာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအဖြစ်ယနေ့ညတွင်ရင်ဆိုင်ကစားကြပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီမှာ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ထားပြီးဖြစ်ပါတယ်။၎င်းတို့ဟာတောင်ကိုရီးယားကိုမရှုံးနိမ့်လျှင်အုပ်စုဗိုလ်ဖြစ်ပါမယ်။
တောင်ကိုရီးယားကတော့၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရေးပေါ်တူဂီကိုအနိုင်ရရှိရန်လိုအပ်နေပါတယ်။
ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်တောင်ကိုရီးယားသတင်းထောက်တစ်ဦးက ဂျူဗင်တပ်တွင်အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုကစားစဉ်တုန်းကလုပ်ရပ်အတွက်တောင်ကိုရီးယားကစားသမားများမှာကလဲ့စားချေရေးဆန္ဒပြင်းပြနေကြောင်း ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကိုပြောကြားလာခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ၂၀၁၉ခုနှစ်တုန်းကအာရှသို့ရာသီကြိုခြေစမ်းပွဲခရီးစဉ်သွားကစားစဉ် စင်္ကာပူတွင်စပါးစ်နှင့်လည်းကောင်း၊တရုတ်တွင်အင်တာမီလန်နှင့်လည်းကောင်းကစားခဲ့ပါတယ်။
ယင်းနှစ်ပွဲလုံးတွင်ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်ကစားပြီးနှစ်ပွဲလုံးမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့တောင်ကိုရီးယားခရီးစဉ်တွင်ကေလိဂ်အောစတားနှင့်ပွဲစဉ်မှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဝင်ရောက်ကစားခဲ့ခြင်းမရှိပါဘူး။ပရိသတ်၆၃၀၀၀တို့ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုမြင်တွေ့ရရေးရောက်လာခဲ့ကြပေမဲ့မတွေ့ရမှုနှင့်အတူစိတ်ပျက်ခဲ့ရပါတယ်။
ဒါကြောင့်လည်းတောင်ကိုရီးယားသတင်းထောက်ကတောင်ကိုရီးယားပြည်သူများဟာယင်းဖြစ်ရပ်အတွက်ခရစ္စတီယာနိုရော်နယ်ဒိုကိုဒေါသထွက်နေတုန်းဖြစ်ပြီးကလဲ့စားချေရေးကြိုးပမ်းလာမည်ဖြစ်ကြောင်းဆိုသွားပါတယ်။
ယင်းကိုဆန်းတို့စ်ကလည်း “ဂျူဗင်တပ်နဲ့ရော်နယ်ဒိုကိုသွားမေးပါလား။သူဟာဂျူဗင်တပ်နဲ့အဲဒီကိုသွားခဲ့တယ်။ဒါကကျုပ်တို့ရဲ့ပွဲကိုဘယ်လိုရိုက်ခတ်လာမှာလဲ။ကိုရီးယားနဲ့ကိုရီးယားပြည်သူတွေကိုအများကြီးလေးစားတယ်။ရော်နယ်ဒိုလည်းဒီအတိုင်းဆိုတာသေချာတယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဒဏ်ရာပြဿနာကြောင့်ပေါ်တူဂီအသင်းနှင့်အတူလေ့ကျင့်ခန်းမဆင်းနိုင်ဘဲတကိုယ်တော်ကာယလေ့ကျင့်ခန်းသာပြုလုပ်နိုင်မှုနှင့်အတူယနေ့ညတောင်ကိုရီးယားနှင့်ပွဲမှာပါဝင်လာဖို့မသေချာပါဘူး။
ZawGyi
ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲမတိုင္မီ ေပၚတူဂီအသင္းေခါင္းေဆာင္ေရာ္နယ္ဒိုကို ကလဲ့စားေခ်ဖို႔ ေျပာလာတဲ့ ေတာင္ကိုရီးယား
ေတာင္ကိုရီးယားကစားသမားမ်ားဟာယေန႔ညေပၚတူဂီႏွင့္ရင္ဆိုင္ရမယ့္ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုကလဲ့စားေခ်ေရးႀကိဳးပမ္းလာဖို႔ရွိေနပါတယ္။
ေပၚတူဂီႏွင့္ေတာင္ကိုရီးယားတို႔ဟာကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲအျဖစ္ယေန႔ညတြင္ရင္ဆိုင္ကစားၾကပါမယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေပၚတူဂီမွာ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ထားၿပီးျဖစ္ပါတယ္။၎တို႔ဟာေတာင္ကိုရီးယားကိုမရႈံးနိမ့္လွ်င္အုပ္စုဗိုလ္ျဖစ္ပါမယ္။
ေတာင္ကိုရီးယားကေတာ့၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးေပၚတူဂီကိုအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။
ပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲတြင္ေတာင္ကိုရီးယားသတင္းေထာက္တစ္ဦးက ဂ်ဴဗင္တပ္တြင္အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုကစားစဥ္တုန္းကလုပ္ရပ္အတြက္ေတာင္ကိုရီးယားကစားသမားမ်ားမွာကလဲ့စားေခ်ေရးဆႏၵျပင္းျပေနေၾကာင္း ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ကိုေျပာၾကားလာခဲ့ပါတယ္။
ဂ်ဴဗင္တပ္ဟာ၂၀၁၉ခုႏွစ္တုန္းကအာရွသို႔ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္သြားကစားစဥ္ စကၤာပူတြင္စပါးစ္ႏွင့္လည္းေကာင္း၊တ႐ုတ္တြင္အင္တာမီလန္ႏွင့္လည္းေကာင္းကစားခဲ့ပါတယ္။
ယင္းႏွစ္ပြဲလုံးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုပါဝင္ကစားၿပီးႏွစ္ပြဲလုံးမွာဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ေတာင္ကိုရီးယားခရီးစဥ္တြင္ေကလိဂ္ေအာစတားႏွင့္ပြဲစဥ္မွာေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဝင္ေရာက္ကစားခဲ့ျခင္းမရွိပါဘူး။ပရိသတ္၆၃၀၀၀တို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုျမင္ေတြ႕ရေရးေရာက္လာခဲ့ၾကေပမဲ့မေတြ႕ရမႈႏွင့္အတူစိတ္ပ်က္ခဲ့ရပါတယ္။
ဒါေၾကာင့္လည္းေတာင္ကိုရီးယားသတင္းေထာက္ကေတာင္ကိုရီးယားျပည္သူမ်ားဟာယင္းျဖစ္ရပ္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေဒါသထြက္ေနတုန္းျဖစ္ၿပီးကလဲ့စားေခ်ေရးႀကိဳးပမ္းလာမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။
ယင္းကိုဆန္းတို႔စ္ကလည္း “ဂ်ဴဗင္တပ္နဲ႔ေရာ္နယ္ဒိုကိုသြားေမးပါလား။သူဟာဂ်ဴဗင္တပ္နဲ႔အဲဒီကိုသြားခဲ့တယ္။ဒါကက်ဳပ္တို႔ရဲ႕ပြဲကိုဘယ္လို႐ိုက္ခတ္လာမွာလဲ။ကိုရီးယားနဲ႔ကိုရီးယားျပည္သူေတြကိုအမ်ားႀကီးေလးစားတယ္။ေရာ္နယ္ဒိုလည္းဒီအတိုင္းဆိုတာေသခ်ာတယ္”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒဏ္ရာျပႆနာေၾကာင့္ေပၚတူဂီအသင္းႏွင့္အတူေလ့က်င့္ခန္းမဆင္းႏိုင္ဘဲတကိုယ္ေတာ္ကာယေလ့က်င့္ခန္းသာျပဳလုပ္ႏိုင္မႈႏွင့္အတူယေန႔ညေတာင္ကိုရီးယားႏွင့္ပြဲမွာပါဝင္လာဖို႔မေသခ်ာပါဘူး။