ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရပေမဲ့ ဂျာမနီနည်းပြအဖြစ် ဖလစ်ဆက်ရှိနေမည်

ဟန်စီဖလစ်ဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းဂျာမနီနည်းပြအဖြစ်ယူရို၂၀၂၄ပြိုင်ပွဲအထိဆက်ရှိနေမည်ဖြစ်ကြောင်းသိရပါတယ်။

ဂျာမနီဟာကမ္ဘာ့ဖလားအုပ်စုအဆင့်တွင်ဂျပန်၊စပိန်တို့နောက်အုပ်စုတတိယအဖြစ်သာရပ်တည်ကာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရပါတယ်။

ဟန်စီဖလစ်ဟာပြီးခဲ့တဲ့ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျိုအာချင်လောနေရာတွင်ဆက်ခံခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုကြောင့်ဝေဖန်မှုများကြုံနေရပေမဲ့လည်းအိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ယူရို၂၀၂၄ပြိုင်ပွဲအထိဂျာမနီနည်းပြအဖြစ်ဆက်ရှိနေပါမယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကနူအန်ဒေါ့ဖ်ဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းအသက်၅၇နှစ်ရှိဟန်စီဖလစ်အပေါ်တွင်အပြည့်အဝယုံကြည်နေဆဲဖြစ်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်မှအကြီးအကဲများဖြစ်ကြတဲ့နူအန်ဒေါ့ဖ်နှင့်ဟန်ဂျိုအာချင်ဝစ်ဇ်ကီတို့ဟာဟန်စီဖလစ်နှင့်နှစ်နာရီခွဲကြာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်ယူရို၂၀၂၄ပြိုင်ပွဲအထိဆက်လက်လက်တွဲသွားရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ZawGyi

ကမာၻ႔ဖလားအုပ္စုအဆင့္မွ လွည့္ျပန္ခဲ့ရေပမဲ့ ဂ်ာမနီနည္းျပအျဖစ္ ဖလစ္ဆက္ရွိေနမည္

ဟန္စီဖလစ္ဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရေပမဲ့လည္းဂ်ာမနီနည္းျပအျဖစ္ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိဆက္ရွိေနမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ာမနီဟာကမာၻ႔ဖလားအုပ္စုအဆင့္တြင္ဂ်ပန္၊စပိန္တို႔ေနာက္အုပ္စုတတိယအျဖစ္သာရပ္တည္ကာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခဲ့ရပါတယ္။

ဟန္စီဖလစ္ဟာၿပီးခဲ့တဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ိဳအာခ်င္ေလာေနရာတြင္ဆက္ခံခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရမႈေၾကာင့္ေဝဖန္မႈမ်ားႀကဳံေနရေပမဲ့လည္းအိမ္ရွင္အျဖစ္လက္ခံက်င္းပမဲ့ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိဂ်ာမနီနည္းျပအျဖစ္ဆက္ရွိေနပါမယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠႏူအန္ေဒါ့ဖ္ဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရေပမဲ့လည္းအသက္၅၇ႏွစ္ရွိဟန္စီဖလစ္အေပၚတြင္အျပည့္အဝယုံၾကည္ေနဆဲျဖစ္ပါတယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္မွအႀကီးအကဲမ်ားျဖစ္ၾကတဲ့ႏူအန္ေဒါ့ဖ္ႏွင့္ဟန္ဂ်ိဳအာခ်င္ဝစ္ဇ္ကီတို႔ဟာဟန္စီဖလစ္ႏွင့္ႏွစ္နာရီခြဲၾကာေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိဆက္လက္လက္တြဲသြားရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။