ကမ္ဘာ့လုပ်ခအများဆုံးဘောလုံးသမား ၁၀ ဦးစာရင်းထွက်ပေါ်လာ

ပီအက်စ်ဂျီကစားသမားသစ်စူပါစတားလီယွန်နယ်မက်ဆီဟာခရစ္စတီယာနိုရော်နယ်ဒိုကိုကျော်ဖြတ်ကာကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားနိုင်တဲ့လီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်ချုပ်ဆိုခဲ့တဲ့လေးနှစ်စာချုပ်တုန်းကပေါင်၄၇၀(ယူရိုသန်း၅၅၅)ရရှိခဲ့သူလည်းဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာနှင့်လုပ်ခ၅၀ရာခိုင်နှုန်းလျှော့ချကာစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရခဲ့ပေမယ့်လည်းလာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းကြောင့်ထွက်ခွာခဲ့ရပါတယ်။

အသက်၃၄နှစ်ရှိကစားသမားဟာဘာစီလိုနာမှထွက်ခွာပြီးနောက်ရက်အနည်းငယ်အကြာတွင်ပီအက်စ်ဂျီနှင့်၂နှစ်စာချုပ်(တစ်နှစ်သက်တမ်းတိုးနိုင်တဲ့အချက်ပါဝင်)ချုပ်ဆိုခဲ့ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရမက်ဆီဟာပီအက်စ်ဂျီဟာအခွန်ဆောင်ပြီးတစ်နှစ်လုပ်ခယူရို၂၅သန်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။

ယနေ့မှာ Radio Times ရဲ့ဖော်ပြချက်အရမက်ဆီဟာသူ့ရဲ့မဟာပြိုင်ဘက်ရော်နယ်ဒိုကိုကျော်ဖြတ်ကာကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်းသိရပါတယ်။

မက်ဆီဟာတစ်ပတ်လုပ်ခပေါင်၉၆၀၀၀၀ဖြင့်ကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေပြီးဂျူဗင်တပ်စတားခရစ္စတီယာနိုရော်နယ်ဒိုကတစ်ပတ်လုပ်ခပေါင်၉၀၀၀၀၀ဖြင့်ဒုတိယနေရာမှာရပ်တည်ထားနိုင်ပါတယ်။

တတိယနေရာမှာနေမာကတစ်ပတ်လုပ်ခပေါင်၆၀၈၀၀၀ဖြင့်လည်းကောင်း၊စတုတ္ထနေရာမှာလူးဝစ်ဆွာရက်ဇ်(အက်သလက်တီကို)နှင့်ဂရက်ဇ်မန်း(ဘာကာ)တို့ကတစ်ပတ်လုပ်ခပေါင်၅၇၅၇၀၀၀ဖြင့်စတုတ္ထနှင့်ပဥ္စမနေရာတို့တွင်လည်းကောင်းရပ်တည်နေပါတယ်။

အဆင့်၆နေရာမှာဂါရတ်ဘေးလ်ကပေါင်၅၀၀၀၀၀ဖြင့်လည်းကောင်း၊အဆင့်၇နေရာတွင်ဘက်ပေးကပေါင်၄၁၀၀၀၀ဖြင့်လည်းကောင်း၊အဆင့်၈နေရာမှာကီဗင်ဒီဘရိုင်းကပေါင်၃၈၅၀၀၀ဖြင့်လည်းကောင်း၊အဆင့်၉နေရာမှာဒီဂီယာကပေါင်၃၇၅၀၀၀ဖြင့်လည်းကောင်း၊အဆင့်၁၀နေရာတွင်လီဝန်ဒေါ့စကီးကပေါင်၃၅၀၀၀၀ဖြင့်လည်းကောင်းရပ်တည်နေတာတွေ့ရပါတယ်။

ZawGyi

ကမာၻ႔လုပ္ခအမ်ားဆုံးေဘာလုံးသမား ၁၀ ဦးစာရင္းထြက္ေပၚလာ

ပီအက္စ္ဂ်ီကစားသမားသစ္စူပါစတားလီယြန္နယ္မက္ဆီဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေက်ာ္ျဖတ္ကာကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားႏိုင္တဲ့လီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္ခ်ဳပ္ဆိုခဲ့တဲ့ေလးႏွစ္စာခ်ဳပ္တုန္းကေပါင္၄၇၀(ယူ႐ိုသန္း၅၅၅)ရရွိခဲ့သူလည္းျဖစ္ပါတယ္။

မက္ဆီဟာဘာစီလိုနာႏွင့္လုပ္ခ၅၀ရာခိုင္ႏႈန္းေလွ်ာ့ခ်ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရခဲ့ေပမယ့္လည္းလာလီဂါရဲ႕ဘ႑ာေရးစည္းမ်ဥ္းေၾကာင့္ထြက္ခြာခဲ့ရပါတယ္။

အသက္၃၄ႏွစ္ရွိကစားသမားဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပီအက္စ္ဂ်ီႏွင့္၂ႏွစ္စာခ်ဳပ္(တစ္ႏွစ္သက္တမ္းတိုးႏိုင္တဲ့အခ်က္ပါဝင္)ခ်ဳပ္ဆိုခဲ့ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာပီအက္စ္ဂ်ီဟာအခြန္ေဆာင္ၿပီးတစ္ႏွစ္လုပ္ခယူ႐ို၂၅သန္းရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။

ယေန႔မွာ Radio Times ရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာသူ႔ရဲ႕မဟာၿပိဳင္ဘက္ေရာ္နယ္ဒိုကိုေက်ာ္ျဖတ္ကာကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ဆက္လက္ရပ္တည္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

မက္ဆီဟာတစ္ပတ္လုပ္ခေပါင္၉၆၀၀၀၀ျဖင့္ကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနၿပီးဂ်ဴဗင္တပ္စတားခရစၥတီယာႏိုေရာ္နယ္ဒိုကတစ္ပတ္လုပ္ခေပါင္၉၀၀၀၀၀ျဖင့္ဒုတိယေနရာမွာရပ္တည္ထားႏိုင္ပါတယ္။

တတိယေနရာမွာေနမာကတစ္ပတ္လုပ္ခေပါင္၆၀၈၀၀၀ျဖင့္လည္းေကာင္း၊စတုတၳေနရာမွာလူးဝစ္ဆြာရက္ဇ္(အက္သလက္တီကို)ႏွင့္ဂရက္ဇ္မန္း(ဘာကာ)တို႔ကတစ္ပတ္လုပ္ခေပါင္၅၇၅၇၀၀၀ျဖင့္စတုတၳႏွင့္ပၪၥမေနရာတို႔တြင္လည္းေကာင္းရပ္တည္ေနပါတယ္။

အဆင့္၆ေနရာမွာဂါရတ္ေဘးလ္ကေပါင္၅၀၀၀၀၀ျဖင့္လည္းေကာင္း၊အဆင့္၇ေနရာတြင္ဘက္ေပးကေပါင္၄၁၀၀၀၀ျဖင့္လည္းေကာင္း၊အဆင့္၈ေနရာမွာကီဗင္ဒီဘ႐ိုင္းကေပါင္၃၈၅၀၀၀ျဖင့္လည္းေကာင္း၊အဆင့္၉ေနရာမွာဒီဂီယာကေပါင္၃၇၅၀၀၀ျဖင့္လည္းေကာင္း၊အဆင့္၁၀ေနရာတြင္လီဝန္ေဒါ့စကီးကေပါင္၃၅၀၀၀၀ျဖင့္လည္းေကာင္းရပ္တည္ေနတာေတြ႕ရပါတယ္။