ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှ ထွက်ရပြီးနောက် တောင်ကိုရီးယားနည်းပြဘင်တို နုတ်ထွက်

တောင်ကိုရီးယားနည်းပြပေါ်လိုဘင်တိုဟာမနေ့ညတုန်းကဘရာဇီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှတောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယားနည်းပြရာထူးမှနုတ်ထွက်လာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာပြီးခဲ့တဲ့စက်တင်ဘာလကတည်းကကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်တောင်ကိုရီးယားနည်းပြရာထူးမှထွက်ခွာကာအနားယူရန်စဉ်းစားထားသူလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားဟာမနေ့ညတုန်းကဘရာဇီးနှင့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်လုံးဝယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းမှာပင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပြီး၄-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဘင်တိုက “စက်တင်ဘာလတုန်းကချထားတဲ့ဆုံးဖြတ်ချက်ကိုအဖွဲ့ချုပ်ဥက္ကဌနဲ့ကစားသမားတွေကိုအသိပေးလိုက်ပါပြီ။ဆုံးဖြတ်ချက်ကချပြီးသားပါ။အခုတော့အတည်ပြုလိုက်ပါပြီ”လို့ပြောကြားသွားပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဘင်တိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ရာထူးမှထွက်ခွာလာတဲ့တတိယမြောက်နည်းပြလည်းဖြစ်ပါတယ်။ဘင်တိုမတိုင်မီမက္ကဆီကိုနည်းပြမာတီနိုနှင့်ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်တို့ထွက်ခွာခဲ့ကြပြီးဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလား ၁၆ သင္းအဆင့္မွ ထြက္ရၿပီးေနာက္ ေတာင္ကိုရီးယားနည္းျပဘင္တို ႏုတ္ထြက္

ေတာင္ကိုရီးယားနည္းျပေပၚလိုဘင္တိုဟာမေန႔ညတုန္းကဘရာဇီးကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ကာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္မွေတာင္ကိုရီးယားအသင္း ထြက္ခြာခဲ့ရၿပီးေနာက္ ေတာင္ကိုရီးယားနည္းျပရာထူးမွႏုတ္ထြက္လာခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့စက္တင္ဘာလကတည္းကကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ေတာင္ကိုရီးယားနည္းျပရာထူးမွထြက္ခြာကာအနားယူရန္စဥ္းစားထားသူလည္းျဖစ္ပါတယ္။

ေတာင္ကိုရီးယားဟာမေန႔ညတုန္းကဘရာဇီးႏွင့္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္လုံးဝယွဥ္ၿပိဳင္ႏိုင္ခဲ့ျခင္းမရွိဘဲ ပထမပိုင္းမွာပင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ၿပီး၄-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဘင္တိုက “စက္တင္ဘာလတုန္းကခ်ထားတဲ့ဆုံးျဖတ္ခ်က္ကိုအဖြဲ႕ခ်ဳပ္ဥကၠဌနဲ႔ကစားသမားေတြကိုအသိေပးလိုက္ပါၿပီ။ဆုံးျဖတ္ခ်က္ကခ်ၿပီးသားပါ။အခုေတာ့အတည္ျပဳလိုက္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဘင္တိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ရာထူးမွထြက္ခြာလာတဲ့တတိယေျမာက္နည္းျပလည္းျဖစ္ပါတယ္။ဘင္တိုမတိုင္မီမကၠဆီကိုနည္းျပမာတီႏိုႏွင့္ဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္တို႔ထြက္ခြာခဲ့ၾကၿပီးျဖစ္ပါတယ္။