ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဂါနာကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

မကြာသေးမီတုန်းကမန်ချက်စတာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဂါနာကိုအနိုင်ရတဲ့ပွဲတွင်ပေါ်တူဂီအသင်းကိုဦးဆောင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာပထမပိုင်းတွင်ဂိုးသွင်းယူခဲ့ပေမဲ့လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့လည်းဒုတိယပိုင်းမှာတော့ဂါနာနောက်ခံလူတစ်ဦးကသူ့ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်ရရှိတဲ့ပင်နယ်တီကနေ ပွဲချိန်၆၅မိနစ်မှာဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအတွက်ဦးဆောင်ဂိုးသွင်းယူပြီးနောက် သူ့ရဲ့နာမည်ကျော် SIUU ဂိုးသွင်းအောင်ပွဲခံမှုဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ယင်းဂိုးဟာယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာလွန်ခဲ့တဲ့၁၆နှစ်တုန်းကဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ကမ္ဘာ့ဖလား၅ကြိမ်လုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုကပေါ်တူဂီအတွက်ဦးဆောင်ဂိုးသွင်းယူပြီးနောက်အင်ဒရေအယောက၇၃မိနစ်မှာဂါနာအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

ဒါပေမဲ့ချက်ချင်းဆိုသလိုဖီးလစ်ကမိနစ်အနည်းငယ်အကြာမှာပေါ်တူဂီအတွက်ဦးဆောင်ဂိုးထပ်သွင်းခဲ့သလိုရာဖေးလ်လီယိုကသူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားဂိုးအဖြစ်တတိယဂိုးသွင်းခဲ့ပါတယ်။ဂါနာအတွက်ဒုတိယချေပဂိုးကိုပွဲပြီးခါနီးမှာဘူကီရီက သွင်းယူခဲ့ပါတယ်။ဘူကီရီဟာဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ SIUU အောင်ပွဲခံမှုဖြင့်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒိုကဆွတ်ခူးသွားခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလား ၅ ႀကိမ္ဆက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမား ျဖစ္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဂါနာကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။

မၾကာေသးမီတုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဂါနာကိုအႏိုင္ရတဲ့ပြဲတြင္ေပၚတူဂီအသင္းကိုဦးေဆာင္ခဲ့ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာပထမပိုင္းတြင္ဂိုးသြင္းယူခဲ့ေပမဲ့လူကြၽံေဘာအျဖစ္သတ္မွတ္ခံခဲ့ရေပမဲ့လည္းဒုတိယပိုင္းမွာေတာ့ဂါနာေနာက္ခံလူတစ္ဦးကသူ႔ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္ရရွိတဲ့ပင္နယ္တီကေန ပြဲခ်ိန္၆၅မိနစ္မွာဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအတြက္ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္ သူ႔ရဲ႕နာမည္ေက်ာ္ SIUU ဂိုးသြင္းေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ယင္းဂိုးဟာယခုကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပထမဆုံးဂိုးလည္းျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလြန္ခဲ့တဲ့၁၆ႏွစ္တုန္းကဂ်ာမနီကမာၻ႔ဖလားၿပိဳင္ပြဲတြင္အီရန္ႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔ဖလား၅ႀကိမ္လုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကေပၚတူဂီအတြက္ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္အင္ဒေရအေယာက၇၃မိနစ္မွာဂါနာအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုဖီးလစ္ကမိနစ္အနည္းငယ္အၾကာမွာေပၚတူဂီအတြက္ဦးေဆာင္ဂိုးထပ္သြင္းခဲ့သလိုရာေဖးလ္လီယိုကသူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားဂိုးအျဖစ္တတိယဂိုးသြင္းခဲ့ပါတယ္။ဂါနာအတြက္ဒုတိယေခ်ပဂိုးကိုပြဲၿပီးခါနီးမွာဘူကီရီက သြင္းယူခဲ့ပါတယ္။ဘူကီရီဟာဂိုးသြင္းယူၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ SIUU ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။

အဆိုပါပြဲစဥ္တြင္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို ခရစၥတီယာႏိုေရာ္နယ္ဒိုကဆြတ္ခူးသြားခဲ့ပါတယ္။