
ဖီဖာဟာကမ္ဘာ့ဖလားဗိုလ်လုပွဲဆုပေးပွဲအခမ်းအနားသို့ နာမည်ကျော်စားဖိုမှူး Salt Bae မည်သို့ဝင်ရောက်လာခဲ့တယ်ဆိုတာစစ်ဆေးမှုပြုလုပ်လာပါတယ်။
အသက်၃၉နှစ်ရှိနာမည်ကျော်စားဖိုမှူးဟာကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပြင်သစ်ကိုအနိုင်ရရှိကာအာဂျင်တီးနားချန်ပီယံဖြစ်သွားပြီးနောက် အာဂျင်တီးနားစတားများနှင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
သူဟာ FIFA VIP ကတ်ဆွဲထားတာတွေ့ရပြီးမက်ဆီကိုအတင်းနှုတ်ဆက်ကာဓာတ်ပုံရိုက်ကူးမှုကြောင့်တစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်များရဲ့မေတ္တာပို့ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာအခြားအာဂျင်တီးနားစတားများနှင့်လည်းဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။
သူ့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြုအမူကြောင့် အမေရိကန်ရဲ့သက်တမ်းအရင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ US Open Cup သို့တက်ရောက်ခွင့်ပိတ်ပင်ခံထားရပြီးဖြစ်ပါတယ်။
ယခုအခါဖီဖာဟာဖီဖာနှင့်မည်သည့် Commercial Relationship မရှိတဲ့ Salt Bae မှာမည်သို့မည်ပုံ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးကွင်းမြက်ခင်းသို့ ဆင်းနိုင်ခဲ့သလဲဆိုတာစစ်ဆေးမှုပြုလုပ်လာပါတယ်။
Salt Bae ဟာကမ္ဘာ့ဖလားအောင်ပွဲခံမှုသို့တက်ရောက်ရန် ဖီဖာကဖိတ်ကြားထားသူများစာရင်းတွင်မပါဝင်သလိုကွင်းထဲဆင်းခွင့်ရှိသူများတွင်လည်းမပါဝင်ပါဘူး။
ZawGyi
ကမ္ဘာ့ဖလားအောင်ပွဲခံမှု ပါဝင်ခဲ့တဲ့ Salt Bae ရဲ့လုပ်ရပ်ကို ဖီဖာစုံစမ်းစစ်ဆေးလာ