ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှ ထွက်ရပြီးနောက် အန်းနရစ်ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်ခန့်အပ်လာမဲ့စပိန်

စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှထွက်ရကာကျရှုံးတဲ့ကမ္ဘာ့ဖလားကြုံခဲ့ရပြီးနောက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဟောင်းဦးဆောင်တဲ့စပိန်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်မော်ရိုကိုကိုမိနစ်၁၂၀ကြာဂိုးမသွင်းနိုင်ခဲ့ပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်ပင်နယ်တီတစ်ဂိုးမျှမဝင်ဘဲထွက်ခဲ့ရပါတယ်။

သူဟာစပိန်အသင်းနည်းပြအဖြစ်ဆက်ရှိနေမယ်လို့ယူဆရပေမဲ့လည်းကာတာမှမက်ဒရစ်သို့ပြန်ရောက်လာပြီး၂ရက်အကြာမှာတော့စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

စပိန်အသင်းဟာကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှပင်နယ်တီဖြင့်ထွက်ခဲ့ရပြီးနောက်နိုင်ငံတကာပြိုင်ပွဲကြီးသုံးကြိမ်ဆက်ပင်နယ်တီကြောင့်ထွက်ခဲ့ရတဲ့အသင်းဖြစ်လာပါတယ်။၎င်းတို့ဟာရုရှား၂၀၁၈ကမ္ဘာ့ဖလားနှင့်ယူရို၂၀၂၀ပြိုင်ပွဲတို့တွင်လည်းပင်နယ်တီဖြင့်ရှုံးကာထွက်ခဲ့ရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာနည်းပြရာထူးအတွက်ယူ၂၁နည်းပြလူးဝစ်ဒီဖူအန်တီကိုခန့်အပ်ရန်စီစဉ်နေပါတယ်။

ဖူအန်တီဟာ၂၀၁၃ခုနှစ်ကတည်းကစပိန်လူငယ်အသင်းများကိုကိုင်တွယ်လာသူဖြစ်ပြီး ယူရိုယူ-၁၉ဖလားနှင့်ယူရိုယူ-၂၁ဖလားတို့ဆွတ်ခူးနိုင်အောင်ဦးဆောင်ထားနိုင်ပါတယ်။ဒါ့အပြင်သူဟာတိုကျို၂၀၂၀အိုလံပစ်ပြိုင်ပွဲတုန်းကလည်းငွေတံဆိပ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလား ၁၆ သင္းအဆင့္မွ ထြက္ရၿပီးေနာက္ အန္းနရစ္ကို ထုတ္ပယ္ၿပီးေနာက္ နည္းျပသစ္ခန႔္အပ္လာမဲ့စပိန္

စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္မွထြက္ရကာက်ရႈံးတဲ့ကမာၻ႔ဖလားႀကဳံခဲ့ရၿပီးေနာက္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပေဟာင္းဦးေဆာင္တဲ့စပိန္ဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ေမာ္႐ိုကိုကိုမိနစ္၁၂၀ၾကာဂိုးမသြင္းႏိုင္ခဲ့ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္တြင္ပင္နယ္တီတစ္ဂိုးမွ်မဝင္ဘဲထြက္ခဲ့ရပါတယ္။

သူဟာစပိန္အသင္းနည္းျပအျဖစ္ဆက္ရွိေနမယ္လို႔ယူဆရေပမဲ့လည္းကာတာမွမက္ဒရစ္သို႔ျပန္ေရာက္လာၿပီး၂ရက္အၾကာမွာေတာ့စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။

စပိန္အသင္းဟာကမာၻ႔ဖလားရႈံးထြက္အဆင့္မွပင္နယ္တီျဖင့္ထြက္ခဲ့ရၿပီးေနာက္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးသုံးႀကိမ္ဆက္ပင္နယ္တီေၾကာင့္ထြက္ခဲ့ရတဲ့အသင္းျဖစ္လာပါတယ္။၎တို႔ဟာ႐ုရွား၂၀၁၈ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတို႔တြင္လည္းပင္နယ္တီျဖင့္ရႈံးကာထြက္ခဲ့ရပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာနည္းျပရာထူးအတြက္ယူ၂၁နည္းျပလူးဝစ္ဒီဖူအန္တီကိုခန႔္အပ္ရန္စီစဥ္ေနပါတယ္။

ဖူအန္တီဟာ၂၀၁၃ခုႏွစ္ကတည္းကစပိန္လူငယ္အသင္းမ်ားကိုကိုင္တြယ္လာသူျဖစ္ၿပီး ယူ႐ိုယူ-၁၉ဖလားႏွင့္ယူ႐ိုယူ-၂၁ဖလားတို႔ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာတိုက်ိဳ၂၀၂၀အိုလံပစ္ၿပိဳင္ပြဲတုန္းကလည္းေငြတံဆိပ္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။