ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာရမှုအတွက် အပျော်ခရီးထွက်သလို ပြုမှုခဲ့ကြတဲ့ Wags များကို ဂျာမနီအပြစ်ဖို့

ဂျာမနီဘောလုံးအဖွဲ့ချုပ်အကြီးအကဲများဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရမှုအတွက် Wags များကိုအပြစ်ဖို့လာပါတယ်။

၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဂျာမနီဟာစပိန်နှင့်အတူ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်မယ်လို့ယူဆထားရပေမဲ့အုပ်စုတတိယသာရရှိကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ဂျာမနီထိပ်သီးအားကစားသတင်းစာ Bild ကဂျာမနီဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဝင်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကျရှုံးမှုနှင့်ကြုံရမှုအတွက်နှစ်နာရီကြာပြန်လည်သုံးသပ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။

ယင်းဆွေးနွေးပွဲသို့ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဘန်းနူအန်ဒေါ့ဖ်နှင့်ဒုဥက္ကဌဂျိုအာချင်ဝစ်ဇ်ကီတို့လည်းတက်ရောက်ခဲ့ပါတယ်။

ယင်းဆွေးနွေးပွဲတွင်ဂျာမနီဘောလုံးအဖွဲ့ချုပ်အကြီးအကဲများကဂျာမနီလက်ရွေးစင်ကစားသမားများရဲ့သူငယ်ချင်း၊မိသားစုဝင်များရဲ့အသင်းရဲ့ဟိုတယ်အတွင်းအပြုအမူများကိုဝေဖန်ခဲ့ကြပါတယ်။၎င်းတို့ကကစားသမားများရဲ့မိသားစုဝင်များနှင့်သူငယ်ချင်းများဟာ ဂျာမနီအသင်းဟိုတယ်တွင်အပျော်ခရီးထွက်လာသကဲ့သို့ပြုမူနေထိုင်နေကြမှုအပေါ်အပြစ်တင်သွားပါတယ်။

ဂျာမနီအသင်းဟာအဖွင့်ပွဲစဉ်တွင်ဂျပန်ကိုရှုံးနိမ့်ပြီးအုပ်စုဒုတိယပွဲဖြစ်တဲ့စပိန်နှင့်သရေကျပြီးနောက် ကစားသမားများရဲ့ချစ်သူ/ဇနီးတို့ကိုအသင်းရဲ့ဟိုတယ်သို့လာရောက်ခွင့်ပြုခဲ့ပါတယ်။ဂျာမနီကစားသမားများဟာကော်စတာရီကာနှင့်အုပ်စုပွဲမတိုင်မီ နှစ်ရက်အတိုင်တိုင်ချစ်သူ/ဇနီးနှင့်အတူအိပ်ခွင့်ရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ဂျာမနီအသင်းမှကစားသမားအချို့တို့ဟာအသင်းရဲ့ဟိုတယ်သို့ ဇနီး/ချစ်သူတို့လာရောက်နေထိုင်မှုကိုသဘောမကျခဲ့ကြပါဘူး။

ဂျာမနီအသင်းဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ကာတာမြောက်ပိုင်းရှိ Zulal Wellness Resortတွင်တည်းခိုခဲ့ကြပါတယ်။

ဒါပေမဲ့ဂျာမနီနည်းပြဟန်စီဖလစ်ကတော့ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုအတွက် ဇနီး/ချစ်သူတို့ဟိုတယ်သို့အလည်အပတ်လာရောက်မှုကိုအပြစ်တင်သွားခဲ့ခြင်းမရှိပါဘူး။

ဂျာမနီဟာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပေမဲ့လည်းနည်းပြဟန်စီဖလစ်နဲ့ အိမ်ရှင်အဖြစ်ကျင်းပမဲ့ယူရို၂၀၂၄ပြိုင်ပွဲအထိလက်တွဲသွားကြရန်ဆုံးဖြတ်ထားပါတယ်။

ZawGyi

ကမာၻ႔ဖလားအုပ္စုအဆင့္မွ ထြက္ခြာရမႈအတြက္ အေပ်ာ္ခရီးထြက္သလို ျပဳမႈခဲ့ၾကတဲ့ Wags မ်ားကို ဂ်ာမနီအျပစ္ဖို႔

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္အႀကီးအကဲမ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွလွည့္ျပန္ခဲ့ရမႈအတြက္ Wags မ်ားကိုအျပစ္ဖို႔လာပါတယ္။

၂၀၁၄ကမာၻ႔ဖလားခ်န္ပီယံဂ်ာမနီဟာစပိန္ႏွင့္အတူ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္မယ္လို႔ယူဆထားရေပမဲ့အုပ္စုတတိယသာရရွိကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

ဂ်ာမနီထိပ္သီးအားကစားသတင္းစာ Bild ကဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဘုတ္အဖြဲ႕ဝင္မ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္က်ရႈံးမႈႏွင့္ႀကဳံရမႈအတြက္ႏွစ္နာရီၾကာျပန္လည္သုံးသပ္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။

ယင္းေဆြးေႏြးပြဲသို႔ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဘန္းႏူအန္ေဒါ့ဖ္ႏွင့္ဒုဥကၠဌဂ်ိဳအာခ်င္ဝစ္ဇ္ကီတို႔လည္းတက္ေရာက္ခဲ့ပါတယ္။

ယင္းေဆြးေႏြးပြဲတြင္ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္အႀကီးအကဲမ်ားကဂ်ာမနီလက္ေ႐ြးစင္ကစားသမားမ်ားရဲ႕သူငယ္ခ်င္း၊မိသားစုဝင္မ်ားရဲ႕အသင္းရဲ႕ဟိုတယ္အတြင္းအျပဳအမူမ်ားကိုေဝဖန္ခဲ့ၾကပါတယ္။၎တို႔ကကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားႏွင့္သူငယ္ခ်င္းမ်ားဟာ ဂ်ာမနီအသင္းဟိုတယ္တြင္အေပ်ာ္ခရီးထြက္လာသကဲ့သို႔ျပဳမူေနထိုင္ေနၾကမႈအေပၚအျပစ္တင္သြားပါတယ္။

ဂ်ာမနီအသင္းဟာအဖြင့္ပြဲစဥ္တြင္ဂ်ပန္ကိုရႈံးနိမ့္ၿပီးအုပ္စုဒုတိယပြဲျဖစ္တဲ့စပိန္ႏွင့္သေရက်ၿပီးေနာက္ ကစားသမားမ်ားရဲ႕ခ်စ္သူ/ဇနီးတို႔ကိုအသင္းရဲ႕ဟိုတယ္သို႔လာေရာက္ခြင့္ျပဳခဲ့ပါတယ္။ဂ်ာမနီကစားသမားမ်ားဟာေကာ္စတာရီကာႏွင့္အုပ္စုပြဲမတိုင္မီ ႏွစ္ရက္အတိုင္တိုင္ခ်စ္သူ/ဇနီးႏွင့္အတူအိပ္ခြင့္ရရွိခဲ့ၾကပါတယ္။

ဒါေပမဲ့ဂ်ာမနီအသင္းမွကစားသမားအခ်ိဳ႕တို႔ဟာအသင္းရဲ႕ဟိုတယ္သို႔ ဇနီး/ခ်စ္သူတို႔လာေရာက္ေနထိုင္မႈကိုသေဘာမက်ခဲ့ၾကပါဘူး။

ဂ်ာမနီအသင္းဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ကာတာေျမာက္ပိုင္းရွိ Zulal Wellness Resortတြင္တည္းခိုခဲ့ၾကပါတယ္။

ဒါေပမဲ့ဂ်ာမနီနည္းျပဟန္စီဖလစ္ကေတာ့ကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရမႈအတြက္ ဇနီး/ခ်စ္သူတို႔ဟိုတယ္သို႔အလည္အပတ္လာေရာက္မႈကိုအျပစ္တင္သြားခဲ့ျခင္းမရွိပါဘူး။

ဂ်ာမနီဟာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရေပမဲ့လည္းနည္းျပဟန္စီဖလစ္နဲ႔ အိမ္ရွင္အျဖစ္က်င္းပမဲ့ယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိလက္တြဲသြားၾကရန္ဆုံးျဖတ္ထားပါတယ္။