
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်များတွင်ဂိုးပေါက်ပျောက်နေခဲ့ပြီးနောက်ယနေ့ညဆီနီဂေါနှင့်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ဂိုးပေါက်ပျောက်တွေ့ရန်ပစ်မှတ်ထားနေကြောင်းပြောကြားလာပါတယ်။
ဟယ်ရီကိန်းဟာ၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမဲ့လည်းကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အုပ်စုပွဲသုံးပွဲလုံးဂိုးပေါက်မတွေ့ခဲ့ပါဘူး။
သူဟာအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအုပ်စုပွဲသုံးပွဲတွင်ဂိုးပေါက်မတွေ့ခဲ့ပေမဲ့လည်းဖန်တီးမှု၂ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းက “အခုဒီလိုထိုင်နေတဲ့အခါမှာအနည်းဆုံး၂ဂိုး၊၃ဂိုးလောက်တော့ရထားချင်တာပေါ့။ဒါပေမဲ့အုပ်စုပွဲတွေကောင်းကောင်းမွန်မွန်ကျော်ဖြတ်လာခဲ့ပါပြီ။ဒီပွဲတွေမှာကြံ့ခိုင်မှုပိုင်းအရမ်းမသုံးခဲ့ရဘဲရှုံးထွက်အဆင့်သို့ရောက်လာခဲ့တယ်။ကျွန်တော့်အခြေအနေအားလုံးကောင်းမွန်ပါတယ်။ပွဲကြံ့ခိုင်မှုအကောင်းဆုံးအနေအထားရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကလည်းအုပ်စုပွဲစဉ်များတွင်ဂိုးပေါက်ပျောက်ခဲ့တဲ့ဟယ်ရီကိန်းမှာဆီနီဂေါနှင့်ရှုံးထွက်အဆင့်ပွဲစဉ်တွင်ဂိုးပေါက်တွေ့လာလိမ့်မယ်လို့ယုံကြည်ကြောင်းထောက်ခံပြောကြားသွားပါတယ်။
ဆောက်ဂိတ်က “ဟယ်ရီနဲ့ဆိုဂိုးတွေရောက်လာမယ်ဆိုတာသိထားပြီးသားပါ။ဒီတော့သူဂိုးမသွင်းနိုင်တာကြာပါပြီ။ဒီတော့မကြာခင်ဂိုးရောက်လာမယ်ဆိုတာအလိုလိုသိနေတယ်”လို့ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာစက်တင်ဘာလတုန်းကဂျာမနီနှင့်ကစားရတဲ့ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲတွင်ဂိုးသွင်းယူပြီးနောက်အင်္ဂလန်အတွက်ဂိုးပေါက်ပျောက်နေခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားအုပ္စုအဆင့္တြင္ ဂိုးေပါက္ေပ်ာက္ၿပီးေနာက္ ဆီနီေဂါႏွင့္ပြဲတြင္ ဂိုးေပါက္ျပန္ေတြ႕ရန္ အဂၤလန္စတားဟယ္ရီကိန္းပစ္မွတ္ထားေန
အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကကမာၻ႔ဖလားအုပ္စုအဆင့္ပြဲစဥ္မ်ားတြင္ဂိုးေပါက္ေပ်ာက္ေနခဲ့ၿပီးေနာက္ယေန႔ညဆီနီေဂါႏွင့္ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ဂိုးေပါက္ေပ်ာက္ေတြ႕ရန္ပစ္မွတ္ထားေနေၾကာင္းေျပာၾကားလာပါတယ္။
ဟယ္ရီကိန္းဟာ၂၀၁၈႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂိုးသြင္းဘုရင္ျဖစ္ခဲ့ေပမဲ့လည္းကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့အုပ္စုပြဲသုံးပြဲလုံးဂိုးေပါက္မေတြ႕ခဲ့ပါဘူး။
သူဟာအဂၤလန္ရဲ႕ကမာၻ႔ဖလားအုပ္စုပြဲသုံးပြဲတြင္ဂိုးေပါက္မေတြ႕ခဲ့ေပမဲ့လည္းဖန္တီးမႈ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ဟယ္ရီကိန္းက “အခုဒီလိုထိုင္ေနတဲ့အခါမွာအနည္းဆုံး၂ဂိုး၊၃ဂိုးေလာက္ေတာ့ရထားခ်င္တာေပါ့။ဒါေပမဲ့အုပ္စုပြဲေတြေကာင္းေကာင္းမြန္မြန္ေက်ာ္ျဖတ္လာခဲ့ပါၿပီ။ဒီပြဲေတြမွာႀကံ့ခိုင္မႈပိုင္းအရမ္းမသုံးခဲ့ရဘဲရႈံးထြက္အဆင့္သို႔ေရာက္လာခဲ့တယ္။ကြၽန္ေတာ့္အေျခအေနအားလုံးေကာင္းမြန္ပါတယ္။ပြဲႀကံ့ခိုင္မႈအေကာင္းဆုံးအေနအထားရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကလည္းအုပ္စုပြဲစဥ္မ်ားတြင္ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ဟယ္ရီကိန္းမွာဆီနီေဂါႏွင့္ရႈံးထြက္အဆင့္ပြဲစဥ္တြင္ဂိုးေပါက္ေတြ႕လာလိမ့္မယ္လို႔ယုံၾကည္ေၾကာင္းေထာက္ခံေျပာၾကားသြားပါတယ္။
ေဆာက္ဂိတ္က “ဟယ္ရီနဲ႔ဆိုဂိုးေတြေရာက္လာမယ္ဆိုတာသိထားၿပီးသားပါ။ဒီေတာ့သူဂိုးမသြင္းႏိုင္တာၾကာပါၿပီ။ဒီေတာ့မၾကာခင္ဂိုးေရာက္လာမယ္ဆိုတာအလိုလိုသိေနတယ္”လို႔ေျပာၾကားသြားပါတယ္။
ဟယ္ရီကိန္းဟာစက္တင္ဘာလတုန္းကဂ်ာမနီႏွင့္ကစားရတဲ့ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္အဂၤလန္အတြက္ဂိုးေပါက္ေပ်ာက္ေနခဲ့တာလည္းျဖစ္ပါတယ္။