ကမ္ဘာ့ဖလားအောင်ပွဲခံနေမှုကြောင့် မက်ဆီကို ကမ္ဘာ့ဖလားလောင်းကြေး ပေါင် ၇၀၀၀ အနိုင်ရမှုကို မေ့နေခဲ့တဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာလောင်းကြေးပေါင်၇၀၀၀အနိုင်ရရှိထားမှုကိုမေ့လျော့လုနီးပါးဖြစ်ခဲ့ပါတယ်။

ကစားသမားဘဝမှအနားယူထားတဲ့ပြီးဖြစ်တဲ့အဂွဲရိုးဟာတနင်္ဂနွေနေ့ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီကတည်းကအာဂျင်တီးနားအသင်းနှင့်ပူးပေါင်းခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကစားဖော်ဟောင်းလီယွန်နယ်မက်ဆီနှင့်အတူတစ်ခန်းတည်းပြန်အိပ်ခဲ့တဲ့အပြင်ဗိုလ်လုပွဲအပြီးတွင်လည်းအာဂျင်တီးနားစတားများနှင့်အတူအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

သူဟာအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုကြောင့်ပေါင်၇၀၀၀လောင်းကြေးအနိုင်ရထားမှုကိုမေ့လျော့လုနီးပါးဖြစ်နေခဲ့ပါတယ်။

အသက်၃၄နှစ်ရှိအဂွဲရိုးဟာမက်ဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲမှာရွှေဘောလုံးဆုရရှိမယ်ဆိုပြီးလောင်းကြေးထပ်ထားတာဖြစ်ပြီးပေါင်၇၀၀၀အနိုင်ရခဲ့ပါတယ်။

သူဟာဒေါ်လာ၁၀၀၁(ပေါင်၈၂၃)လောင်းကြေးထပ်ခဲ့တာဖြစ်ပြီးဒေါ်လာ၈၂၆၄(ပေါင်၆၈၀၀)အနိုင်ရရှိခဲ့ပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၇ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးကာ Golden Ball ဆွတ်ခူးခဲ့ပါတယ်။

ZawGyi







