ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက် ရေခဲပြင်လျှောစီးရာမှ ခြေကျိုးသွားခဲ့တဲ့ ဘိုင်ယန်ဂိုးသမားနူအာ

နူအာရဲ့ရာသီကတော့ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။နူအာရဲ့ကံဆိုးမှုကလည်း ကံဆိုးမသွားလေရာမိုးလိုက်ရွာဆိုသလိုဖြစ်နေပါတယ်။ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေအရှက်တကွဲထွက်ခဲ့ရပြီးတဲ့နောက်နူအာဟာခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပြန်ပါတယ်။

ဂျာမနီအသင်းခေါင်းဆောင်ဟာရေခဲပြင်လျှောစီးခရီးစဉ်အတွင်းတွင်မတော်တဆခြေထောက်ကျိုးဒဏ်ရာရရှိကာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

ဂျာမနီအသင်းဟာကမ္ဘာ့ဖလားအုပ်စုအဆင့်တွင်ဂျပန်ကိုရှုံးနိမ့်ပြီးနောက် စပိန်နှင့်သရေကျကာကော်စတာရီကာကိုအနိုင်ရခဲ့ပေမဲ့လည်းအုပ်စုအဆင့်မှအရှက်တကွဲထွက်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်ဂိုးသမားဟာကမ္ဘာ့ဖလားအရှုံးကြောင့်ခေါင်းရှင်းရန်အတွက်အပျော်ခရီးထွက်ခဲ့ရာမှာမတော်တဆခြေထောက်ကျိုးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

နူအာဟာ၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးဂျာမနီရဲ့ကမ္ဘာ့ဖလားအုပ်စုပွဲသုံးပွဲလုံးကစားခဲ့သူလည်းဖြစ်ပါတယ်။သူဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရတဲ့ဂျာမနီအသင်းတွင်လည်းပါဝင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခဲ့ရၿပီးေနာက္ ေရခဲျပင္ေလွ်ာစီးရာမွ ေျခက်ိဳးသြားခဲ့တဲ့ ဘိုင္ယန္ဂိုးသမားႏူအာ

ႏူအာရဲ႕ရာသီကေတာ့ကုန္ဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။ႏူအာရဲ႕ကံဆိုးမႈကလည္း ကံဆိုးမသြားေလရာမိုးလိုက္႐ြာဆိုသလိုျဖစ္ေနပါတယ္။ကမာၻ႔ဖလားအုပ္စုအဆင့္ကေနအရွက္တကြဲထြက္ခဲ့ရၿပီးတဲ့ေနာက္ႏူအာဟာေျခေထာက္က်ိဳးဒဏ္ရာရရွိခဲ့ျပန္ပါတယ္။

ဂ်ာမနီအသင္းေခါင္းေဆာင္ဟာေရခဲျပင္ေလွ်ာစီးခရီးစဥ္အတြင္းတြင္မေတာ္တဆေျခေထာက္က်ိဳးဒဏ္ရာရရွိကာခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။

ဂ်ာမနီအသင္းဟာကမာၻ႔ဖလားအုပ္စုအဆင့္တြင္ဂ်ပန္ကိုရႈံးနိမ့္ၿပီးေနာက္ စပိန္ႏွင့္သေရက်ကာေကာ္စတာရီကာကိုအႏိုင္ရခဲ့ေပမဲ့လည္းအုပ္စုအဆင့္မွအရွက္တကြဲထြက္ခဲ့ရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဂိုးသမားဟာကမာၻ႔ဖလားအရႈံးေၾကာင့္ေခါင္းရွင္းရန္အတြက္အေပ်ာ္ခရီးထြက္ခဲ့ရာမွာမေတာ္တဆေျခေထာက္က်ိဳးဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

ႏူအာဟာ၂၀၁၄ကမာၻ႔ဖလားခ်န္ပီယံဂ်ာမနီအသင္းတြင္ပါဝင္ခဲ့သူျဖစ္ၿပီးဂ်ာမနီရဲ႕ကမာၻ႔ဖလားအုပ္စုပြဲသုံးပြဲလုံးကစားခဲ့သူလည္းျဖစ္ပါတယ္။သူဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းက႐ုရွားကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခဲ့ရတဲ့ဂ်ာမနီအသင္းတြင္လည္းပါဝင္ခဲ့သူျဖစ္ပါတယ္။