
အဝေးကွင်းပွဲအများစုကခရီးရှည်သွားပြီးကစားရလေ့ရှိပါတယ်။ဒါပေမဲ့အသင်းတစ်သင်းကတော့ပွဲတစ်ပွဲကစားဖို့အရေး တောင်ပစ္စဖိတ်သို့မိုင်တစ်သောင်းကျော်ခရီးနှင်ပြီးသွားခဲ့ရပါတယ်။
ပြင်သစ်စတုတ္ထတန်းကလပ် ASM Belfort ဟာ Coupe de France ပွဲစဉ်မှာတဟီတီအခြေစိုက် AS Venus နှင့်ရင်ဆိုင်တွေ့ခဲ့ပါတယ်။
Belfort ဟာ Coupe de France သတ္တမအဆင့်ပွဲစဉ်ကိုလေယာဉ်ခရီး၁၅နာရီကြာစီးပြီးသွားခဲ့ရပါတယ်။
Belfortဟာ၎င်းတို့ရဲ့ခရီးစဉ်နှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာဓာတ်ပုံများနှင့်ဗီဒီယိုများတင်သွားတာတွေ့ရပါတယ်။
၎င်းတို့ဟာလေယာဉ်ခရီးကို Economy အတန်းကနေ အခြားခရီးသည်များနှင့်အတူသွားရောက်ခဲ့တာဖြစ်ပါတယ်။
၎င်းတို့ဟာတဟီတီကျွန်းသို့၁၅နာရီကြာကစားသွားရမှုနဲ့အတူ အပြန်ခရီးကိုလည်း၁၅နာရီကြာခရီးနှင်ရမှာဖြစ်လို့ ခရီးအသွားအပြန်နာရီ၃၀ကြာမြင့်ပါတယ်။
တဟီတီကျွန်းအခြေစိုက် AS Venus အနေဖြင့် Belfort ကိုအနိုင်ရခဲ့မယ်ဆိုရင်နောက်တဆင့်မှာလီဂူး၁အသင်းတစ်သင်းနှင့်ရင်ဆိုင်ကစားခွင့်ရရှိလာပါမယ်။
တဟီတီကFrench Polynesia ကျွန်းများရဲ့အစိတ်အပိုင်းထဲကတစ်ခုဖြစ်ပြီး နယူးဇီလန်အရှေ့မြောက်ပိုင်း ပစ္စဖိတ်သမုဒ္ဒရာအလယ်တွင်တည်ရှိတဲ့ကျွန်းဖြစ်ပါတယ်။
တဟီတီကျွန်းမှာဘိုရာဘိုရာကျွန်းကဲ့သို့နာမည်ကျော်အပန်းဖြေခရီးထွက်ရာကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။
ZawGyi
ကမ္ဘာ့ဟိုဖက်ခြမ်း တောင်ပစ္စဖိတ်ရှိ တဟီတီကျွန်းသို့ မိုင် ၁၀၀၀၀ ခရီးနှင်ကာ ရှုံးထွက်ပွဲကစားခဲ့ရတဲ့ ပြင်သစ်ကလပ် Belfort