
အဲလက်စ်အိုင်ဝိုဝီဟာကမ္ဘာ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်စာရင်းတွင်အဆင့်၇နေရာမှာရပ်တည်နေပါတယ်။သူဟာကီဗင်ဒီဘရိုင်း၊လီယွန်နယ်မက်ဆီတို့ရဲ့နောက်တွင်ရပ်တည်နေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်စာရင်းတွင်မန်စီးတီးစတားကီဗင်ဒီဘရိုင်းကနံပါတ်တစ်နေရာမှာရပ်တည်ပြီးဦးဆောင်နေပါတယ်။
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်စာရင်းရဲ့ထိပ်ဆုံးသုံးဦးစာရင်းတွင် ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီနှင့်အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်တို့အံ့ဩသင့်ဖွယ်မရှိပါဝင်နေပါတယ်။
နံပါတ်၄နေရာမှာယူနိုက်တက်ကွင်းလယ်ဖန်တီးရှင်ခရစ္စတီယန်အဲရစ်ဆင်ရပ်တည်နေပြီးနံပါတ်၅နေရာမှာဘာစီလိုနာကွင်းလယ်ကစားသမားပီဒရီရပ်တည်နေပါတယ်။
အဆင့်၆နေရာမှာဘိုင်ယန်မြူးနစ်စတားဂျာမယ်မူစီယာလာကရပ်တည်ပြီးအဆင့်၇နေရာမှာအဲဗာတန်စတားအဲလက်စ်အိုင်ဝိုဝီရပ်တည်နေပါတယ်။
နံပါတ်၈နေရာမှာအေစီမီလန်စတားဟာကန်ကယ်ဟန်နိုဂလူရပ်တည်နေသလိုအဆင့်၉နေရာမှာဖီယင်နုရဲ့အော်ကန်ကိုကူရပ်တည်နေပါတယ်။နံပါတ်၁၀နေရာမှာတော့လိုင်ရီယန့်ရဲ့အန်ဇိုလာဖီးကရပ်တည်နေပါတယ်။
အိုင်ဝိုဝီဟာအာဆင်နယ်တွင်ညာတောင်ပံကစားသမားအဖြစ်စတင်ခဲ့ပေမဲ့လည်း၂၀၁၉ခုနှစ်တွင်အဲဗာတန်သို့ပေါင်၃၄သန်းဖြင့်ပြောင်းရွှေ့ပြီးနောက် အန်ဆယ်လော့တီလက်အောက်မှာညာတောင်ပံနောက်ခံလူအဖြစ်ကစားခဲ့ရပါတယ်။
ဒါပေမဲ့သူဟာဖရန့်လမ်းပတ်လက်အောက်မှာတော့ကွင်းလယ်ဖန်တီးရှင်အဖြစ်ပြောင်းကစားရပြီးယင်းနေရာတွင်ထိပ်တန်းခြေစွမ်းဖြင့်ကစားနေပါတယ်။
ZawGyi
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္စာရင္းတြင္ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနတဲ့ အဲဗာတန္စတားအိုင္ဝိုဝီ
အဲလက္စ္အိုင္ဝိုဝီဟာကမာၻ႔အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္စာရင္းတြင္အဆင့္၇ေနရာမွာရပ္တည္ေနပါတယ္။သူဟာကီဗင္ဒီဘ႐ိုင္း၊လီယြန္နယ္မက္ဆီတို႔ရဲ႕ေနာက္တြင္ရပ္တည္ေနတာလည္းျဖစ္ပါတယ္။
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္စာရင္းတြင္မန္စီးတီးစတားကီဗင္ဒီဘ႐ိုင္းကနံပါတ္တစ္ေနရာမွာရပ္တည္ၿပီးဦးေဆာင္ေနပါတယ္။
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္စာရင္းရဲ႕ထိပ္ဆုံးသုံးဦးစာရင္းတြင္ ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီႏွင့္အာဆင္နယ္အသင္းေခါင္းေဆာင္မာတင္အိုဒီဂတ္တို႔အံ့ဩသင့္ဖြယ္မရွိပါဝင္ေနပါတယ္။
နံပါတ္၄ေနရာမွာယူႏိုက္တက္ကြင္းလယ္ဖန္တီးရွင္ခရစၥတီယန္အဲရစ္ဆင္ရပ္တည္ေနၿပီးနံပါတ္၅ေနရာမွာဘာစီလိုနာကြင္းလယ္ကစားသမားပီဒရီရပ္တည္ေနပါတယ္။
အဆင့္၆ေနရာမွာဘိုင္ယန္ျမဴးနစ္စတားဂ်ာမယ္မူစီယာလာကရပ္တည္ၿပီးအဆင့္၇ေနရာမွာအဲဗာတန္စတားအဲလက္စ္အိုင္ဝိုဝီရပ္တည္ေနပါတယ္။
နံပါတ္၈ေနရာမွာေအစီမီလန္စတားဟာကန္ကယ္ဟန္ႏိုဂလူရပ္တည္ေနသလိုအဆင့္၉ေနရာမွာဖီယင္ႏုရဲ႕ေအာ္ကန္ကိုကူရပ္တည္ေနပါတယ္။နံပါတ္၁၀ေနရာမွာေတာ့လိုင္ရီယန႔္ရဲ႕အန္ဇိုလာဖီးကရပ္တည္ေနပါတယ္။
အိုင္ဝိုဝီဟာအာဆင္နယ္တြင္ညာေတာင္ပံကစားသမားအျဖစ္စတင္ခဲ့ေပမဲ့လည္း၂၀၁၉ခုႏွစ္တြင္အဲဗာတန္သို႔ေပါင္၃၄သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ အန္ဆယ္ေလာ့တီလက္ေအာက္မွာညာေတာင္ပံေနာက္ခံလူအျဖစ္ကစားခဲ့ရပါတယ္။
ဒါေပမဲ့သူဟာဖရန႔္လမ္းပတ္လက္ေအာက္မွာေတာ့ကြင္းလယ္ဖန္တီးရွင္အျဖစ္ေျပာင္းကစားရၿပီးယင္းေနရာတြင္ထိပ္တန္းေျခစြမ္းျဖင့္ကစားေနပါတယ္။